အမေစု အကျဥ်းထောင်တွင်း နေထိုင်ရတဲ့ အခြေအနေ…

News

အမေစု အကျဥ်းထောင်တွင်း နေထိုင်ရတဲ့ အခြေအနေ…

စီးပှားရေးလုပငြနြးရှငြ ဦးမောငဝြိတထြံက အမရေိကနဒြေါလြာ ငါးသိနြးခှဲ လကခြံခဲ့တယဆြိုပှီး အဂတိနှဈခုနဲ့ စှဲဆိုခံထားရတဲ့ ဒေါအြောငဆြနြးစုကှညကြ ဒီအမှု နှဈခုကို ခွဖကွေပြေးဖို့

ပှညထြောငစြုတရားလှှတတြောခြွုပထြံ ဒီနေ့ ဇူလိုငြ ၁၃ ရကမြှာ ခွဖကွေခြှင့ြ တငလြိုကတြယလြို့ တရားရုံးနဲ့နီးစပတြဲ့အသိုငြးအဝိုငြးက သိရပါတယြ။

ဒီအမှုနှစ်မှုကို ပြီးခဲ့တဲ့လပိုင်းကစလို့ စတင်စစ်ဆေးခဲ့တာဖြစ်ပြီး လက်ရှိမှာ တရားလိုပြသက်သေတွေကို စစ်ဆေးနေတုန်းလို့ သိရပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်တွေ ချမှတ်ထားတဲ့ ပို့ကုန်သွင်းကုန်အမှု၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ အမှု၊ တစ်ခါ သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၂၅ နဲ့စွဲဆိုမှု ၂ မှုတို့ကို

မနျတလေးတိုငြးတရားလှှတတြောထြံ ပှငဆြငမြိနြ့တကထြားပှီး ဒီပှငဆြငမြိနြ့တှနေဲ့ပတသြကလြို့ ဇူလိုငြ ၂၅ ကနေ ဇူလိုငြ ၂၉ ထိ အမှုခေါစြာရငြးထှကထြားတယလြို့ တရားရုံးအသိုငြးအဝိုငြးနဲ့နီးစပသြူတှကေ ပှောပါတယြ။

“ဒီအမိန့်ချထားပြီးသား အမှု လေးမှုလုံးက မြို့နယ်အဆင့်တရားခွင်က ချခဲ့လို့ ခရိုင်အဆင့်ကိုအယူခံတက်ခဲ့တယ်။ ခရိုင်မှာပယ်ချခံရလို့ တိုင်းဒေသကြီးလွှတ်တော်ကို ပြင်ဆင်မှု ဆက်တက်တာပါ။

သမ္မတကြီးလည်း ပြင်ဆင်မိန့်တက်ထားပါတယ်။ အမိန့်ချထားပြီးသားအမှုပါပဲ”လို့နီးစပ်သူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်အကျဥ်းထောင်တွင်းမှာ ပြောင်းရွှေ့ချုပ်နှောင်ခံထားရတာ သတင်းသုံးပတ်ကျော်လာပြီဖြစ်ပေမဲ့

ကျန်းမာရေးလည်းကောင်းမွန်သလို ကြုံလာရတဲ့အခြေအနေကိုလည်းတည်တည်ငြိမ်ငြိမ်ဖြတ်သန်းနေတယ်လို့ သိရပါတယ်။

ဒီနေ့ဇူလိုင် ၁၃ ရက်မှာ ထောင်၀င်စာပစ္စည်းတချို့ကိုပို့ခဲ့ရပေမဲ့ ဧည့်တွေ့ခွင့်လုံး၀မရှိကြောင်းလည်းနီးစပ်သူတွေကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို တစ်ပတ်မှာ တနင်္လာ ၊ ဗုဒ္ဓဟူးနဲ့သောကြာ သုံးရက် ထောင်၀င်စာပို့ခွင့်ရတယ်လို့လည်းသိရပါတယ်။

“လူချင်းတော့တွေ့ခွင့်မရဘူး။ ရုံးချိန်းရှိတဲ့နေ့တွေတော့တွေ့ခွင့်ရတယ်လို့သိရတယ်။ အန်တီက အသီးအနှံလေးတွေမှာတယ်။ သူက အများကြီးလည်းမစားနိုင်ဘူး၊

သူမှာတဲ့ သင်္ဘောသီး၊ သရက်သီးနဲ့ ဖီးကြမ်းငှက်ပျောသီး လေးတွေ ပို့ခွင့်ရတယ်။ ထောင်မှာရေခဲသေတ္တာတော့မရှိဘူး။ အဲကွန်းလည်းမရှိဘူး။ ခြင်တော့မကိုက်ဘူး၊ ခြင်ထောင်ပေးတယ်ပြောပါတယ်။

အဆင်ပြေတယ်။ အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်ပါပဲ” လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။

လာမယ့် ဇူလိုင် ၁၅ ရက် သောကြာနေ့မှာတော့ ရွေးကောက်ပွဲကော်မရှင်အပေါ်မလျော်သြဇာသုံးတယ်ဆိုပြီး စွဲချက်တင်ခံထားရတဲ့ ပုဒ်မ ၁၃၀(က) အမှုမှာ

စွပ်စွဲခံရသူအဖြစ် ဒေါ်အောင်ဆန်းစုကြည်ထွက်ဆိုဖို့ရှိတယ်လို့လည်း သိရပါတယ်။

ခရက်ဒစ် – ဘီဘီစီ

Zawgyi Version ဖြင့်ဖတ်ရန်

အမေစု အကျဉ်းထောင်တွင်း နေထိုင်ရတဲ့ အခြေအနေ…

စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ထံက အမေရိကန်ဒေါ်လာ ငါးသိန်းခွဲ လက်ခံခဲ့တယ်ဆိုပြီး အဂတိနှစ်ခုနဲ့ စွဲဆိုခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီအမှု နှစ်ခုကို ချေဖျက်ပေးဖို့

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ ဒီနေ့ ဇူလိုင် ၁၃ ရက်မှာ ချေဖျက်ခွင့် တင်လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။

ဒီအမှုနှစ်မှုကို ပြီးခဲ့တဲ့လပိုင်းကစလို့ စတင်စစ်ဆေးခဲ့တာဖြစ်ပြီး လက်ရှိမှာ တရားလိုပြသက်သေတွေကို စစ်ဆေးနေတုန်းလို့ သိရပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်တွေ ချမှတ်ထားတဲ့ ပို့ကုန်သွင်းကုန်အမှု၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ အမှု၊ တစ်ခါ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၂၅ နဲ့စွဲဆိုမှု ၂ မှုတို့ကို

မန္တလေးတိုင်းတရားလွှတ်တော်ထံ ပြင်ဆင်မိန့်တက်ထားပြီး ဒီပြင်ဆင်မိန့်တွေနဲ့ပတ်သက်လို့ ဇူလိုင် ၂၅ ကနေ ဇူလိုင် ၂၉ ထိ အမှုခေါ်စာရင်းထွက်ထားတယ်လို့ တရားရုံးအသိုင်းအဝိုင်းနဲ့နီးစပ်သူတွေက ပြောပါတယ်။

“ဒီအမိန့်ချထားပြီးသား အမှု လေးမှုလုံးက မြို့နယ်အဆင့်တရားခွင်က ချခဲ့လို့ ခရိုင်အဆင့်ကိုအယူခံတက်ခဲ့တယ်။ ခရိုင်မှာပယ်ချခံရလို့ တိုင်းဒေသကြီးလွှတ်တော်ကို ပြင်ဆင်မှု ဆက်တက်တာပါ။

သမ္မတကြီးလည်း ပြင်ဆင်မိန့်တက်ထားပါတယ်။ အမိန့်ချထားပြီးသားအမှုပါပဲ”လို့နီးစပ်သူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်အကျဉ်းထောင်တွင်းမှာ ပြောင်းရွှေ့ချုပ်နှောင်ခံထားရတာ သတင်းသုံးပတ်ကျော်လာပြီဖြစ်ပေမဲ့

ကျန်းမာရေးလည်းကောင်းမွန်သလို ကြုံလာရတဲ့အခြေအနေကိုလည်းတည်တည်ငြိမ်ငြိမ်ဖြတ်သန်းနေတယ်လို့ သိရပါတယ်။

ဒီနေ့ဇူလိုင် ၁၃ ရက်မှာ ထောင်ဝင်စာပစ္စည်းတချို့ကိုပို့ခဲ့ရပေမဲ့ ဧည့်တွေ့ခွင့်လုံးဝမရှိကြောင်းလည်းနီးစပ်သူတွေကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို တစ်ပတ်မှာ တနင်္လာ ၊ ဗုဒ္ဓဟူးနဲ့သောကြာ သုံးရက် ထောင်ဝင်စာပို့ခွင့်ရတယ်လို့လည်းသိရပါတယ်။

“လူချင်းတော့တွေ့ခွင့်မရဘူး။ ရုံးချိန်းရှိတဲ့နေ့တွေတော့တွေ့ခွင့်ရတယ်လို့သိရတယ်။ အန်တီက အသီးအနှံလေးတွေမှာတယ်။ သူက အများကြီးလည်းမစားနိုင်ဘူး၊

သူမှာတဲ့ သင်္ဘောသီး၊ သရက်သီးနဲ့ ဖီးကြမ်းငှက်ပျောသီး လေးတွေ ပို့ခွင့်ရတယ်။ ထောင်မှာရေခဲသေတ္တာတော့မရှိဘူး။ အဲကွန်းလည်းမရှိဘူး။ ခြင်တော့မကိုက်ဘူး၊ ခြင်ထောင်ပေးတယ်ပြောပါတယ်။

အဆင်ပြေတယ်။ အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်ပါပဲ” လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။

လာမယ့် ဇူလိုင် ၁၅ ရက် သောကြာနေ့မှာတော့ ရွေးကောက်ပွဲကော်မရှင်အပေါ်မလျော်သြဇာသုံးတယ်ဆိုပြီး စွဲချက်တင်ခံထားရတဲ့ ပုဒ်မ ၁၃၀(က) အမှုမှာ

စွပ်စွဲခံရသူအဖြစ် ဒေါ်အောင်ဆန်းစုကြည်ထွက်ဆိုဖို့ရှိတယ်လို့လည်း သိရပါတယ်။

ခရက်ဒစ် – ဘီဘီစီ

Leave a Reply

Your email address will not be published.