ကျဆုံးသွားတဲ့ ပြည်သူ့ရဲဘော် ရဲ့ ကျန်ရစ်သူမိသားစုကို ကူညီစောက်ရှောက်ခဲ့တဲ့ ပြည်သူ့မင်းသား ဒေါင်း…




ကျရာဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်တဲ့ မင်းသားချောတစ်ယောက်ဖြစ်တဲ့အပြင် ယောက်ကျားပီသတဲ့ ရုပ်ရည်သွင်ပြင်ရှိတာကြောင့် ပျိုမေတို့ချစ်ခင်အားပေးရတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။




ဒေါင်း ကတော့ ပြည်သူတွေအားလုံးနဲ့အတူ အမှန်တရားဘက်က အမြဲတမ်းရပ်တည်နေပြီး အမှန်တရားကိုချစ်မြတ်နိုးတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။




တော်လှန်ရေးအတွက် ကျရာတာဝန်တွေကို အစွမ်းကုန်ထမ်းဆောင်နေပြီးတော့ ကိုယ်တိုင်ပင် လွတ်မြောက်နယ်မြေကို သွားရောက်နေတာလဲ ဖြစ်ပါတယ်။




မင်းသား ဒေါင်း ကိုတော့ စစ်ကောင်စီဘက်ကနေ ပုဒ်မ ၅၀၅ နဲ့ တရားစွဲဆိုခဲ့ပြီး မြန်မာနိုင်ငံသားအဖြစ်ကနေ ရပ်စဲလိုက်ပါတယ်။




ယခင်က ထိုင်းနိုင်ငံမှာ နေထိုင်နေခဲ့ပြီး အဝေးကနေ တော်လှန်ရေးအတွက် တတ်နိုင်သလောက် ထောက်ပံ့နေပေမယ့် အခုလက်ရှိမှာတော့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပါပြီ။




လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ ဒေါင်း ဟာ ပြည်သူ့ရဲဘော်တွေနဲ့အတူ လက်တွဲပြီး တာဝန်တွေကို အကောင်းဆုံးထမ်းဆောင် နေတာကိုတွေ့ရပါတယ်။




ဒီကနေ့မှာလဲ ချင်းပြည်နယ် မင်းတပ်မြို့ မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာအသက်ပေးလှူလိုက်ရတဲ့ သူရဲကောင်းရဲဘော် ဆလိုင်းအောင်ထန်းဟုန်း ကို ဂုဏ်ပြုတဲ့အနေနဲ့ ငွေတိုက်စာချုပ် လှူဒါန်းခဲ့ပါတယ်။




ကျဆုံးသွားတဲ့ ပြည်သူ့ရဲဘော် ရဲ့ ကျန်ရစ်သူမိသားစုကို ကူညီစောက်ရှောက်တဲ့အနေနဲ့ လှူဒါန်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။




ပြည်သူများအနေဖြင့် နွေဦးသူရဲကောင်းများအားရည်စူးပြီး သူတို့ရဲ့ကျန်ရစ်သူမိသားစုအတွက် ငွေတိုက်စာချုပ်တွေ ဝယ်ယူလှူဒါန်းလို့ ရပါတယ်။
Credit