သားသက်လွတ် ရှမ်းတို့ဟူးသုတ်နဲ့ရှမ်းတို့ဟူးကြော်

Food

သားသက်လွတ် ရှမ်းတို့ဟူးသုတ်နဲ့ရှမ်းတို့ဟူးကြော်

ရှမ်းတို့ဟူးကျိုနည်း
မွှေးတို့ဟူးမှုန့်တစ်ထုတ်ကိုရေတစ်လီတာနဲ့စိမ်မယ်။ ပထမရေတစ်ဝက်ကို တို့ဟူးမှုန့်အလုံးအခဲတွေမကျန်အောင်အရင်ဖျော်ပါ။ နနွင်းမှုန့်လက်ဖက်စားဇွန်းတစ်ဝက်ထည့်ပါ။ ဇကာစိတ်စိတ်ဖြင့်၃ကြိမ်စစ်ချပါ။ အမှုန့်တွေညက်သွားရင်ဆားလက်ဖက်စားဇွန်း၂ဇွန်းထည့်ပါ။ ကျန်ရေတစ်ဝက်ရောလိုက်ပါ။ နှံ့အောင်မွှေပြီး အနည်းဆုံး၄နာရီအဖုံးအုပ်ထားပါ။
၄နာရီပြည့်ရင် အပေါ်မှရေအကြည်များကိုသွန်ပစ်လိုက်ပါ။ အနှစ်တွေပဲကျန်တဲ့အထဲကိုရေသန့်နို့ဆီဘူးတစ်ဘူးရောပြီးမွှေပါ။


တို့ဟူးကျိုမည့်အိုးထဲကို ရေသန့်နို့ဆီဘူးတစ်ဘူးထည့်ပြီးဆူအောင်တည်ပါ။ ဆူပွက်လာရင် ခုနကတို့ဟူးရည်ကိုထည့်ကျိုပါ။ အဆက်မပျက်မွှေပါ။ ညောင်စေးကျလာရင်ထည့်မည့်ဘန်းထဲကိုလောင်းထည့်လိုက်ပါ။ ၂နာရီလောက်အအေးခံပြီးရင်လှီးပြီးတော့စားလို့ရပါပြီ။
ခုကျိုတဲ့ ရှမ်းတို့ဟူးကအိအိတုန်တုန်လေးနဲ့ မြန်မာတို့ဟူးအရသာနဲ့မတူပါဘူးနော်။


ရှမ်းတို့ဟူးသုတ်
ရှမ်းတို့ဟူးမှာအဓိကကတော့ ဆီချက်ပါ။ ရှမ်းတို့ဟူးစစ်စစ်ကတော့အရသာပြင်းပြင်းတွေမထည့်ပါဘူး။ ခုကတော့မြန်မာအကြိုက်လည်းပါ၊ ရှမ်းအရသာလည်းပါအောင်ထည့်ထားပါတယ်။

ဆီထမင်းစားဇွန်း၅ဇွန်းကိုနနွင်းမှုန့်ခတ်ပြီးပူအောင်တည်ထားပါ။ ခွက်တစ်ခုထဲမှာ မြေပဲလှော်ထောင်းထားတာ၂ဇွန်း၊ နှမ်းလှော်၂ဇွန်း၊ ငရုတ်သီးမှုန့်၁ဇွန်းထည့်ထားပါ။ ဆီပူလာရင် အလှော်များထည့်ထားတဲ့ပန်းကန်ထဲလောင်းထည့်လိုက်ပါ။ ဒီဆီချက်ထည့်ပြီးကျန်တာအချို၊ အချဉ်၊ အငံထည့်ပါ။ ရှောက်ရွက်ကြိုက်ရင်ပါးပါးလှီးထည့်ပါ။ ရှမ်းတို့ဟူးသုတ်ပျော့ပျော့အိအိလေးရပြီနော်။

ရှမ်းတို့ဟူးကြော်
အတုံးလေးတွေတုံးပြီး အလယ်ဖက်တွေကိုဓါးရာလေးပေးပါ။ ဆီပူပူမှာကြော်ပေးပါ။ အပေါ်ယံလေးတွေ အညိုရောင်ပြောင်းလာရင်ဆယ်ပြီးဆီစစ်ထားပါ။ ရှမ်းတို့ဟူးကြော်ဟာ အပေါ်ယံလေးတွေကြွတ်မွနေပြီးအထဲက အရည်တည်လေးလိုနူးညံ့နေရမယ်နော်။

ရှမ်းတို့ဟူးကြော်နဲ့စားဖို့အချဉ်ကတော့ မန်းကျီးရည်ပျစ်ပျစ်လေးကိုထန်းလျက်ရည်ထည့်၊ ဂျင်း၊ ကြက်သွန်ဖြူထောင်းထည့်ပါ။ အချို၊ အငံထည့်ပါ။

တို့ဟူးသုတ်နဲ့တွဲစားဖို့ဘူးသီးဟင်းခါး
ရေတစ်လီတာဆူအောင်တည်ပါ။ ကြက်သွန်ဖြူ၅ဥ၊ ပုဇွန်ခြောက်မှုန့်၊ ငြုတ်ကောင်းမှုန့်တို့ကိုညက်အောင်ထောင်းပါ။ ရေဆူလာရင်ထောင်းထားတာတွေထည့်ပါ။ အပေါ့၊ အငံမြည်းပြီးရင် စိတ်ထားတဲ့ဘူးသီးစိတ်တွေထည့်ပါ၊ ဘူးသီးစိတ်တွေအနည်းငယ်နွမ်းလာရင်မီးပိတ်လို့ရပါပြီ။

crd

Leave a Reply

Your email address will not be published.