လစာကောင်းသောကုမ္ပဏီတွေရဲ့ ကမ်းလှမ်းခြင်းများစွာကိုခံရသော်လည်း အဖိုးအဖွားကိုပြုစုစောင့်ရှောက်ချင်လို့ မွေးရပ်မြေရွာလေးဆီမှာပဲ ကျောင်းဆရာအဖြစ်တာဝန်ထမ်းဆောင်နေသော လူငယ်လေး

Lifestyle





Rain (For Ialinks)

Unicode

လစာကောင်းသောကုမ္ပဏီတွေရဲ့ ကမ်းလှမ်းခြင်းများစွာကိုခံရသော်လည်း အဖိုးအဖွားကိုပြုစုစောင့်ရှောက်ချင်လို့ မွေးရပ်မြေရွာလေးဆီမှာပဲ ကျောင်းဆရာအဖြစ်တာဝန်ထမ်းဆောင်နေသော လူငယ်လေး

တရုတ်နိုင်ငံ Guangxiပြည်နယ် Beihaiရှိ အသက်၂၄နှစ်အရွယ် ကောင်လေးတစ်ဦးသည် ငယ်စဥ်က မိဘနှစ်ပါးမှကွာရှင်းပြတ်စဲသွား၍ ညီမလေးဖြစ်သူနဲ့ အဖိုးအဖွားရဲ့ ပြုစုစောင့်ရှောက်မှုအောက်မှာ ကြီးပြင်းခဲ့ရသည်။

သူတို့မောင်နှမနှစ်ယောက်ကို ကျွေးမွေးဖို့ အဖိုးအဖွားတွေမှာ မှိုရှာရန်တောင်ပေါ်အဆင်းအတက်လုပ်ခဲ့ရပြီး ဟင်းသီးဟင်းရွက်များကိုလည်း ပင်ပင်ပန်းပန်း စိုက်ပျိုးကာ နေ့နေ့ညညအလုပ်ကြိုးစားခဲ့ရသည်။

ကောင်လေးသည် ငယ်စဥ်လေးတည်းက မိသားစုအပေါ် သိတတ်၍ စာကြိုးစားခဲ့ရာ ပညာသင်ဆုတွေရရှိပြီး အခမဲ့ထောက်ပံ့ကြေးငွေတွေနဲ့ ကျောင်းပြီးအောင်တက်ခဲ့ရပြီး မွေးရပ်မြေလေးဆီမှာပဲ ကျောင်းဆရာပြန်လုပ်ရန် လျှောက်ထားခဲ့သည်။

ကောင်လေးသည် ကုမ္ပဏီများစွာက လစာကောင်းကောင်းပေးပြီး အလုပ်ခန့်ရန်ကမ်းလှမ်းကြပေမယ့် အသက်ကြီးပြီဖြစ်သော အဖိုးအဖွားကို အနီးကပ်ပြုစုစောင့်ရှောက်ပေးဖို့အတွက်နဲ့ မွေးရပ်မြေကလေးတွေကို ဖွံ့ဖြ်ုးတိုးတက်အောင် ကူညီပေးလို၍ ထိုအလုပ်များကိုလည်း ငြင်းဆန်ခဲ့သည်။

Rain (For Ialinks)

Crd

Leave a Reply

Your email address will not be published.