ဖားနှစ်ကောင်ကို ပေးစားကာ မိုးခေါ်ခဲ့သည့်ပြည်နယ် ရေကြီးခဲ့သဖြင့် ထိုဖားနှစ်ကောင်ကို ပြန်လည်ကွာရှင်းပေးခဲ့ရ




မိုးရွာသွန်းစေဖို့ ဆုတောင်းတဲ့အနေနဲ့ ဖားနှစ်ကောင်ကို မင်္ဂလာပွဲကျင်းပပေးခဲ့ပီး နှစ်လခန့်အကြာမှ ာအိမ်ခြေ (9,000)ခန့်ရေနစ်မြုပ်သွားခဲ့ရလို့ပြန်ကွာရှင်းပေးလိုက်ရတယ်ဆိုတဲ့အဖြစ်ကြီးအိန္ဒိယနိုင်ငံမှာ အမှန်တစ်ကယ်ဖြစ်ပေါ ်ခဲ့ရပြန်ပါတယ်




နိုင်ငံတိုင်းမှာတော့ကိုယ်ယုံကြည်ရာ၊ကိုးကွယ်ရာဓလေ့ကိုယ်စံကိုယ်စီရှိကြပါတယ်။ ထိုနည်းတူပဲအိန္ဒိယနိုင်ငံကမိုးခေါင်ရေရှားတဲ့ဒေသဖြစ်တဲ့ Bhopal မှာတော့၊မိုးခေါ်တဲ့အနေနဲ့မိုးနတ်မင်းကြီး




ဆီဆုတောင်းပသဖို့ဆိုပီး၊ဖားစုံတွဲကိုမဂ်လာဆောင်ပေးရင်မိုးလာစေတဲ့အယူဓလေ့ကြောင့်ဘုရားကျောင်းတခုမှာမင်္ဂလာပွဲဆင်နွှဲစေခဲ့ပါတယ်။




ထို့နောက် Bhopal ဒေသမှာမိုးလာစေဖို့ဖားနှစ်ကောင်ကိုလက်ထပ်ပွဲကျင်းပပေးခဲ့ပီးနှစ်လအကြာမှာတော့၊အိန္ဒိယနိုင်ငံမှာ (13)နှစ်တာကာလအတွင်၊း မရွာစဖူးရွာလိုက်တဲ့မိုးသက်လေးပြင်းကြီးကြောင့်အိမ်ခြေ(9,000)ရေနစ်မြုပ်ပျက်စီးခဲ့ရပီးရေဘေးဒုက္ခသည်အများအပြားဖြစ်ခဲ့ရတယ်လို့သိရှိရပါတယ်။




ထိုအဖြစ်ကြောင့် Bhopal အစိုးရဟာ၊ အလျင်အမြန်ပဲ ၎င်းတို့ဒေသခံတွေနဲ့အတူ လက်ထပ်ပွဲကျင်းပပေးခဲ့တဲ့ဖားနှစ်ကောင်ကိုကွာရှင်းစေဖို့အတွက်၊ဘုရားကျောင်းတစ်ခုမှာကွာရှင်းပွဲချက်ချင်းပဲပြုလုပ်စေခဲ့ပါတယ်။




ထိုဖြစ်ရပ်ဆိုးကြီးနဲ့ကြုံခဲ့ရတာကြောင့်ထိုဖားနှစ်ကောင်ရဲ့ဇာတ်လမ်းဟာလဲ၊အဲ့ဒီညမှာပဲဇာတ်သိမ်းသွားခဲ့တယ်လို့သိရှိရပါတယ်။




crd