ကြက်သားကာလသားဟင်းချက်နည်း

Food

ကြက်သားကာလသားဟင်းပါဝင်ပစ္စည်းများကြက်သားရင်ပုံသား ၄၈၀ ဂရမ် (အနေတော် အတုံးလေးတွေ လှီးထားပါ) (ကျန်းမာရေးနဲ့ ညီညွတ်စေရန် အရေခွံဖယ်ထားတဲ့ ကြက်သားရင်ပုံသားကို သုံးပါမယ်)


ဘူးသီး ၂၅၀ ဂရမ် (အနေတော်လှီးထားပါ)ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ (ဟင်းချက်ရန်အတွက်)ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း (အသားနယ်ရာတွင် သုံးရန်)


နံနံပင် ၃ ပင် (ခပ်ကြီးကြီးလှီးထားပါ)ကြက်ပြုတ်ရည် ၁ ခွက် ခွဲ
သစ်ကြံပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းဟင်းအနှစ်အတွက်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲကြက်သွန်နီ ၃ လုံး (နုပ်နုပ်စဥ်းထားပါ)


ကြက်သွန်ဖြူ ၃ စိတ် (နုပ်နုပ်စဥ်းထားပါ)နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲအရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းချင်း ၁ လက်မ (နုပ်နုပ်စဥ်းထားပါ)


ချက်ပြုတ်ပြင်ဆင်ပုံပန်းကန်လုံးတစ်လုံးထဲမှာ ကြက်သားတုံးလေးများထည့်ပြီး ခနောကြက်သားမှုန့်၊ ဆား၊ သစ်ကြံပိုးခေါက်မှုန့်တို့နဲ့ နယ်ပြီး ၁၅ မိနစ်ခန့် နှပ်ထားပေးပါ။ဒယ်အိုးကို မီးပြင်းပြင်းနဲ့ အပူပေးထားပါ


ဟင်းအနှစ်အတွက် လိုအပ်တဲ့ အမည်အားလုံးကို ထည့်ပြီး ဆီသတ်ပေးပါ။ ပြီးရင် နှပ်ထားတဲ့ ကြက်သားတုံးလေးတွေ ထည့်ပြီး ၅ မိနစ်ကနေ ၈ မိနစ်ခန့် မွှေပေးပါ။ကြက်သားထဲ အရသာဝင်အောင် သေချာမွှေပေးပါ။


ပြီးရင် ကြက်ပြုတ်ရည်ထည့်ပြီး ပွက်အောင် တည်ထားပါ။ ပွက်လာတဲ့အခါ ဘူးသီးတုံးလေးတွေ ရောပေးပါ။ဘူးသီးတွေ မကြေအောင် ဖွဖွမွှေပေးပါ။ ဟင်းရည်ပျစ်သွားရင် ရေထပ်ထည့်ပေးပါ။ပြီးရင်တော့ ပူပူနွေးနွေးလေးသုံးဆောင်နိုင်ပါပြီ။

ထမင်းနဲ့ သုံးဆောင်နိုင်သလို ဆန်လုံးညို ဒါမှမဟုတ် အစေ့အဆန်ပါဝင်တဲ့ ပေါင်မုန့်တို့နဲ့ အရသာရှိရှိတွဲဖက်သုံးဆောင်နိုင်ပါတယ်။

Leave a Reply

Your email address will not be published.