လူတကာ၏အနိုင်ကျင့်ခံရသောဘဝမှ လွတ်အောင် ကြီးမားသည့်ကြွက်သားများရရှိလာစေရန် ကြွက်သားကြီးဆေးထိုးခဲ့သည့်အမျိုးသား စိတ်မကောင်းစွာဖြင့် အသက်ဆုံးရှုံးသွားခဲ့ရ

Knowledge

ဘရာဇီးနိုင်ငံ၏ မဖွံ့ဖြိုးသေးသောရပ်ကွက်ကြားတွေထဲမှာနေထိုင်သည့်အမျိုးသား Waldeဟာ ဆေးသုံးစွဲမှုကြောင့် ခန္ဓာကိုယ်ဟာပိန်နေခဲ့ပြီး လူအများ၏အနိုင်ကျင့်တာကို အမြဲတမ်းခံနေရသူဖြစ်ပါတယ်။


ထို့ကြောင့်အမျိုးသားက အားကစားရုံတစ်ခုမှ Gymဆော့ဖို့သွားရောက်ခဲ့သော်လည်း သူလိုချင်သလောက် ကြွက်သားများက မကြီးထွားလာခဲ့ပါဘူး။

ထို့ကြောင့် ကြွက်သားကြီးထွားစေသည့် ဆေးတွေကို အဆက်မပြတ်ထိုးခဲ့တာဖြစ်ပါတယ်။အချိန်ကြာလာသောအခါတွင် ထိုးဆေးတွေကြောင့် နှလုံးရောဂါကို ထိခိုက်လာခဲ့ပါတယ်။

အသက်၅၅နှစ်အရွယ်ရှိနေချိန်မှာတော့ မနက်ခင်းတစ်ရက်တွင် အသက်ရှုမရအောင်ဖြစ်လာခဲ့ပြီး ဘေးအိမ်တွေကိုအကူအညီတောင်းကာ လူနာတင်ကားခေါ်ယူခဲ့သော်လည်း အချိန်မီကုသနိုင်ခြင်းမရှိခဲ့တာဟုသိရပါတယ်။

Shoon (Cele Daily)

Zawgyi







Shoon (Cele Daily)
Crd

Leave a Reply

Your email address will not be published.