(၆)နှစ်အရွယ် သားဖြစ်သူမှာ ဆော့ကစားနေရင်းပျောက်သွား၍ လိုက်လံရှာဖွေရာ ရေတွင်းအနီး၌တွေ့စဉ် ယူကြုံးမရဖြစ်ခဲ့ရတဲ့ မိခင်

Local News

Zawgyi

(၆)နွစ္အရြယ္ သားျဖစ္သူမွာ ေဆာ့ကစားေနရင္းေပ်ာက္သြား၍ လိုက္လံရွာေဖြရာ ေရတြင္းအနီး၌ေတြ႔စဥ္ ယူၾကံဳးမရျဖစ္ခဲ့ရတဲ့ မိခင္

မႏၲေလးတိုင္းေဒသႀကီး၊ မဟာ ေအာင္ေျမၿမိဳ႕နယ္မွာလြန္ခဲ့တဲ့ နံနက္ ၉ နာရီအခ်ိန္ခန္ ့က (၆)ႏွစ္အရြယ္ ေယာက္်ားေလး ကေလးငယ္တစ္ဦးအား ဓမၼတာႏွင့္ဆန႔္က်င္၍

ကာမစပ္ယွက္သည့္ အသက္ ၁၇ႏွစ္အရြယ္ အမ်ဳိးသားတစ္ဦးကို မႏၱေလး အမွတ္ ၇ ရဲစခန္းမွ ဖမ္းဆီး အေရးယူထားေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖဲြ ့မွ သတင္းထုတ္ျပန္သည္။ျဖစ္စဥ္မွာ လြန္ခဲ့တဲ့နံနက္ ၉ နာရီအခ်ိန္ မႏၲေလးတိုင္းေဒသႀကီး၊

မဟာ ေအာင္ေျမၿမိဳ႕နယ္ေန မ××××(၃၉)ႏွစ္သည္ သားျဖစ္သူႏွင့္အတူ ေစ်းသြားဝယ္ၿပီး ေနအိမ္သို႔ ျပန္လာရာ ေနအိမ္မေရာက္မီ လမ္းေပၚ၌ ကေလးမ်ား ေဆာ့ကစားေနသည္ကို ေတြ႕ရ၍

သားျဖစ္သူ ေမာင္×××××(၆)ႏွစ္မွာ ကေလးမ်ားႏွင့္အတူ ေဆာ့ကစား၍ က်န္ခဲ့သည္။နံနက္ ၁၁ နာရီအခ်ိန္ သားျဖစ္သူမွာ ျပန္မလာသျဖင့္ သြားေရာက္ရွာေဖြရာ သံလ်က္ေမွာ္ အေရွ႕ရပ္ကြက္ေန သက္ၿဖိဳးေအာင္(၁၇)ႏွစ္မွ

သားျဖစ္သူ ေမာင္×××××(၆)ႏွစ္အား သားေရစက္႐ုံ ဝန္းအတြင္းသို႔ သရက္သီးခူးရန္ ေခၚေဆာင္သြားေၾကာင္း သိရွိရ၍ အိမ္နီးခ်င္းျဖစ္သူႏွင့္အတူ သားေရစက္႐ုံဝန္းအတြင္းသို႔ လိုက္လံရွာေဖြခဲ့သည္။အဆုိပါ စက္႐ုံဝန္းအတြင္းရွိ ေရတြင္းအနီး၌

သက္ၿဖိဳးေအာင္ ႏွင့္အတူ သားျဖစ္သူ ေမာင္ ×××××(၆)ႏွစ္တို႔အား ေတြ႕ရွိရသျဖင့္ ေပြ႕ခ်ီေခၚေဆာင္စဥ္ ေမာင္××××× (၆)ႏွစ္ ဝတ္ဆင္ထားသည့္ ေဘာင္းဘီေနာက္တြင္ အရည္မ်ားစိုေနသျဖင့္ ၾကည့္ရွုခဲ့ေၾကာင္း၊

ေမာင္×××××(၆)ႏွစ္၏ စအိုတြင္ ေသြးမ်ားထြက္ေနသျဖင့္ ေမးျမန္းရာ သက္ၿဖိဳးေအာင္မွ ဓမၼတာႏွင့္ ဆန႔္က်င္၍ ကာမဆက္ယွက္ခဲ့ေၾကာင္း ေျပာျပသိရွိရသျဖင့္ အေရးယူေပးရန္ တိုင္တန္းခ်က္အရ သက္ၿဖိဳးေအာင္ အား အမွတ္(၇)နယ္ေျမရဲစခန္းက အမွုဖြင့္ အေရးယူထားေၾကာင္း သတင္းထုတ္ျပန္ခ်က္တြင္ ပါရိွသည္။

Credit Original Writer

Unicode

(၆)နှစ်အရွယ် သားဖြစ်သူမှာ ဆော့ကစားနေရင်းပျောက်သွား၍ လိုက်လံရှာဖွေရာ ရေတွင်းအနီး၌တွေ့စဉ် ယူကြုံးမရဖြစ်ခဲ့ရတဲ့ မိခင်

မန္တလေးတိုင်းဒေသကြီး၊ မဟာ အောင်မြေမြို့နယ်မှာလွန်ခဲ့တဲ့ နံနက် ၉ နာရီအချိန်ခန့်က (၆)နှစ်အရွယ် ယောက်ျားလေး ကလေးငယ်တစ်ဦးအား ဓမ္မတာနှင့်ဆန့်ကျင်၍

ကာမစပ်ယှက်သည့် အသက် ၁၇နှစ်အရွယ် အမျိုးသားတစ်ဦးကို မန္တလေး အမှတ် ၇ ရဲစခန်းမှ ဖမ်းဆီး အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။ဖြစ်စဉ်မှာ လွန်ခဲ့တဲ့နံနက် ၉ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊

မဟာ အောင်မြေမြို့နယ်နေ မ××××(၃၉)နှစ်သည် သားဖြစ်သူနှင့်အတူ ဈေးသွားဝယ်ပြီး နေအိမ်သို့ ပြန်လာရာ နေအိမ်မရောက်မီ လမ်းပေါ်၌ ကလေးများ ဆော့ကစားနေသည်ကို တွေ့ရ၍

သားဖြစ်သူ မောင်×××××(၆)နှစ်မှာ ကလေးများနှင့်အတူ ဆော့ကစား၍ ကျန်ခဲ့သည်။နံနက် ၁၁ နာရီအချိန် သားဖြစ်သူမှာ ပြန်မလာသဖြင့် သွားရောက်ရှာဖွေရာ သံလျက်မှော် အရှေ့ရပ်ကွက်နေ သက်ဖြိုးအောင်(၁၇)နှစ်မှ

သားဖြစ်သူ မောင်×××××(၆)နှစ်အား သားရေစက်ရုံ ဝန်းအတွင်းသို့ သရက်သီးခူးရန် ခေါ်ဆောင်သွားကြောင်း သိရှိရ၍ အိမ်နီးချင်းဖြစ်သူနှင့်အတူ သားရေစက်ရုံဝန်းအတွင်းသို့ လိုက်လံရှာဖွေခဲ့သည်။အဆိုပါ စက်ရုံဝန်းအတွင်းရှိ ရေတွင်းအနီး၌

သက်ဖြိုးအောင် နှင့်အတူ သားဖြစ်သူ မောင် ×××××(၆)နှစ်တို့အား တွေ့ရှိရသဖြင့် ပွေ့ချီခေါ်ဆောင်စဉ် မောင်××××× (၆)နှစ် ဝတ်ဆင်ထားသည့် ဘောင်းဘီနောက်တွင် အရည်များစိုနေသဖြင့် ကြည့်ရှုခဲ့ကြောင်း၊

မောင်×××××(၆)နှစ်၏ စအိုတွင် သွေးများထွက်နေသဖြင့် မေးမြန်းရာ သက်ဖြိုးအောင်မှ ဓမ္မတာနှင့် ဆန့်ကျင်၍ ကာမဆက်ယှက်ခဲ့ကြောင်း ပြောပြသိရှိရသဖြင့် အရေးယူပေးရန် တိုင်တန်းချက်အရ သက်ဖြိုးအောင် အား အမှတ်(၇)နယ်မြေရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

Credit Original Writer

Leave a Reply

Your email address will not be published.