ဒီရောဂါက မပီးဆုံးနိုင်တော့ဘူးလားဗျာ…ဆိုးဆိုးရွားရွား ထပ်ဖြစ်နေပြန်ပီတဲ့

News

ထိုင်းမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၂၈ ဦးအထိမြင့်တက်၊ စင်ကာပူမှာလည်း ၃ ဦးသေဆုံးပြီးတစ်ရက်တည်း ကူးစက်သူ တစ်သောင်းခွဲကျော်ထိရှိကြောင်း သိရပါတယ်။

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်ကြောင့်သေဆုံးသူ ၂၈ ဦးအထိ မြင့်လာပြီး အာဆီယံမှာဆိုရင်တော့ စင်ကာပူနိုင်ငံမှာ သေဆုံးသူ ၃ ဦးရှိခဲ့ပါတယ်။

ထိုင်းမှာ အရင်နေ့က သေဆုံးသူ ၂၅ ဦးပဲ ရှိရာကနေ ဒီနေ့ ဇူလိုင်လ ၁၄ ရက်မှာ သေဆုံးသူ ၂၈ ဦးအထိ မြင့်တက်သွားတာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ထိုင်းနိုင်ငံရော၊ စင်ကာပူနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ အတည်ပြုလူနာဟာ နေ့စဥ် ထောင်ချီရှိနေဆဲဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှုဟာ ပြီးခဲ့တဲ့ရက်တွေတုန်းကထက်စာရင် နှစ်နိုင်ငံစလုံးမှာ ကူးစက်နှုန်း သိသိသာသာ မြင့်တက်လာတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်အတည်ပြုလူနာသစ် ၁၃ ဦးရှိတယ်လို့ စစ်ကောင်စီလက်အောက် ကျန်းမာရေး၀န်ကြီးဌာနကကြေညာပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရက်စ် မျိုးကွဲ အိုမီခရွန်ရဲ့ မျိုးဇီဗကွဲဖြစ်တဲ့ BA.4 နဲ့ BA.5 တို့ကို ပြည်ပက ပြန်လာသူတွေမှာတွေ့ရှိထားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ သံသယပိုးတွေ့လူနာတွေကို ရောဂါပိုးရှိ မရှိ စစ်ဆေးတာကို ဇွန်လကုန်ပိုင်းအတည်းက ပြုလုပ်ခဲ့ပြီး ပိုးတွေ့ရှိခဲ့တာဖြစ်ပေမဲ့ သီတင်းတစ်ပတ်ကျော်ကြာမှ သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ – Reuters/EPA
လေးစားစွာဖြင့် Credit – ဘီဘီစီ

Zawgyi Version ဖြင့်ဖတ်ရန်

ဒီရောဂါက မပီးဆုံးနိုင်တော့ဘူးလားဗျာ…ဆိုးဆိုးရွားရွား ထပ်ဖြစ်နေပြန်ပီတဲ့

ထိုင်းမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၂၈ ဦးအထိမြင့်တက်၊ စင်ကာပူမှာလည်း ၃ ဦးသေဆုံးပြီးတစ်ရက်တည်း ကူးစက်သူ တစ်သောင်းခွဲကျော်ထိရှိကြောင်း သိရပါတယ်။

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်ကြောင့်သေဆုံးသူ ၂၈ ဦးအထိ မြင့်လာပြီး အာဆီယံမှာဆိုရင်တော့ စင်ကာပူနိုင်ငံမှာ သေဆုံးသူ ၃ ဦးရှိခဲ့ပါတယ်။

ထိုင်းမှာ အရင်နေ့က သေဆုံးသူ ၂၅ ဦးပဲ ရှိရာကနေ ဒီနေ့ ဇူလိုင်လ ၁၄ ရက်မှာ သေဆုံးသူ ၂၈ ဦးအထိ မြင့်တက်သွားတာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ထိုင်းနိုင်ငံရော၊ စင်ကာပူနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ အတည်ပြုလူနာဟာ နေ့စဉ် ထောင်ချီရှိနေဆဲဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှုဟာ ပြီးခဲ့တဲ့ရက်တွေတုန်းကထက်စာရင် နှစ်နိုင်ငံစလုံးမှာ ကူးစက်နှုန်း သိသိသာသာ မြင့်တက်လာတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်အတည်ပြုလူနာသစ် ၁၃ ဦးရှိတယ်လို့ စစ်ကောင်စီလက်အောက် ကျန်းမာရေးဝန်ကြီးဌာနကကြေညာပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရက်စ် မျိုးကွဲ အိုမီခရွန်ရဲ့ မျိုးဇီဗကွဲဖြစ်တဲ့ BA.4 နဲ့ BA.5 တို့ကို ပြည်ပက ပြန်လာသူတွေမှာတွေ့ရှိထားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ သံသယပိုးတွေ့လူနာတွေကို ရောဂါပိုးရှိ မရှိ စစ်ဆေးတာကို ဇွန်လကုန်ပိုင်းအတည်းက ပြုလုပ်ခဲ့ပြီး ပိုးတွေ့ရှိခဲ့တာဖြစ်ပေမဲ့ သီတင်းတစ်ပတ်ကျော်ကြာမှ သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဓာတ္ပုံ – Reuters/EPA
လေးစားစွာဖြင့် Credit – ဘီဘီစီ

Leave a Reply

Your email address will not be published.