လုပ်အားခထုတ်ပြီးတာနဲ့ ဇနီးသည်လေးကို ပိုက်ဆံအိတ်လေး လက်ဆောင်ပေးချင်လို့ မိုးရွာထဲကိုပင် အပြေးလေးလာပြီး ပိုက်ဆံအိတ်ကို ဝယ်ယူခဲ့သည့်အမျိုးသား

Lifestyle

မိမိ၏အိမ်ထောင်ဖက်သည် မည်မျှပင်ဆင်းရဲဒုက္ခရောက်နေပါစေ အတူရင်ဆိုင်ကျော်ဖြတ်ဖို့အတွက် အမြဲတမ်းအနားကနေ ခွန်းအားပေးနေသူတစ်ယောက်လည်းဖြစ်ပါတယ်။

လတ်တလောတွင်လည်း အမျိုးသားတစ်ဦး၏ သူရဲ့ဇနီးသည်လေးအတွက်ညမိုးရွာနေချိန်မှာပင် လက်ဆောင်ပြေးဝယ်ခဲ့သည့် အပြုအမူလေးဟာ အွန်လိုင်းပေါ်မှာပျံနှံနေခဲ့ပါတယ်။

ထိုအမျိုးသားဟာ တစ်နေကုန်အလုပ်လုပ်ပြီး ပိုက်ဆံထုတ်လာသည့်နေ့တွင် မိုးကလည်းချုပ်နေပြီဖြစ်ပြီး မိုးများကလည်း ရွာနေခဲ့ပါတယ်။

မိုးရွာနေသည့်အချိန်မှာဘဲ အမျိုးသားဟာ ဆိုင်သို့အပြေးလေးလာရောက်ပြီး ဇနီးသည်အတွက် ပိုက်ဆံအိတ်လေးကို လက်ဆောင်ပေးဖို့ ဝယ်ယူနေခဲ့တာဖြစ်ပါတယ်။

မိုးရွာနေသည့်အချိန်မှာ လာဝယ်လို့ ဆိုင်ရှင်က မေးကြည့်ရာမှာတော့ ဇနီးသည်၏ပိုက်ဆံအိတ်လေးဟာ ဟောင်းနေပြီဖြစ်သည့်အတွက် လုပ်အားခရတုန်းလေး ဝယ်ပေးချင်တာဟု သိလိုက်ရပါတယ်။

Shoon (Cele Daily)

Zawgyi







Shoon (Cele Daily)
Crd

Leave a Reply

Your email address will not be published.