Breaking News – ကိုဗစ်၁၉ ရောဂါ အထူးသတိပေး ထုတ်ပြန်ချက်…

News

မှနမြာ့အိမနြီးခငွြး ထိုငြးနိုငငြံမှာတော့ ပှီးခဲ့တဲ့ ၂၄ နာရီအတှငြး ကိုဗဈကှောင့သြဆေုံးသူ ၂၈ ဦးအထိ မှင့လြာပှီး









BBC Burmese



Credit

====================

Zawgyi

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်ကြောင့်သေဆုံးသူ ၂၈ ဦးအထိ မြင့်လာပြီး

အာဆီယံမှာဆိုရင်တော့ စင်ကာပူနိုင်ငံမှာ သေဆုံးသူ ၃ ဦးရှိခဲ့ပါတယ်။

ထိုင်းမှာ အရင်နေ့က သေဆုံးသူ ၂၅ ဦးပဲ ရှိရာကနေ ဒီနေ့ ဇူလိုင်လ ၁၄ ရက်မှာ သေဆုံးသူ ၂၈ ဦးအထိ မြင့်တက်သွားတာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ထိုင်းနိုင်ငံရော၊ စင်ကာပူနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ အတည်ပြုလူနာဟာ နေ့စဉ် ထောင်ချီရှိနေဆဲဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှုဟာ ပြီးခဲ့တဲ့ရက်တွေတုန်းကထက်စာရင် နှစ်နိုင်ငံစလုံးမှာ ကူးစက်နှုန်း သိသိသာသာ မြင့်တက်လာတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်အတည်ပြုလူနာသစ် ၁၃ ဦးရှိတယ်လို့ စစ်ကောင်စီလက်အောက် ကျန်းမာရေးဝန်ကြီးဌာနကကြေညာပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရက်စ် မျိုးကွဲ အိုမီခရွန်ရဲ့ မျိုးဇီဗကွဲဖြစ်တဲ့ BA.4 နဲ့ BA.5 တို့ကို ပြည်ပက ပြန်လာသူတွေမှာတွေ့ရှိထားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ သံသယပိုးတွေ့လူနာတွေကို ရောဂါပိုးရှိ မရှိ စစ်ဆေးတာကို ဇွန်လကုန်ပိုင်းအတည်းက ြပြုလုပ်ခဲ့ပြီး

ပိုးတွေ့ရှိခဲ့တာဖြစ်ပေမဲ့ သီတင်းတစ်ပတ်ကျော်ကြာမှ သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

BBC Burmese

ဓာတ်ပုံ – Reuters/EPA

#ဘီဘီစီမြန်မာပိုင်း #ထိုင်း #စင်ကာပူ #မြန်မာ #ကိုဗစ် #ကူးစက်မှု

Credit

Leave a Reply

Your email address will not be published.