အုန်းထမင်းအား ကိုယ်တိုင် ချက်ပြုတ်ပြီး ရောင်းချနေသော ၁၂နှစ် အရွယ်ကောင်လေး

Knowledge

လူတိုင်းတွင် ရည်မှန်းချက် ပန်းတိုင်ဆိုတာ ကြပြီး တစ်နေ့တွင်ဖြစ်ရမည်ဆိုပြီး အောင်မြင်အောင် ကြိုးစားတတ်ကြပါသည်။



ယခုအခါတွင်လည်း မလေးရှားနိုင်ငံမှ အသက် ၁၂သာရှိသေးသော ကောင်လေးသည် နိုင်ငံတကာ အတော်ဆုံး စားဖိုမှူးတစ်ယောက်ဖြစ်ချင်၍ မီးဖိုချောင်ထဲ ဝင်ပြီး ချက်ပြုတ်ရခြင်းကို ဝါသနာပါခဲ့သည်။



အိမ်တွင် မိသားစုအားအစားအသောက်နှင့်ပက်သက်ပြီး ဖခင်ဖြစ်သူကိုယ်တိုင်ချက်ပြုတ်ကျွေး၍လိုက်ကြည့်ထားကာ ကောင်လေးသည်



ပထမဆုံး ကြက်သားစမ်းကြော်ခဲ့ပြီး မိသားစုအား မြည်းကြည့်ခိုင်းရာ အရသာရှိသည်ဟု ဆိုကြသည်။



ကောင်လေးသည် တဖြည်းဖြည်းချက်ပြုတ်နည်ူများကိုလေ့လာခဲ့ပြီး နောက်ပိုင်းတွင် ဆိုင်လေးတစ်ဆိုင်ဖွင့်ကာ မည်သူ့အကူအညီမှမပါပဲ



တစ်ယောက်တည်း ကိုယ်တိုင်ချက်ပြုတ်ကာ အုန်းထမင်း ဆန်ပြုတ်နှင့် ကြက်ကြော်တို့ကို ရောင်းချခဲ့သည်။



စားသုံးဖူးသူများမှာလည်း ကောင်လေးဧ။် လက်ရာကို စွဲသွားကြ၍ ပုံမှန်အားဖြင့် တစ်နေ့လျှင် ထမင်းထုပ်ပေါင်း ၂၀ကျော် ရောင်းရပြီး



ဝယ်သူများသော နေ့များတွင် အထုပ် ၄၀ နီးပါးအထိရောင်းကောင်းခဲ့သည်ဟု သိရသည်။



crd

Leave a Reply

Your email address will not be published.