#တနင်္ဂနွေ
ဒီကာလများတွင် မိမိစိတ်ထဲရည်စူးထားတာတွေပြည့်၀လာတတ်ပါတယ်။ မမျှော်လင့်ပဲ ယာဉ်၊ ကားများဝင် လာမည်။
ကားအလဲအထပ်ကိစ္စများလဲဆောင်ရွက်လို့ကောင်းပါတယ်။ပညာရေးတွင်စိတ်ပျံ့လွင့်မှုမရှိလျှင် ထွန်းပေါက် အောင်မြင်လာမည်။
ကြံစည်ထားသော ရည်မှန်းချက်များ အောင်မြင်ရန် လမ်းစများ ပေါ်ပေါက်လာမည်။ကျန်းမာရေး တွင်သွားကိုက်ခြင်း၊




သွေးတိုး၊ ဆီးရောဂါ၊ ထုံနာကျဉ်နာရောဂါများနှင့် အကြော အဆစ်ကိုက်ခဲခြင်း၊ ရောဂါများ ခံစား ရကိန်း ရှိပါသည်။အခြား ကံအကျိုးပေးကောင်းမည်။
မိဘများရဲ့ကျန်းမာရေးပူပန်ရခြင်းများရှိနေတတ်ပါတယ်။ အလုပ် အကိုင်သစ် တိုးချဲ့ လုပ် ကိုင်၍ စီးပွားတိုးတတ်ခြင်းများ ကြုံတွေ့ရတတ်သည်။
အိမ်၊ ခြံ၊ မြေ ရောင်းဝယ်၊ ရင်းနှီးမြှုပ်နှံ မှုတို့မှ အကျိုး အမြတ်ကောင်းများ ရရှိခံစားရနိုင်ပါသည်။




အတိုက်အခံများနှင့် ယှဉ်၍ ရာထူးတိုးတတ်ခြင်းများ ဖြစ် ပေါ်လာပါ လိမ့်မည်။
လူငယ် တွေဆိုပညာရေးနှင့်အချစ်ရေး များရောထွေးနေခြင်းများကြုံနေရတတ်ပါသည်။ နှလုံး သား မှ ဖူးပွင့်လာသော မေတ္တာ ရေးကိစ္စများ
မည်သို့ပင် အခက် အခဲကြုံလာစေကာမူ အဆင်ပြေလိမ့်မည်။ အိမ်ထောင် ရေး ကိစ္စများထင်ထားသည် ထက်ပိုမိုအဆင်ပြေနိုင်ပါသည်။
အဆင်မပြေတဲ့ အိမ်ထောင်ရေးတွေ ပြန်ပြေလည်မှုတွေ ရလာတတ်ပါတယ်။




အကျိုးပေးဂဏန်း ၄/၅/၈
အထူးဟော ကျန်းမာရေးတော့ ဒီအပတ်ဂရုစိုက်ကြပါ။
ယတြာ လက်ဖက်ထမင်းလေးဘုရားကပ်လှူပါ။
#တနင်္လာ
ဒီကာလအတွင်းဝင်စရာရှိသောငွေတွေအကုန်ဝင်လာမယ်။ ရပ်ဝေးကမိတ်ဆွေများ၊ဆွေမျိုးများရဲ့ အထောက် အပံ့ ရလွယ်တဲ့ကာလပါ။
လုပ်ငန်းကိစ္စများအတွက် အောင်မြင်မှုများ ရရှိမည်။လူစုလူဝေးနှင့် ပွဲလမ်းသဘင်အပျော် အပါးများ စိတ်ဝင်စားမှုကို ရှောင်သင့်သည်။




အနောက်အရပ်သို့ ရေလမ်းခရီးသွားလာခြင်း ရှောင်ကြဉ်ပါ။ အစစ အရာရာ အဆင်ပြေလာပြီး မိမိ၏ အောင်မြင်မှုပန်းတိုင်ကို ဆွတ်ခူးနိုင်ပေလိမ့်မည်။
လျှပ်စစ်ပစ္စည်း၊ ဆက်သွယ်ရေး ပစ္စည်းများ ရောင်းဝယ်ခြင်း၊ စက်သုံးဆီရောင်းဝယ်ခြင်းလုပ်ငန်း၊ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်ခြင်း ကောင်းမည်။
လူမျိုးကွဲ၊ လူမျိုးခြားများနှင့် ဆက်ဆံရေးများ အကျိုးပေးမည်။ စာချုပ်၊ စာတမ်းများနှင့် ကျောက်မျက် ရတနာ၊
ဖုန်း နှင့် ရွှေထည်၊ ငွေထည်ပစ္စည်းများ ကျပျောက်တတ်ပါသည်။ပျိုရွယ်သူများ အချစ်ရေးနှင့် ပတ်သက်၍ စန်းပွင့်နေ လိမ့်မည်။




အချစ်ရေးတွင် မိတ်ဆွေသူငယ်ချင်းသဖွယ် ရင်းနှီးသူများနှင့် မေတ္တာရေးကိစ္စများ ပေါ်ပေါက်လာတတ်ပါ သည်။
စေ့စပ်ခြင်းဖြစ်စေ၊ မိဘများအသိအမှတ်ပြုလာခြင်းများ ရှိမည်။
အိမ်ထောင်ရှင်များ သားသမီးများအတွက် စိတ်ပူနေရတတ်သည်။ သို့သော် ပျော်ရွှင်မှုများဖြင့် သာယာသောအိမ်ထောင်ရေး ဖြစ်ပေါ်လာမည်။
ပညာရေးတွင် မိမိ၏ကြိုး ပမ်းမှုကြောင့် ထူးထူးခြားခြား တိုးတတ်အောင်မြင်လာမည်။ သင်တန်းဆရာကောင်းများနှင့်ဆုံရသင်ခွင့်ရ လာမဲ့ကာလလဲဖြစ်သည်။
အကျိုးပေးဂဏန်း ၂/၆/၉




အထူးဟော ကံအကောင်းလေးတွေများမဲ့ကာလပါပဲ။
ယတြာ ဘုရားရှင်ကိုရေသပ္ပယ်ပြီး ကော်ဖီတစ်ခွက်ကပ်လှူလိုက်ပါ။
#အင်္ဂါ
ဒီကာလများအတွင်း အမှတ်ရစရာအနေအထားလေးများကြုံရမယ်။မိမိလုပ်ငန်းကို ပိုမိုsafeဖြစ်အောင် ဆောင်ရွက်သွားနိုင်မဲ့ကာလပဲဖြစ်ပါတယ်။
နေရာသစ်၊ ဝန်းကျင်သစ်များသို့ ပြောင်းရွှေ့လုပ်ကိုင်ရတတ်သည်။ဂုဏ် သတင်း ကျော် ဇောခြင်း၊ ဂုဏ်ထူး၊ ဘွဲ့ထူး ချီးမြှင့်ခြင်း၊ ရာထူးတတ်ကိန်းများ ရှိမည်။
အောက်လက်ငယ်သား တွေက ထင်သ လောက် အားမကိုးရလို့ စိတ်ညစ်ရတတ်ပါတယ်။ လခစားများ မိမိအလုပ်ကိုပဲလုပ်ပါ။
သူများအလုပ်တွေ ဝင်ရောက်စွက်ဖက်ရာကနေ ပြဿနာတွေတိုးလာတတ်ပါတယ်။ မရည်ရွယ်ဘဲ ဘာသာရေးကိစ္စများ လုပ်ကိုင် ဆောင်ရွက်ရခြင်းများ ကြုံတွေ့နေရမည်။




ရည်စားဟောင်း၏ အနှောက်အယှက်များကြောင့် မိန်းကလေးများ စိတ်ရှုပ် ရတတ်ပါသည်။
ငွေကြေး ကိစ္စ များကောင်းပေမဲ့ ငွေအတွက်မှားပြီးပေးမိတာမျိုးဖြစ်တတ်လို့ သတိနှင့်ယှဉ်ပြီး လုပ်ကိုင်ရမည်။ တစ်ဦးထက်ပိုသော အချစ်ရေးကိစ္စများ ခံစားတွေ့ကြုံရမည်။
မမျှော် လင့်ပဲ စေ့စပ်ကြောင်းလမ်းခြင်း များ ရှိမည်။ အိမ်ထောင်ရှင်များ မပြေမလည်ဖြစ်နေရတတ်ပါသည်။
သို့သော် သား သမီးရတနာများအတွက် သတင်းကောင်းများ ကြားရမည့်အချိန်ကာလဖြစ်သည်။
ပညာရေးတွင်အစပိုင်း၌ ကြိုးစား အားထုတ်မှုကောင်းပြီး နောက်ပိုင်းတွင် အပေါင်းအသင်းများကြောင့် မိမိရည်မှန်းချက်များနှင့် ဝေးကွာရ တတ်သည်။




ကျန်းမာရေးတွင် ဗိုက်အောင့်ဗိုက်နာခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများကြုံတွေ့ရတတ်သည်။
အကျိုးပေးဂဏန်း ၆/၇/၀
အထူးဟော မိမိအလုပ်တွေကိုသာစိတ်နှစ်လုပ်ကိုင်ခြင်းဖြင့်အောင်မြင်မှုပိုရမယ်။
ယတြာ သစ်တော်သီးဘုရားကပ်ပါ။
#ဗုဒ္ဓဟူး/ရာဟု
ဒီကာလများအတွင်း လောင်းကစားဒိုင်များ၊ဥပဒေနဲ့မလွတ်ကင်းတဲ့သူများသတိထားသင့်သလို လခစား ဝန်ထမ်းများ
တစို့လက်ဆောင်တွေလက်ခံမိရင် တော့ဒုက္ခရောက်နိုင်ပါတယ်။ဥပဒေနဲ့ မလွတ်ကင်း တာမှန်သမျှ ရှောင်လိုက်ပါ။
ကောင်းမှုကုသိုလ်၊ အလှူအတန်းများ ပြုလုပ်ရမည်။ သားသမီးနှင့် ပတ်သက်သော သတင်းစကား ကောင်း များ ကြားသိရမည်။
ပွဲရုံလုပ်ငန်း၊ အနုပညာနှင့် ပတ်သက်သောလုပ်ငန်းများ ပညာရေးဝန်ဆောင်မှုလုပ်ငန်း တို့နှင့် အကျိုးပေးမည်။
အလုပ်စီးပွားများ တိုးတတ်မည်။ စီးပွားရေးနယ်ပယ်မှာ ပါးနပ် လိမ္မာဖို့လိုပါတယ်။စီးပွား ရေးကိုခေတ်နဲ့အညီပြောင်းလဲပါ။
နည်းပညာနဲ့စတင်ပေါင်းစပ်လုပ်ကိုင်ပါ။ အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ခြင်း၊ ရင်းနှီး မြှုပ်နှံခြင်းတို့မှ အကျိုးအမြတ်ကြီးများ ရရှိမည်။
အစုရှယ်ယာ၊ စတော့ရှယ်ယာတို့မှ အကျိုး အမြတ်များ ရရှိမည်။ မိတ်သစ်၊ ဆွေသစ်တိုးပွားမည်။ အပေါင်းအသင်းနှင့် မိသားစုပြဿနာများကြောင့်
မိမိရည်မှန်း ချက်များ နှောင့်နှေးနေ ရတတ်ပါသည်။ ကျန်းမာရေးတွင် အစာအိမ်ရောဂါ၊ လည်ချောင်းနာခြင်း၊ အဖျားအနာ များနှင့်




ခေါင်း ကိုက် ခြင်း ဝေဒနာ များ ခံစားရတတ်ပါသည်။
အပြန်အလှန် နားလည်ခွင့်လွှတ်မှုတို့ကြောင့် ချစ်မှုရေးရာ သည် သာယာ ကြည်နူးရ နိုင်မည်။ ပညာရေးတွင် ကြိုးစား လေ့လာလျှင် ပြည်တွင်းသာမက
ပြည်ပတွင် ကျောင်းဝင်ခွင့်လျှောက်ထား၊ ဖြေထား သည် များမှ သတင်းကောင်းကြားပြီး ထွန်းပေါက် အောင်မြင် နိုင်ပါသည်။
အကျိုးပေးဂဏန်း ၁/၇/၀
အထူးဟော ရိုးသားပါလို့ မှာချင်ပါတယ်။
ယတြာ အုန်းနို့ဆန်ပြုတ်ဘုရားကပ်လှူပါ
#ကြာသပတေး
ဒီကာလများသည် မိသားစုအမွေကိစ္စများ အဆင်ပြေလာမည်။ ကာလအတန်ကြာ မတွေ့သော မိတ်ဆွေ ရင်းခြာတို့နှင့် ပြန်လည်ဆုံတွေ့ရမည်။
အပြိုင်အဆိုင်များကြားမှ ပင်ကိုယ်စွမ်းရည်ကြောင့် တိုးတတ်အောင်မြင်သော ဘဝကို ရရှိနိုင်ပါသည်။




ကြွေးဟောင်း၊ ငွေဟောင်းများ၊ လက်လွန်ထားသည်များ ပြန်လည်တောင်းခံရရှိနိုင်ပါသည်။ စိတ်ထဲရှိ နေတဲ့ အတွေးတွေက လက်တွေ့အကောင်အထည်ဖော်သင့်ပါတယ် ။
ဝန်ထမ်းလခစားများ နေရာ ကောင်း ရခြင်း ၊ပညာအသစ်တွေသင်ရခြင်းမျိုးတွေကြုံရလိမ့်မယ်။
စပ်တူအလုပ်များညှိနှိုင်းရခက်တဲ့အခြေအနေလေးတွေပေါ် ပေါက်လာတတ်ပါတယ်။
ကျန်းမာရေးတွင် ခေါင်းကိုက်ခဲခြင်း၊ လေရောဂါ၊ ထုံနာ ကျဉ်နာရောဂါများ အရေပြားရောဂါ များ ခံစားရတတ် ပါသည်။ နာတာရှည်ရောဂါများ ဝင်လာတတ်ပါသည်။
မျက်စိ ဝေဒနာများ ခံစားရစေနိုင်ပါသည်။ လူမှုရေးကိစ္စတွေ၊ ပရဟိတကိစ္စတွေဆောင် ရွက်နေရတဲ့အတွက်မိမိ လုပ်လက်စ အလုပ်တွေနှောင့်နှေးရတတ်ပါ တယ်။
မမျှော်လင့်ဘဲ မထင်မှတ်ထားသောသူနှင့် မတော်တဆ ချစ်သူဖြစ်ကိန်း ရှိ နေပါသည်။
ပညာရေးတွင် မိမိကြိုး စားမှု စွမ်းအားကြောင့် ရည်မှန်းချက်များ အောင်မြင်မည်။ စစ်မှန်သော အချစ် ရေး၊ မေတ္တာရေး၊ နှလုံးသားရေးရာကိစ္စ များ ကြုံတွေ့ရနိုင်ပါသည်။
အိမ်ထောင်ရေးကံညံ့နေတာမျိုးမရှိနိုင်သေးပါ။
အကျိုးပေးဂဏန်း ၁/၂/၅
အထူးဟော ကံသင့်ပါတယ်။
ယတြာ ဒီအပတ် သရဏဂုံ ၃ပါးရွတ်ပွားပူဇော်ပါ။
#သောကြာ
ဒီကာလများတွင် ကုန်ပစ္စည်းများ ရင်းနှီးမြှုပ်နှံထားနိုင်လျှင် အကျိုးအမြတ်များ ခံစားရကိန်းရှိပါသည်။
မိမိ၏ လုပ်ငန်းခွင်အတွင်း မတော်တဆထိခိုက်မှုများပေါ်ပေါက်တတ်ပါသည်။ မည်သည့်ကိစ္စကို ဆောင်ရွက် ထားသည် ဖြစ်စေ မိမိကြိုးစားထားတာဆိုရင်
သေချာပေါက်အောင်မြင်မှုများ ရရှိမည်။
ဘုရားဖူးခရီးများသွားလာခြင်း၊ ခရီးတို၊ ခရီးရှည်သွားရကိန်းများ ရှိနေ ပါ သည်။ အရှေ့တောင်အရပ်သို့ ရေလမ်းခရီးသွားလာခြင်းများ ရှောင်ကျဉ်ပေးပါ။
နည်းပညာနှင့်ဆက်နွယ်သောအလုပ်များခေတ်ရှေ့ပြေးသောကိစ္စများတွင် ထူးခြားစွာအောင်မြင်ခြင်းများ ရှိမည်။
ကိုယ်ပိုင်အလုပ်စီးပွားများ ပြိုင်ဘက်များက မိမိအားနည်းချက်ကို စောင့် ကြည့်နေတာမို့အရာရာကို သတိနှင့် ဆောင် ရွက်ရမည်။
အိမ်၊ ခြံ၊ မြေရောင်းဝယ်ခြင်း၊ ပုလဲ နှင့်ငါးမွေးမြူရေး လုပ်ငန်း၊စားသောက်ကုန် ထုတ်လုပ်မှုလုပ်ငန်းများမှ ဝင်ငွေများရရှိနိုင်ပါသည်။
ပျိုရွယ်သူများ အချစ်ရေးတွင်အသေးစားပြဿနာများကို အကျယ်ချဲ့၍ ပဋိပက္ခဖြစ်ခြင်း များဖြင့် လမ်းခွဲရခြင်းများ ကြုံမည်။
အိမ်ထောင်ရေးတွင် အသိုင်း အဝိုင်းဆွေမျိုးစကားများကြောင့် အိမ်ထောင်ရေး အထင်အမြင်လွဲမှုများပေါ်ပေါက်လာတတ်ပါသည်။




ပညာရေး တွင်ဝီရိယအကျိုးကိုခံစားရကိန်းများ ရှိနေပါသည်။ လုပ်ငန်းစာမေးပွဲဖြေဆိုခြင်းများ အဆင့် မြင့် အောင် မြင် ခြင်း များ ရရှိစေပါသည်။
အကျိုးပေးဂဏန်း ၂/၃/၆
အထူးဟော စီးပွားရေးလုပ်ငန်းများခေတ်မှီအောင် ကြိုးစားလုပ်ကိုင်ပါ။
ယတြာ ကြက်သွန်များ သီလရှင်ကိုလောင်းလှူပေးပါ။
#စနေ
ဒီကာလများအတွင်း စိတ်တိုင်းမကျစရာလေးများဖြစ်နေတတ်ပါတယ်။မိသားစုအတွင်းလဲဘယ်သူကိုမှ အကောင်းမမြင်နိုင်ဖြစ်နေလိမ့်မယ်။
ကိုယ့်သားသမီးတွေကိုလဲ အော်ဟစ်ဆူပူမိနေတတ်ပါတယ်။ အတူနေသူများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် စကားအခြေအတင်ဖြစ်ရတတ်ပါတယ်။
မိမိတတ်သိထားတဲ့ပညာတွေကိုလဲ ဝေမျှပေးလို့ အထူး ကောင်း ပါတယ်။
လုပ်ငန်းသစ်များ၊ နေရာအပြောင်းအလဲလုပ်ကိုင်ရန် ဆန္ဒရှိသည့်အတိုင်း ဆောင်ရွက် လုပ် ကိုင် ရတတ်သည်။
မိမိ ဩဇာအာဏာလွမ်းမိုးနိုင်အောင် အထူးဆောင်ရွက်ရမည်။
ဆွေမျိုးမိတ်သင်္ဂဟများအတွက် ကူညီစောင့်ရှောက်မှုများ ပေး ရတတ်ပါသည်။ စက်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများ၊ ရတနာပစ္စည်းများ ဝင်လာ တတ်ပါသည်။
ညီအစ်ကို မောင်နှမများအချင်းချင်း ရန်စကားပြောဆိုခြင်းများ တွေ့ကြုံရ တတ်ပါသည်။
မိမိမိသားစု အတွက် အိုးအိမ်၊ တိုက်တာ၊ အဆောက်အဦးများ အသစ်ဆောက်လုပ်ရတတ်သည်။
မည်သည့်ကိစ္စကို ဆောင်ရွက်စေ အခက်အခဲကြုံပြီးမှသာအဆင်ပြေမှု ရရှိနိုင် ပါသည်။
ပျိုရွယ်သူများ အချစ်ကို ဖွင့်ပြောရခက်လေပြီး နှုတ်နှေးနေ ခြင်းကြောင့် တစ်ပါးသူလက်သို့ ချစ်သူပါသွား တတ်သည်။
အိမ်ထောင်ရှင်များ နှစ်ဖက်ဆွေမျိုးသားချင်း များအတွက် ငွေကြေးနှင့် လူမှုရေးအပူသောကများ ဝင်ရောက်နေရတတ်ပါသည်။




ပညာရေးတွင် အသက်မွေးဝမ်းကျောင်း ပညာရပ် များ ဂရုတစိုက် လေ့လာသင်ယူသင့်သည်။
အကျိုးပေးဂဏန်း ၃/၄/၀
အထူးဟော အနည်းငယ်ကံညံ့နေနိုင်ပါတယ်။
ယတြာ စတုမဓူတစ်ဘူး လူကြီးမိဘတွေကိုလှူဒါန်းလိုက်ပါ။
၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
0977 5555 695
09 44 5555 695
Credit