အိမ်ချက် ဆီချက်ခေါက်ဆွဲလုပ်နည်း မေးထားသူတွေအတွက်

Food

အိမ်ချက် ဆီချက်ခေါက်ဆွဲလုပ်နည်း
မေးထားသူတွေအတွက်
ပါဝင်တာတွေက

ကြက်သား
ကြက်အရေခွံ
ကြက်သွန်ဖြူ
ကြက်သွန်မိတ်
ကြက်သားမှုန့်
ပဲငံပြာရည်အကြည်
ငရုတ်ကောင်းမှုန့်
ခေါက်ဆွဲအစို(သို့)ခေါက်ဆွဲအခြောက်
ဆီ
ပြုလုပ်နည်း

ကြက်အရေခွံကို ရေဆေးပြီး အရာသာနယ်ပါဒယ်အိုးတည်ပြီးကြက်အရေခွံတွေထည့်ပြီး လှိမ့်ပေးပါ၊ကြက်အရေခွံတွေကြွပ်လာတဲ့အထိ လှိမ့်ပေးပါသူ့ဘာသာ ကြက်အဆီတွေ ထွက်လာပါလိမ့်မယ်

ဆီပေါက်တတ်တာကိုတော့ သတိထားပါ
ကြက်သားကို ရေဆေးပြီး ဆား၊အချိုမှုန့်၊ငံပြာရည်နဲ့နယ်ပြီးကြက်သွန်ဖြူ၊ဂျင်းဓားပြားရိုက်ပြီး အသားနူးအောင်ပြုတ်ထားပါ၊ နူးရင်တော့ အသားလေးတွေ ထွင်ထားပါ
ကြက်သွန်ဖြူကို ထောင်းပါ ဆီအိုးတည် ဆီဆူရင် ထောင်းထားတဲ့ ကြက်သွန်ဖြူကို ထည့်ပါ၊မီးမကျွင်းအောင် သတိထားပါ ကြက်သွန်ဖြူဆီချက်ရပါပြီ

ခေါက်ဆွဲအစိုကို သုံးမယ်ဆို ရေနွေးဆူတဲ့အထဲကို ခေါက်ဆွဲထည့်ပြီး ပြန်ဆယ်ပါခေါက်ဆွဲအခြောက်သုံးရင်တော့ ခေါက်ဆွဲကိုပြုတ်ပပြီး ရေဆေးလိုက်ပါ

ပြင်ဆင်နည်း
ခေါက်ဆွဲထည့်ပါ၊ကြက်သားမျှင်ထည့်ပါ၊ကြက်အခွံဆီ၊ကြက်သွန်ဖြူဆီချက်၊ကြက်သားမှူန့်၊ပဲငံပြာရည်အကြည်၊ငရုတ်ကောင်းမှုန့်၊ကြက်သွန်မိတ်၊ကြက်သားမှုန့်၁ဇွန့်ထည့်ပြီး မွှေလိုက်ပါ
ဒါဆို အရသာရှိတဲ့ အိမ်လုပ်ကြက်သားဆီချက်ခေါက်ဆွဲလေးရပါပြီနော်

ကြက်သားအပြင် ဝက်သား၊ဘဲသားတို့နဲ့လည်း ဒီနည်းအတိုင်းလုပ်စားလို့ရပါတယ်
ကြက်အရေခွံကို ကြက်သားဆိုင်မှာဝယ်လို့ရသလို၊ကြက်သားဝယ်ရင် အရေခွံထားတွေဆုပ်ထားပြီးလည်း လုပ်လို့ရပါတယ်
တကယ်လို့ အရေခွံမရှိလည်း ကြက်သွန်ဖြူဆီချက်လေးနဲ့ပဲ စားလည်းကောင်းပါတယ်နော်

Credit ToOriginalUploader

အိမခြကွြ ဆီခကွခြေါကဆြှဲလုပနြညြး
မေးထားသူတှအေတှကျ








Credit ToOriginalUploader

Leave a Reply

Your email address will not be published.