အသက်(37)နှစ်နဲ့ ကလေး(11)ယောက်ကိုမွေးဖွားခဲ့ပီး၊ (12)ယောက်မြောက်ကိုယ်ဝန်လွယ်ထားပြီဖြစ်တဲ့ အမျိုးသမီးရဲ့ကြီးမားတဲ့မိသားစုအကြောင်း

Lifestyle

USA ,New Mexico, Santa Fe Country မှာနေထိုင်တဲ့ Courtney နဲ့ Chris Roger ဆိုတဲ့ဇနီးမောင်နှံနှစ်ဦးဟာ၊ခလေး(11)ယောက်ရဲ့မိဘများဖြစ်ပီး၊ယခုအခါ(12)ယောက်မြောက်ခလေးလေးကိုပိုင်ဆိုင်တော့မှာပဲဖြစ်ပါတယ်။

၎င်းတို့ခလေးအားလုံးရဲ့အမည်ကို ‘C’ နဲ့စတဲ့နာမည်လေးတွေမှည့်ထားပေးတယ်လို့သိရပါတယ်။၎င်းတို့ဇနီးမောင်နှံနဲ့သားသမီးတွေဟာ၊ March လမှာမွေးဖွားလာတော့မဲ့ခလေးငယ်ကိုရင်ခုန်စွာစောင့်ဆိုင်းနေခဲ့ကြတယ်လို့ဆိုပါတယ်။


၎င်းတို့ဇနီးမောင်နှံမှာခလေးတွေအားလုံးကို၊သွားလေရာတိုင်းတစ်ပါတည်းခေါ်ဆောင်သွားနိုင်မဲ့(15)ယောက်စီး van ကားလဲရှိတယ်လို့ဆိုပါတယ်။

ခလေးတွေဟာတစ်ယောက်နဲ့တစ်ယောက်အရွယ်လဲမတမ်းမယိမ်းတာကြောင့်၊အဖော်ရပီးအရမ်းလဲချစ်တတ်ကြတဲ့မောင်နှမတွေဖြစ်တယ်လို့ဆိုပါတယ်။

ယခုလိုကလေးများလာရတာကလဲ၊ခလေးတွေကတောင်းဆိုလို့မွေးရင်းမွေးရင်းယခုလိုအများအပြားဖြစ်လာခဲ့တာလို့ဆိုပါတယ်။

သူမရဲ့မိသားစုပုံတွေကိုလဲ၊နေ့စဉ်သူမရဲ့ IG မှာမျှဝေလေ့ရှိပီးအမျိုးသမီးများကသူမရဲ့ကြီးမားတဲ့မိသားစုကြီးကိုအားကျနေခဲ့ကြလို့၊ negative ကောမန့်တွေမရရှိခဲ့ဘူးလို့သိရပါတယ်။

Unicode

အသက်(37)နှစ်နဲ့က လေး(11)ယောက်ကိုမွေးဖွားခဲ့ပီး၊(12)ယောက်မြောက်ကိုယ်ဝန်လွယ်ထားပီဖြစ်တဲ့အမျိုးသမီးရဲ့ကြီးမားတဲ့မိသားစုအကြောင်း

USA ,New Mexico, Santa Fe Country မှာနေထိုင်တဲ့ Courtney နဲ့ Chris Roger ဆိုတဲ့ဇနီးမောင်နှံနှစ်ဦးဟာ၊

ကလေး(11)ယောက်ရဲ့မိဘများဖြစ်ပီး၊ ယခုအခါ(12)
ယောက်မြောက်ကလေးလေးကိုပိုင်ဆိုင်တော့မှာပဲဖြစ်ပါတယ်။

၎င်းတို့ကလေးအားလုံးရဲ့အမည်ကို ‘C’ နဲ့စတဲ့နာမည်လေးတွေ မှည့်ထားပေးတယ်လို့ သိရပါတယ်။

၎င်းတို့ဇနီးမောင်နှံနဲ့သားသမီးတွေဟာ၊ March လမှာမွေးဖွားလာတော့မဲ့ ကလေးငယ်ကိုရင်ခုန်စွာစောင့်ဆိုင်းနေခဲ့ကြတယ်လို့ဆိုပါတယ်။

၎င်းတို့ဇနီးမောင်နှံမှာ ကလေးတွေအားလုံးကို၊ သွားလေရာတိုင်းတစ်ပါတည်းခေါ်ဆောင်သွားနိုင်မဲ့(15)ယောက်စီး van ကားလဲရှိတယ်လို့ဆိုပါတယ်။

ကလေးတွေဟာတစ်ယောက်နဲ့တစ်ယောက်အရွယ်လဲမတမ်းမယိမ်းတာကြောင့်၊ အဖော်ရပီးအရမ်းလဲချစ်တတ်ကြတဲ့မောင်နှမတွေဖြစ်တယ်လို့ဆိုပါတယ်။

ယခုလိုကလေးများလာရတာကလဲ၊ ကလေးတွေကတောင်းဆိုလို့ မွေးရင်း မွေးရင်း ယခုလိုအများအပြားဖြစ်လာခဲ့တာလို့ဆိုပါတယ်။

သူမရဲ့မိသားစုပုံတွေကိုလဲ၊နေ့စဉ်သူမရဲ့ IG မှာမျှဝေလေ့ရှိပီးအမျိုးသမီးများက သူမရဲ့ကြီးမားတဲ့မိသားစုကြီးကိုအားကျ

နေခဲ့ကြလို့၊ negative ကောမန့်တွေမရရှိခဲ့ဘူးလို့ သိရပါတယ်။crd

Leave a Reply

Your email address will not be published.