ရွှေဆိုင်တစ်ဆိုင်မှာ လက်ဝတ်ရတနာများကို ခိုးယူဖို့လာရောက်ခဲ့သော်လည်း မှန်ဘောင်ကိုမထုခွဲနိုင်ခဲ့လို့ စိတ်လျှော့ပြီး လက်ဗလာတိုင်းပြန်သွားခဲ့ရသည့် သူခိုးလေးယောက်

International News




Rain (For Ialinks)

Unicode

ရွှေဆိုင်တစ်ဆိုင်မှာ လက်ဝတ်ရတနာများကို ခိုးယူဖို့လာရောက်ခဲ့သော်လည်း မှန်ဘောင်ကိုမထုခွဲနိုင်ခဲ့လို့ စိတ်လျှော့ပြီး လက်ဗလာတိုင်းပြန်သွားခဲ့ရသည့် သူခိုးလေးယောက်

မလေးရှားနိုင်ငံမှ ကျောက်မျက်ရတနာဆိုင်တစ်ခုတွင် အမည်မသိလူငယ်လေးဦးသည် ဆိုင်ကယ်ဦးထုပ်တွေဆောင်းထားပြီးတော့ ဆိုင်အတွင်းရှိ လက်ဝတ်ရတနာများကို ခိုးယူရန်ကြံစည်ခဲ့သော်လည်း မအောင်မြင်ပဲဖြစ်ခဲ့သည်။

သူခိုးလေးယောက်သည် လျင်မြန်စွာဆိုင်ထဲသို့ဝင်ရောက်ပြီး သော့ခတ်ထားသော မှန်ဘောင်များကို တူတွေနဲ့ အားရပါးရ

ရိုက်ခွဲခဲ့သော်လည်း မှန်ကဘယ်လိုမှမနေပဲ အက်ရုံသာအက်သွား၍ အထဲကလက်ဝတ်ရတနာများကို မယူနိုင်ပဲ လက်ဗလာတိုင်း ထွက်သွားခဲ့ရသည်။

ထိုဆိုင်ထဲရှိ မှန်ဘောင်များသည် ပိုလီကာဗွန်နိတ်ဖြင့် ပြုလုပ်ထားတာကြောင့် သာမန်မှန်ဘောင်တွေထက် ဆယ်ဆပိုပြီး

တော့ ခိုင်ခံ့၍ ဆိုင်ရှင်ဖြစ်သူလည်း သူ့ရဲ့ရတနာ ပစ္စည်းတွေခိုးရာနောက်မပါသွားပဲ ကံကောင်းခဲ့သည်။

Rain (For Ialinks)
Crd

Leave a Reply

Your email address will not be published.