မင်းမော်ကွန်းကို ငယ်ငယ်တည်းက ငေးကြည့်ခဲ့ရတာ ဆိုတဲ့ မအေးသောင်း

Cele News

ရုပ်ရှင်ဗီဒီယိုဇာတ်ကားတွေ၊ရုံတင်ဇာတ်ကားကြီးတွေမှာ ကျရာဇာတ်ရုပ်ကိုပိုင်နိုင်စွာသရုပ်ဆောင်ရင်း ပရိသတ်ရင်ထဲ တစ်စတစ်စ တိုးဝင်လာခဲ့တဲ့ အကယ်ဒမီမင်းမော်ကွန်းဟာ လက်ရှိအချိန်ထိတိုင်အောင် ပြည်သူ့မေတ္တာကို အပြည့်အဝရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။


 ပေါက်စီလို့ခေါ်ကြတဲ့ အေးဝတ်ရည်သောင်းဟာဆိုရင်လည်း ပရိသတ်တွေက ချစ်ကြတဲ့အနုပညာရှင်မင်းသမီးတစ်ယောက်ပါ။သူတို့နှစ်ဦးဟာ “Secret File”ဆိုတဲ့ ဇာတ်လမ်းတွဲကိုလည်း အတူရိုက်ကူးခဲ့ကြပါသေးတယ်။

လတ်တလောမှာဆိုရင်တော့ အကယ်ဒမီမင်းမော်ကွန်းနဲ့ သရုပ်ဆောင်အေးဝတ်ရည်သောင်းတို့ကြားမှာ အထင်လွဲမှု၊အငြင်းပွားမှုလေးတွေဖြစ်ပေါ်ခဲ့ပြီး သူတို့နှစ်ယောက်ရဲ့အင်တာဗျူးဗီဒီယိုလေးတစ်ခုဟာလည်း ပရိသတ်တွေကြားမှာ ပျံ့နှံ့လာခဲ့ပါတယ်။


Myanmar Celebrity TV နဲ့ အင်တာဗျူးအမေးအဖြေဗီဒီယိုလေးဖြစ်ပြီး မင်းမော်ကွန်းက မအေးသောင်းနဲ့ပတ်သက်လို့ “အစ်ကိုတို့မင်းသားစဖြစ်ပြီး သူ့အစ်မနဲ့စပြီး ကားတွေတော်တော်များများရိုက်နေတဲ့အချိန်မှာ အေးဝတ်ရည်သောင်းက ၁၂ နှစ် ၁၃ နှစ်လောက်ပဲရှိသေးတယ် ကလေးလေး အဲ့ကနေစပြီး နောက်ပိုင်း မင်းသမီးတွေဘာတွေဖြစ်လာတာ”လို့ပြောခဲ့ပါတယ်။

မအေးသောင်းကလည်း “ကိုကျော်က အတည်ပေါက်ကြီးနဲ့အမြဲနောက်တတ်တယ် ငယ်ငယ်တည်းကဆိုတော့ ဆေးကခဏခဏမိတယ် အိမ်ကအငယ်မကလည်း ကိုကျော့်ရဲ့ဖန် တအားကြိုက်တာ အမှန်တကယ်က အစဉ်အဆက် ညီအစ်မသုံးယောက်လုံး ကိုကျော့်ရဲ့ဖန်ဖြစ်လာတာ ပေါက်စီလည်း ငယ်ငယ်တည်းက အရမ်းကြိုက်တာ ဈေးသင်္ကြန်မှာတုန်းကဆိုရင် ကိုကျော်အပေါ်မှာမတ်တပ်ရပ်နေရင် ငေးရတာ အဲ့တုန်းက မော်ဒယ်လ်တောင်မလုပ်သေးဘူး ဒါပေမဲ့ မကြီးတို့ဈေးသင်္ကြန်သွားလည်တာ ‘ဟာ မင်းမော်ကွန်း ဦးထုပ်နဲ့လို့ပြောရင် အေး ဟုတ်တယ် ချောလိုက်တာဆိုပြီး အဲ့လိုမျိုးငေးရတာ’လို့ မင်းမော်ကွန်းကို ငယ်ငယ်တည်းက ကြိုက်ခဲ့တဲ့အကြောင်းပြောပြခဲ့တာပဲဖြစ်ပါတယ်။


မအေးသောင်းကတော့ မင်းမော်ကွန်းကို ငယ်ငယ်တည်းက အားပေးခဲ့တာပါတဲ့



ပရိသတ်ကြီးကရော “ကြာလေ နုလေဖြစ်လို့ ကိုကြာနု”လို့ ချစ်စနိုးနာမည်ပေးထားကြတဲ့ မင်းမော်ကွန်းကို ဘယ်အရွယ်တည်းက အားပေးခဲ့တာလဲ ဖြေပေးခဲ့ဦးနော်




‘ကိုေက်ာ့္ကို ငယ္ငယ္တည္းက ေငးၾကည့္ခဲ့ရတာ’လို႔ ေျပာလာတဲ့ မေအးေသာင္း

႐ုပ္ရွင္ဗီဒီယိုဇာတ္ကားေတြ၊႐ုံတင္ဇာတ္ကားႀကီးေတြမွာ က်ရာဇာတ္႐ုပ္ကိုပိုင္ႏိုင္စြာသ႐ုပ္ေဆာင္ရင္း ပရိသတ္ရင္ထဲ တစ္စတစ္စ တိုးဝင္လာခဲ့တဲ့ အကယ္ဒမီမင္းေမာ္ကြန္းဟာ လက္ရွိအခ်ိန္ထိတိုင္ေအာင္ ျပည္သူ႔ေမတၱာကို အျပည့္အဝရရွိထားတဲ့ အႏုပညာရွင္တစ္ေယာက္ပဲျဖစ္ပါတယ္။


ေပါက္စီလို႔ေခၚၾကတဲ့ ေအးဝတ္ရည္ေသာင္းဟာဆိုရင္လည္း ပရိသတ္ေတြက ခ်စ္ၾကတဲ့အႏုပညာရွင္မင္းသမီးတစ္ေယာက္ပါ။သူတို႔ႏွစ္ဦးဟာ “Secret File”ဆိုတဲ့ ဇာတ္လမ္းတြဲကိုလည္း အတူ႐ိုက္ကူးခဲ့ၾကပါေသးတယ္။

လတ္တေလာမွာဆိုရင္ေတာ့ အကယ္ဒမီမင္းေမာ္ကြန္းနဲ႔ သ႐ုပ္ေဆာင္ေအးဝတ္ရည္ေသာင္းတို႔ၾကားမွာ အထင္လြဲမႈ၊အျငင္းပြားမႈေလးေတြျဖစ္ေပၚခဲ့ၿပီး သူတို႔ႏွစ္ေယာက္ရဲ႕အင္တာဗ်ဴးဗီဒီယိုေလးတစ္ခုဟာလည္း ပရိသတ္ေတြၾကားမွာ ပ်ံ႕ႏွံ႔လာခဲ့ပါတယ္။

Myanmar Celebrity TV နဲ႔ အင္တာဗ်ဴးအေမးအေျဖဗီဒီယိုေလးျဖစ္ၿပီး မင္းေမာ္ကြန္းက မေအးေသာင္းနဲ႔ပတ္သက္လို႔ “အစ္ကိုတို႔မင္းသားစျဖစ္ၿပီး သူ႔အစ္မနဲ႔စၿပီး ကားေတြေတာ္ေတာ္မ်ားမ်ား႐ိုက္ေနတဲ့အခ်ိန္မွာ ေအးဝတ္ရည္ေသာင္းက ၁၂ ႏွစ္ ၁၃ ႏွစ္ေလာက္ပဲရွိေသးတယ္ ကေလးေလး အဲ့ကေနစၿပီး ေနာက္ပိုင္း မင္းသမီးေတြဘာေတြျဖစ္လာတာ”လို႔ေျပာခဲ့ပါတယ္။


မေအးေသာင္းကလည္း “ကိုေက်ာ္က အတည္ေပါက္ႀကီးနဲ႔အၿမဲေနာက္တတ္တယ္ ငယ္ငယ္တည္းကဆိုေတာ့ ေဆးကခဏခဏမိတယ္ အိမ္ကအငယ္မကလည္း ကိုေက်ာ့္ရဲ႕ဖန္ တအားႀကိဳက္တာ အမွန္တကယ္က အစဥ္အဆက္ ညီအစ္မသုံးေယာက္လုံး ကိုေက်ာ့္ရဲ႕ဖန္ျဖစ္လာတာ ေပါက္စီလည္း ငယ္ငယ္တည္းက အရမ္းႀကိဳက္တာ ေဈးသၾကၤန္မွာတုန္းကဆိုရင္ ကိုေက်ာ္အေပၚမွာမတ္တပ္ရပ္ေနရင္ ေငးရတာ အဲ့တုန္းက ေမာ္ဒယ္လ္ေတာင္မလုပ္ေသးဘူး ဒါေပမဲ့ မႀကီးတို႔ေဈးသၾကၤန္သြားလည္တာ ‘ဟာ မင္းေမာ္ကြန္း ဦးထုပ္နဲ႔လို႔ေျပာရင္ ေအး ဟုတ္တယ္ ေခ်ာလိုက္တာဆိုၿပီး အဲ့လိုမ်ိဳးေငးရတာ’လို႔ မင္းေမာ္ကြန္းကို ငယ္ငယ္တည္းက ႀကိဳက္ခဲ့တဲ့အေၾကာင္းေျပာျပခဲ့တာပဲျဖစ္ပါတယ္။


မေအးေသာင္းကေတာ့ မင္းေမာ္ကြန္းကို ငယ္ငယ္တည္းက အားေပးခဲ့တာပါတဲ့

ပရိသတ္ႀကီးကေရာ “ၾကာေလ ႏုေလျဖစ္လို႔ ကိုၾကာႏု”လို႔ ခ်စ္စႏိုးနာမည္ေပးထားၾကတဲ့ မင္းေမာ္ကြန္းကို ဘယ္အ႐ြယ္တည္းက အားေပးခဲ့တာလဲ ေျဖေပးခဲ့ဦးေနာ္

Crd

Leave a Reply

Your email address will not be published.