လက်ထပ်ဖို့ သဘောမတူတဲ့မိခင်ကြောင့် ကားဘီးဖတ်ပြီး ကောင်လေးနောက်….

Knowledge

အိမ်ထောင်ပြုတယ်ဆိုတဲ့အရာက အမျိုးသမီးတွေ အတော်များများအတွက်တော့ အရေးကြီးလွန်းလှပါတယ်။

အကြောင်းကတော့ အမျိုးသမီးတွေအတော်များများဟာ ယောင်္ကျာနောက်လိုက်ပြန်ကြရပြီး ၊ အဝေးကလူနဲ့ အိမ်ထောင်ပြုခဲ့ရင် မိဘ ၊ ဆွေမျိုးတွေနဲ့ အဝေးမှာ တစ်ယောက်တည်ရဲ ကြိုးစားနေထိုင်သွားကြရမှာမို့ပါပဲ။

ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံက အမျိုးသမီးတစ်ဦးရဲ့အဖြစ်ဟာ မထင်ထားလောက်အောင် လူပြောများစရာဖြစ်စေခဲ့ပါတယ် ။

အကြောင်းကတော့ သူမဟာ လုပ်ငန်းတစ်ခုမှာ အတူလုပ်ကိုင်တဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးနဲ့ အချိန်အတော်ကြာချစ်ကြိုက်ခဲ့မိပြီးနောက် လက်ထပ်ဖို့ အဆင်သင့်ဖြစ်ခဲ့ပြီး ကောင်မလေးဟာ သူမရဲ့မိဘတွေနဲ့ တွေ့ဆုံဖို့ ကောင်လေးကို အိမ်အလည်ခေါ်ခဲ့ပါတယ်။

အစပိုင်မှာတော့ ကောင်မလေးရဲ့မိခင်က သူမရဲ့ချစ်သူ အပေါ်မှာ ဖော်ဖော်ရွေရွေရှိခဲ့ပေမဲ့ နောက်ပိုင်စကားပြောရင်း ကောင်လေးရဲ့ဇာတိမွေးရပ်မြေက သူမတို့နဲ့အတော်ဝေးကွာလွန်းလှလို့ မိခင်ဖြစ်သူက ရုတ်တရက်စိတ်ပြောင်းပြီး ကောင်လေးကို လုံးဝမကြိုက်သလိုဖြစ်သွားခဲ့ပါတယ်။

ဆုံးဖြတ်ချက်ခိုင်မာလွန်းတဲ့ ကောင်မလေးရဲ့မိခင်ကြောင့် ဘာဆက်လုပ်ရမှန်းမသိတော့တဲ့ ကောင်လေးက ကားမောင်းပြီး ပြန်ဖို့သာ ပြင်ဆင်ခဲ့ပါတော့တယ်။

ထိုအချိန်မှာတော့ ကောင်မလေးက ကောင်လေးနောက်အပြေးလိုက်ပြီး ‘ အမေ့ရဲ့ ဂရုစိုက်မှု မလိုချင်ဘူး ၊ သူ့နောက်ပဲ လိုက်သွားမယ် ‘ ဆိုပြီး အော်ဟစ်ကာ ကောင်လေးရဲ့ ကားဘီးကို မလွတ်တမ်းပွေ့ဖက်ထားခဲ့တာပါ။

ကောင်မလေးရဲ့မိခင်ကလည်း သမီးဖြစ်သူကို မလွတ်တမ်းလိုက်ဆွဲခဲ့လို့ လမ်းမကြီးပေါ်မှာ သူမတို့ရဲ့အဖြစ်ဟာ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရပါတယ်။

Crd

Leave a Reply

Your email address will not be published.