အသက်၁၂နှစ်နဲ့ကိုယ်ပိုင်BMW ကားဝယ်နိုင်ခဲ့တဲ့သူမရဲ့ဘဝဇာတ်ကြောင်း ကတော့…See more. ..

Knowledge

Natthanan ဆိုသူထိုင်းနိုင်ငံက ကလေးမ လေးဟာ လက်ရှိမှာ အသက်၁၂နှစ်ရှိပါပြီ။ မကြာ သေးခင်ကပဲ ၁၂နှစ် မွေးနေ့ကို ရောက်ရှိခဲ့ပြီး မွေးနေ့မှာ တော့သူ့ကိုယ်သူ BMW ကားလက်ဆောင် ပေးနိုင်ခဲ့ပါတယ်။ ဒီလောက်အသက်ငယ်ငယ်လေးနဲ့ဒီလိုဇိမ်ခံကားအကြီးစားမျိုးကို စီးနိုင်တယ်ဆိုတာ နည်းတဲ့ ကုသိုလ်တော့မဟုတ်လေဘူး။ ထပ်ပြီးအံ့သြဖို့ ကောင်းတာက သူကိုယ်တိုင်ရှာထားတဲ့ပိုက်ဆံနဲ့ဝယ်နိုင်တယ်ဆိုတာပါပဲ။ သူမဘာကြောင့် ဒီလောက်ချမ်းသာ သလဲ ဆိုတာ ကတော့ ဒီလိုကြောင့်ပါ…



သူမဟာ အသက် ၃နှစ်အရွယ် ကတည်း ကနေ Make-up artist ပိုးပါခဲ့သူတစ်ဦးပါ။ သုံးနှစ်အရွယ်ပိစိ က လေးတည်းက Social Media ပေါ် အလှပြင်တဲ့ Video တွေတင်ပြီး အလှဖန်တီးရှင်အဖြစ်ရူးသွပ်ခဲ့ပါတယ်။ အသက်၃နှစ်အရွယ်က ငယ်လွန်းသေးတာ ကြောင့် အသက်၇နှစ်အရွယ်မှာ တော့သူ့မိဘ တွေကိုယ်တိုင်က သူ့ကို လေ့လာခွင့်ပေးခဲ့ပါတယ်။ ဒီလို မိတ်ကပ်ပညာကို လေ့လာရင်းနဲ့ ၂၀၁၈ခုနှစ်မှာတော့ the London Fashion Week မှာပါဝင်ခွင့်ရခဲ့ပါတယ်။ ဒီအချိန်ကစပြီးသူမရဲ့ Instagramမှာ followers 40,000 YouTube မှာ 282,000 subscribers နဲ့ Facebook မှာတော့သန်းချီ အား ပေးသူများရှိခဲ့ပါတယ်။ ဒီလို အောင်မြင် မှု ကြောင့်

မကြာသေးခင်က ကျရောက်တဲ့သူမရဲ့ ၁၂နှစ်ပြည့် မွေးနေ့မှာ သူမဟာ BMW ကားကြီးကို ကိုယ့်ကိုယ်ကိုယ်မွေးနေ့ လက်ဆောင် အဖြစ် ပြန် ပေးနိုင်ခဲ့ပါတယ်။ သူမရဲ့၁၂နှစ်ပြည့် မွေးနေ့မှာ အခုလိုဆုတောင်းစကားလေးနဲ့ ကျေးဇူးတင်စကား လေးကိုသူမက ပြောခဲ့ပါတယ် “Happy birthday to me. This year, I will be 12 years old. I’m thankful for everything I have so far. Thank you for always following and encouraging me. I love everyone very much. Thank you for all the blessings. May everyone be blessed, too.”


သူမရဲ့ငယ်ရွယ်စဉ်တည်းက ဝါသနာပါမှုကို ဆက်လက်ကြိုးစားနိုင်ခဲ့တာ ရော၊ ဒီလို က လေးတစ်ယောက်ရဲ့အိမ်မက်ကို လျစ်လျူမရှုပဲ ကူညီ ပေးခဲ့တဲ့ သူမရဲ့ပတ်ဝန်းကျင်မိသားစုအသိုင်းဝိုင်းရော တကယ်ကို လေးစားစရာပါပဲ…



2.

Zawgyi











Crd

Leave a Reply

Your email address will not be published.