ကြက်ဥ မဆလာ တိုရှည်
———————————————-
အိန္ဒိယ မနက်စာ အစားသောက်ဖြစ်တဲ့ ဒိုဆာလို့ခေါ်တဲ့ တိုရှည် လေးပါ။ တိုရှည်ကို ခရမ်းချဉ်သီး ချပ်တနီ၊ ပဲနှစ် တို့နှင့် တွဲစားတာ များပါတယ်။ ဝတ်ရည်ခုလုပ်ထားတာကတော့ ကြက်ဥ မာဆလာ တိုရှည်ပါ
တိုရှည် အတွက် ပါဝင်ပစ္စည်းများ
ဆန် – နို့ဆီဗူး ၂လုံး
မတ်ပဲ – နို့ဆီဗူး ၁လုံး
ကုလားပဲ – နို့ဆီဗူး ၄ပုံ၁ပုံ
ဇီယာ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
နံနံစေ့မှုန့် – လက်ဖက်ရည်ဇွန်း တဝက်
ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
ရေတိုရှည် လုပ်ရန် ပြင်ဆင်နည်း
၁။ အရင်ဆုံး ဇလုံတစ်ခုထဲသို့ (ဆန်၊ မတ်ပဲ၊ ကုလားပဲ) တို့ကို ရောထည့်လိုက်ပြီ ရေစင်အောင် ၆နာရီကြာအောင် ရေစိမ်ထားပေးပါ။
၂။ ၆နာရီကြာစိမ်ပြီလျှင် (ဆန်၊ မတ်ပဲ၊ ကုလားပဲ) တို့ကို ကြိတ်စက်ထဲ ထည့်ကြိတ်ပါမည်။
၄။ အရင်ဆုံး (ဆန်၊ မတ်ပဲ၊ ကုလားပဲ၊ ဇီယာ၊ နံနံစေ့မှုန့်) တဝက်ကို ကြိတ်စက်(Blender) ထဲပြီ ရေကို မြုပ်ရုံထည့်ကာ မုန့်ရည် ရသည်အထိ ကြိတ်ပေးပါ။
၄။ ထိုနည်းအတိုင်း ကျန်တဝက်ကို ထပ်ကြိတ်ပေးပါ။၅။ တိုရှည်လုပ်ရန် မုန့်ရည်ရပြီဆိုလျှင် ထိုမုန့်ရည်ကို အခန်းအပူချိန်နဲ့ အချဉ်ပေါက်အောင် တညသိပ်ထားရပါမည်။
မှတ်ချက် ။ ။ အချဉ်ပေါက်အောင် Yeast (လက်ဖက်ရည်ဇွန်း တဝက်) ထည့်လျှင် ပိုကောင်းသည်။
၆။ မုန့်ရည်များကို တညသိပ်ပြီလျှင် တိုရှည် စလုပ်လို့ရပါပြီ။ တညသိပ်ပြီမှ ဆား(လက်ဖက်ရည်ဇွန်း ၂ဇွန်း) ထည့်ကာ ရောမွှေပေးပါ။မှတ်ချက် ။ ။ မုန့်နှစ်ရည်သည် မပျစ်မကျဲ အနေထားတွင် ရှိနေရမည်။
တိုရှည် လုပ်နည်း ၁။ တိုရှည်ဗန်းကို ထောပတ် အနည်းငယ်သုတ်ပြီ ပူအောင် မီးအသင့်တင့်ဖြင့် တည်ထားပါ။
၂။ တိုရှည်ဗန်းပူလာမှ ယောက်ချိုဖြင့် မုန့်ရည် ၂ဇွန်းကို ပုံတွင် ပြထားသည့်အတိုင်း လောင်းချလိုက်ပါ။
၃။ ထို့နောက် ဇွန်းပြားဝိုင်းဖြင့် မုန့်ရည်များ အဝိုင်းသဏ္ဍန်ဘေးသို့ ပြန့်သွားအောင် ဖြည်းဖြည်းခြင်း ဖြန့်လိုက်ပါ။
၄။ ပြီမှ ထောပတ်ရည်(စားပွဲတင်ဇွန်း ၁ဇွန်း) အပေါ်မှ ဖြူးပေးပါ။၅။ ကြက်ဥ တလုံးခလောက်ပြီ လောင်းထည့်ပါ။ ယောက်မဖြင့် ကြက်ဥများ တိုရှည် အနှံ့ပြန့်အောင်လုပ်ပေးပါ။
၆။ မဆလာ အနည်းငယ် ဖြူးပေးပါ။၇။ တိုရှည် အရောင်ပြောင်းလာပြီ ဘေးသားများ ကြွပ်ရွလာလျှင် ကြက်ဥကျက်အောင် တဖက်လှန်လိုက်ပါ။
၈။ ကြက်ဥကျက်လျှင် တဖက် ပြန်လှန်ပြီ တိုရှည်တ၀က်ခန့် ကတ်ကြေးဖြင့်လှီးဖြတ်ပါ။
၉။ ပုံတွင် ပြထားသည့်အတိုင်း တိုရှည် တြိဂံပုံခေါက်သွားပါ။
ရ။ အရသာရှိသော ကြက်ဥ မဆလာ တိုရှည်ကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ…