အညာခေါက်ဆွဲသုပ်လုပ်နည်း

Food

အညာခေါက်ဆွဲသုပ်

အညာစတိုင် ခေါက်ဆွဲသုပ်။ ဒီခေါက်ဆွဲသုပ်မှာ ပဲဟင်းရည်က အဓိကျပါတယ်။ ကြက်သား၊ ခေါက်ဆွဲရယ်၊ မုန့်ကြွပ်ရယ်၊ ကြက်ဥ၊ ပဲဟင်းရည်လေးနဲ့ တွဲဖက်ကသုံးဆောင်ရတာပါ။ အရသာလည်း အရမ်းစားကောင်းတာမို့ ခုပဲ တူတူ လုပ်စားကြည့်ရအောင်…




ပဲဟင်းရည်အတွက် ပါ၀င်ပစ္စည်းများ

• ပဲမှုန့်(အစိမ်းမှုန့်) – စားပွဲတင်ဇွန်း ၂ဇွန်း (ရေ ၂၀၀မီလီလီတာဖြင့် ရောမွှေထားပါ)

• ဂျင်း – လက်တဆစ် (ညက်အောင် ထောင်းထားပါ)

• ကြက်သွန်ဖြူ – ၂မွှာ (ညက်အောင် ထောင်းထားပါ)




• ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း

• သကြား – လက်ဖက်ရည်ဇွန်း ၂ဇွန်း

• ဟင်းခတ်မှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း

• ကြက်ပြုတ်ရည်

မုန့်ကြွပ်တွင် ပါ၀င်ပါ၀င်များ




• ဂျုံမှုန့် – ၁၀၀ ဂရမ်

• ရေနွေး – ခွက်တ၀က် (၁၀၀မီလီလီတာ)

• ဆား – လက်ဖက်ရည်ဇွန်း တ၀က်

• ဆိုဒါ – လက်ဖက်ရည်ဇွန်း တ၀က်

ခေါက်ဆွဲသုပ်တွင် ပါ၀င်ပစ္စည်းများ




• ဂျုံခေါက်ဆွဲခြောက် – ၁၀၀ ဂရမ်

• ကြက်ရင်ဗုံ – ၁ခု (၂၀၀ ဂရမ်)

• ငရုတ်သီး ဆီသပ် – စားပွဲတင်ဇွန်း ၅ဇွန်း

• ကြက်သွန်မြိတ် – စားပွဲတင်ဇွန်း ၂ဇွန်း (ပါးပါးလှီးပါ)

• ဘဲဥ – ၂လုံး (ကျက်အောင် ပြုတ်ပြီ အဝုိင်း လှီးပါ)




• ငါးငံပြာရည် (တွဲဖက်သုံးဆောင်ရန်)

• ဟင်းခတ်မှုန့် (တွဲဖက်သုံးဆောင်ရန်

• သံပရာသီး – ၁လုံး (၈စိပ်စိပ်ပါ)

ပြင်ဆင်နည်း




၁။ အရင်ဆုံး ရေနွေးကို ပွက်ပွက်ဆူအောင် တည်ထားပြီ ခေါက်ဆွဲခြောက်များထည့်ကာ မီးအတင့်သင့်ဖြင့် ၅မိနစ် တည်ထားပါ။

၂။ ထို့နောက် ခေါက်ဆွဲများကို ဇကာဖြင့် ပြန်စစ် ရေအေးဖြင့် ပြန်ဆေးပေးပါ။

၃။ ပြီလျှင် ခေါက်ဆွဲများ မစီကပ်သွားစေရန် ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ပြီ ရောမွှေပေးထားပါ။




၄။ ပြီနောက် ဒယ်အိုးထဲ ရေ(၂ခွက်) ထည့်ပြီ ဆူလျှင် ကြက်ရင်ဗုံထည့်ပြီ ၈မိနစ်ခန့် တည်ထားပါ။

၅။ ပြီမှ ကြက်သားကို ခပ်ပါးပါးလှီးထားပေးပြီ ကြက်ပြုတ်ရည်ကို သိမ်းထားပေးပါ။

မုန့်ကြွပ် ပြုလုပ်နည်း ၁။ ဇောက်ပန်းကန်ထဲ (ဂျုံ၊ ဆား၊ ဆိုဒါ) အားလုံးကို သမအောင် ရောမွှေလိုက်ပါ။




၂။ ပြီလျှင် ရေ(ခွက် ၃ပုံ၁ပုံ) ထည့်ပြီ ဂျုံဒိုးသား နူးညံ့သည်အထိ ခပ်နာနာလေး နုယ်ပေးပါ။

၃။ ထို့နောက် ဂျုံဒိုးသားကို ၂ပိုင်းခွဲပြီ ဒလိမ့်တုံးဖြင့် အဝုိင်းပြားလိမ့်ပေးပါ။ လိမ့်နေစဉ် ဂျုံမှုန့်များ ဖြူးပေးပါ။

၄။ ပြီနောက် ပီဇာဖြတ်တဲ့ ဓား(သို့) ရိုးရိုးဓားဖြင့် ဂျုံပြားကို အရှည်လှီးဖြတ်ပေးပါ။




၅။ ပြီလျှင် ဒယ်ထဲ ဆီများများထည့်ပြီ ဆီပူလျှင် ဂျုံဒိုးများကို ရွှေညိုရောင်သန်းသည်အထိ ကြော်ပေးပြီ ပြန်ဆယ်ထားပါ

ပဲဟင်းရည် ချက်နည်း၁။ အရင်ဆုံး ကြက်ပြုတ်ရည်ကို ဒယ်အိုးထဲ ဆူအောင် မီးအတင့်သင့်ဖြင့် တည်ထားပါ။

၂။ ပြီနောက် ဆူလာလျှင် ပဲမှုန့်(ရေအနည်းငယ် ရောမွှေပြီသား)၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ဆား၊ ဟင်းခတ်မှုန့်၊ သကြား တို့ကို ထည့်ပြီ သမအောင် ရောမွှေလိုက်ပါ။




၃။ ရေတ၀က်ခမ်းပြီ ပျစ်လာသည်အထိ မီးအတင့်သင့်ဖြင့်တည် ထားပေးပါ။

ခေါက်ဆွဲသုပ် တပွဲစာ ပြင်ဆင်နည်း ၁။ အရင်ဆုံး ပန်းကန်လုံးထဲ ခေါက်ဆွဲထည့်ပါ။

၂။ ပြီလျှင် ကြက်သွန်နီ(ပါးပါးလှီး)၊ ကြက်သား၊ ငရုတ်သီး ဆီသငပ်၊ ဘဲဥ ပြုတ်ပြီသား ၂စိပ်၊ သံပရာသီး ၁စိပ်၊ ငါး




ငံပြာရည်(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ဟင်းခတ်မှုန့် (လက်ဖက်ရည်ဇွန်း တ၀က်) နှင့် ကြက်သွန်မြိတ် အနည်းငယ် ဖြူးပေးပါ။

၃။ ထို့နောက် မုန့်ကြွပ် ၃ချောင်းကို လက်ဖြင့်ခြေပြီ ထည့်ပေးပါ။

၄။ ပြီမှ ပဲဟင်းရည် (စားပွဲတင်ဇွန်း ၄ဇွန်း) လောင်းထည့်ပေးပြီ အရသာရှိသော အညာခေါက်ဆွဲသုပ်ကို ပဲဟင်းရည်ပူပူလေးနဲ့ တွဲဖက် သုံးဆောင်နိုင်ပါပြီ…




Wutyee Food Houseမူရင်းရေးသားသူအားလေးစားစွာcrdပေးပါသည်

Leave a Reply

Your email address will not be published.