လူတိုင်းသည် အလုပ်တစ်ခုကို နေ့စဥ်လုပ်ကိုင်နေကြရမှာဖြစ်ပါတယ်။




သို့သော်လည်း အလုပ်အပေါ်တွင် တာဝန်သိသော လူငယ်များအတွက် ဘဝတိုးတက်လမ်းတွေဟာ အမြဲတမ်းပွင့်လင်းနေခဲ့မှာဖြစ်ပါတယ်။




ယခုတွင်လည်း တရုတ်နိုင်ငံ Jiangsuမြို့တွင် ရေဒီယိုနှင့်ရုပ်မြင်သံကြားဋ္ဌာနတစ်ခုမှ သတင်းတင်ဆက်သူလူငယ်လေး၏ ကြိုးစားမှုဟာ နိုင်ငံတစ်ဝှမ်း၏ချီးကျူးမှုတွေကို ခံခဲ့ရပါတယ်။




လူငယ်လေးဟာ သတင်းတင်ဆက်နေရင်း သူ၏ကျန်းမာရေး အခြေအနေကြောင့် နှာခေါင်းသွေးယိုလျှံလာခဲ့ပါတယ်။




သာမန်လူတွေဆိုလျှင် နှာခေါင်းသွေးတွေကို သုတ်ပစ်ဖို့ကြိုးစားမှာဖြစ်သော်လည်း လူငယ်လေးကတော့ ဟန်မပျက်ပင် သတင်းတွေကို ဆက်လက်တင်ဆက်ပေးနေခဲ့တာဖြစ်ပါတယ်။




တာဝန်အပေါ်သိတတ်သည့် လူငယ်လေး၏ကြိုးစားမှုဟာ အတော်လေးစားဖို့ကောင်းလှပါတယ်။




Shoon (Cele Daily)
Zawgyi
သတင်းတင်ဆက်နေရင်းက ရောဂါအခြေအနေကြောင့် နှာခေါင်းသွေးယိုလာခဲ့သော်လည်း အစီအစဉ်တွေမပျက်သွားစေရန် နှာခေါင်းသွေးပင်မသုတ်ဘဲ အလုပ်ဆက်လုပ်နေခဲ့သည့် လေးစားဖွယ် လူငယ်တစ်ဦး




























Shoon (Cele Daily)
Crd