မင်္ဂလာပွဲကျင်းပနေချိန် လူအများရှေ့မှာပဲ ကြမ်းပြင်ပေါ်လဲချပြီးတော့ သတို့သမီးဖြစ်သူကိုပိုချစ်ကြောင်း သက်သေပြလိုက်သည့် သတို့သား




လောကကြီးရှိ လူသားတို့သည် လူတစ်ယောက်ကို ချစ်မိသွားတဲ့အခါ အနိုင်ယူခြင်းထက် အရှုံးပေးတတ်ကြပြီး စကားနဲ့




ထုတ်မပြောပေမယ့်လည်း အပြုအမူလေးတွေက အရမ်းချစ်တာကို ဖော်ပြတတ်ကြသည်။




သို့ဖြစ်၍ တောင်ကိုရီးယားနိုင်ငံမှ ချစ်သူစုံတွဲနှစ်ဦးသည် အချိန်တော်ကြာတွဲလာပြီးနောက် နှစ်ဖက်မိဘသဘောတူညီ




ချက်နဲ့ မင်္ဂလာပွဲလေးကျင်းပခဲ့ရာတွင် သတို့သားဖြစ်သူရဲ့ လုပ်ရပ်ကြောင့် လူမှုကွန်ယက်ထိပါ နာမည်ကြီးလာခဲ့သည်။




သူတို့လူမျိုးရဲ့ ထုံးစံအရ ဇနီးမောင်နှံနှစ်ဦးမှာ မင်္ဂလာပွဲကျင်းပရာတွင် တစ်ယောက်ကိုတစ်ယောက် အရိုအသေပေးရ




ပြီး ဦးညွှတ်ရာ၌ ပိုချစ်တဲ့သူက ပိုပြီးတော့နိမ့်ကျစွာ ဦးညွှတ်ရကာ သတို့သားဖြစ်သူသည် သတို့သမီးအား နှိုင်းယဥ်မ




ရအောင်ပိုပြီးတော့ချစ်ကြောင်းပြသရန် အောက်ကြမ်းပြင်ထိပါ လဲလျောင်းချခဲ့သည်။




သတို့သားရဲ့ လုပ်ရပ်ကြောင့် မင်္ဂလာပွဲလာသူများကလည်း ထပ်တူကြည်နူးမိကာ သူ့ရဲ့အပြုအမူလေးက သတို့သမီးလေးအပေါ် အချစ်တွေပိုစေတာကို ထင်ရှားစေခဲ့သည်။




Rain (For Ialinks)
Crd