ရောဂန္တရကပ်ရော သတ္တန္တရကပ်ပါ တပြိုင်နက်တည်းလာပြီး ကပ်သိမ်းတော့မှာမို့…

Knowledge

ရောဂန္တရကပ်ရော သတ္တန္တရကပ်ပါ တပြိုင်နက်တည်းလာပြီး ကပ်သိမ်းတော့မှာမို့…

ကပ် သိမ်း ပွဲ စ ပြီ

နှစ်လအတွင်း မိမိတို့ အဆင်ပြေတဲ့အချိန် ရတနသုတ်တော်ကြီးကို မပျက်မကွက်ပူဇော်ကြပါ

ဖြစ်နိုင်လျှင် ကျွန်ုပ်တို့နှင့်အတူ ည(7)နာရီ အချိန် ပူးပေါင်း ပူဇော်မူ့တွင် ပူးပေါင်းပါဝင်ပူဇော်ပေးကြပါ။

ဘယ်လိုအကြောင်းနဲ့မှ ရတန သုံးပါးကိုမစော်ကားကြပါနဲ့။

ခင်ပွန်းကြီးဆယ်ပါးအားညစဉ် ရှိခိုးတောင်းပန်ပါ။ သတိယ တိုင်း အရဟံ ဂုဏ်တော်ကိုရွတ်ဆို ပွားများပါ

( အရဟံ- ကိလေသာမှ ကင်းစင်တော်မူသောမြတ်စွာဘုရားဟု) အနက်ကော မြန်မာပြန်ပါ တွဲပွားများပါ။ သတိယတိုင်း ပွားပါ။

တတိယ လှိုင်းကဲ့သို အသေအပျောက်မရှိပါ။ လက်ကျန် လောက်ပဲ ရှင်းမှာမို့ ကြောက်စရာမလိုပါဘူး။

ရောဂန္တရကပ်ရော သတ္တန္တရကပ်ပါ တပြိုင်နက်တည်း လာပြီး ကပ်သိမ်းတော့မှာမို့ အကုသိုလ် အကြီးစားကြီတွေမလုပ်ကြဖို့ အထူးတိုက်တွန်းပါတယ်။

ယက်သဲ့ကြား ငါးတင် တင်တဲ့ ငါးကို ကြောင်စားဖို့ အပျက်အစီး နည်းနည်းတော့ လာပါလိမ့်မယ်။

မြေဘုတ် ဘီလူး ဘေးတွေ အမနုသ ဘေးတွေ နည်းနည်း ပြန်လာမှာမို့ အထူးဂရု စိုက်ကြဖို့အထူး တိုက်တွန်းပါတယ်။

သူတို့တွေ အခု လူတွေကြားထဲ ရောက်နေပါပြီ မြင်တဲ့သူတွေလည်း မြင်တွေ့နေကြပါပြီ။

အရိယာ သူတော်ကောင်းကြီးတွေကလည်း သီလ သမာဓိ ပညာ နဲ့ကယ်သလိုဝိဇ္ဇာ တွေကလည်း သက်ဆိုင်သူတွေကို ကယ်နေပါပြီ။

ကပ်ဘေးက လွတ်မြောက်ကျော်လွန်ဖို့ရတန သုံးပါး မစော်ကာကြဖို့ ခင်ပွန်းကြီးဆယ်ပါးကို မပြစ်မှားကြဖို့ ထပ်လောင်း တိုက်တွန်းပါတယ်။

ရတန သုတ်တော်ကြီးပူဇော်မူ့ကို ဘယ်လိုအကြောင်းနဲ့မှ မရပ်တန့်ကြပါနဲ့ အရဟံဂုဏ်တော်ကိုလည်း သတိယတိုင်း ပွားများကြပါ။

နှစ်လ အတွင်း အထူးဂရု စိုက်ကြပါ။

Credit – ဦးမြင့်ခိုင်

Leave a Reply

Your email address will not be published.