ဆိတ်စွပ်ပြုတ်ချက်နည်း

Food

ဆိတ်စွပ်ပြုတ်ချရ်နည်း..

ဒူးဆစ်အောက်ပိုင်းဆိတ်ခြေထောက်…၃ချောင်း
ကြက်သွန်နီကြီးကြီး……………….၁ လုံး
ကြက်သွန်ဖြူ………………………..၄ တက်
ချင်းသေးသေး………………………၁ တက်
ခရမ်းချဉ်သီး………………………..၁လုံး
ဇီယာစေ့…………………………..၁/၂ ဇွန်း
နံနံေ

……………………………..၁/၂ ဇွန်း
စမုံစပါးစေ့………………………..၁/၂ ဇွန်း
လေးညှင်းပွင့်……………………….၃ ပွင့်
ဖာလာစေ့……………………………၂ စေ့
သစ်ကြပိုးခေါက်…………………. …၁ခု
ကရဝေးရွက်…………………………၂ ရွက်
ရေ……………………………………၁လီတာခြဲ
ဇွန်း=လက်ဖက်စားဇွန်း

ဆိတ်ခြေထောက်တွေကိုမီးအနည်းငယ်ကင်ကြာဓါးလေးနဲ့ခြစ်ထုတ်ပြီးသန့်စင်အောင်
ဆေးကာ၂ ပိုင်းစီပိုင်းပါ။
(ရိုးတွင်းချဉ်ဆီများမဆုံးရှုံးရန်ဂရုပြုပါ)

ကြက်သွန်နီ၊ ဖြူ ၊ ခရမ်းချဉ်သီးတွေကို နုပ်နုပ်စဉ်းပါ။
စမုံစပါးစေ့ ၊ နံနံစေ့ ၊ ဇီယာစေ့တွေကို လှော်ပြီးညှက်နေအောင်ထောင်းပါ။
လေးညှင်း၊ ဖာလာ၊ သစ်ကြပိုးတွေကို မီးကင်ပြီးဓါးပြားရိုက်ထားပါ။

ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေးပြီးကြက်သွန်နီ၊ ကြက်သွန်ဖြူ ကိုနနွင်း
မှုန့်လေးပါသည်ဆိုရုံနှင့်ဆီသတ်ပါ။
အနည်းငယ်နွမ်းလာလျှင်ခရမ်းချဉ်သီးများထည့်ပေါင်းပြီးညှက်နေအောင်ထောင်းထားသော၃မျိုးအရောကို ထည့်ပေါင်းဆီသတ်ပါ။
သန့်စင်ထားတဲ့ဆိတ်ခြေထောက်ရိုးတွေထည့်ဆီသတ်ပါ။
မီးကင်ပြီးဓါးပြားရိုက်ထားတဲ့ ၃ မျိုးကိုလည်းထည့်ပါ။ ဆား၊ ပာင်းခတ်မှုန့်တို့နှင့်အရသာသွင်းပါ။
ကရဝေးရွက်၊ ချင်းကိုပါးပါးလှီးထည့်ကာ ရေ၁လီတာခွဲဖြည့်စွက်ပြီးပထမတစ်ပွက်မဆူခင်အထိမီးပြင်းပြင်းနှင့်ပြုတ်ပါ။

အညစ်အကြေးနှင့်အမြှုပ်များကိုစစ်ထုတ်ပေးပြီးလျှင်မီးကိုလျှော့ချပြီးမီးအေးအေးမှာအဖုံးပိတ်ကာမိနစ်(၃၀)မြ(၄၅)မိနစ်အထိနှပ်ချက်ပေးပါ

ကြက်သွန်နီကြော်လေးနဲ့နံနံပင်လေးဖြူ း၊ငရုတ်ကောင်းမှုန့်လေးခပ်ပြီးသုံးဆောင်ပါ။
နံပြားဖြင့်တွဲဖက်လျှင်အကောင်းမွန်ဆုံးဖြစ်ပါသည်။

Credit ဟင်းချက်နည်းများ

လေးစားလျှက်..crd.

ဆိတစြှပပြှုတခြရွနြညြး..










Leave a Reply

Your email address will not be published.