Zawgyi
အေမြမေပးသျဖင့္ဖခင္ကိုသားအရင္းႏွင့္ေခၽြးမျဖစ္သူက… See more
အေမြမေပးလို႔ သားနဲ႔ေခၽြးမျဖစ္တို႔က ဖခင္ျဖစ္သူကို မီ-း႐ိႈခဲ့တယ္လို႔ ရဲတပ္ဖြဲ႔က ထုတ္ျပန္ပါတယ္။ အင္းစိန္ၿမိဳ႕နယ္၊ ေစာ္ဘြားႀကီးကုန္းရပ္ကြက္မွာေနတဲ့ အသက္ ၇၂ ႏွစ္အရြယ္ ဦးရွိန္ဝင္းက အင္းစိန္ၿမိဳ႕နယ္၊ ေဖာ့ကန္မွာေနတဲ့
သူနဲ႔ ရင္းႏွီးသူ ေအာင္ထြန္းလင္းဆီကို ၇ ရက္ေန႔ ညေနပိုင္းက ဖုန္းနဲ႔ဆက္သြယ္ၿပီး သူ႔ရဲ႕ သားျဖစ္သူနဲ႔ ေခၽြးမျဖစ္သူတို႔က မီး႐ိႈ႕ထားတယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ဒါေၾကာင့္ အင္းစိန္ၿမိဳ႕မရဲစခန္းက တပ္ဖြဲ႔ဝင္ေတြက သက္ေသေတြနဲ႔ သြားေရာက္ၾကည့္႐ႈရာမွာ
ဦးရွိန္ဝင္းကို ခုတင္ေပၚမွာ မီးေလာင္ဒဏ္ရာေတြနဲ႔ ေတြ႔ခဲ့ရပါတယ္။ ေမးျမန္းၾကည့္တဲ့အခါမွာေတာ့ အသက္ ၄၀ အရြယ္သားျဖစ္သူ ေမာင္ေမာင္ေဇလင္းနဲ႔
အသက္ ၃၅ ႏွစ္အရြယ္ ခိုင္စုေသာ္တို႔က အေမြေတာင္းတာကို မေပးႏိုင္ဘူးလို႔ ေျပာခဲ့တာေၾကာင့္ ခႏၶာကိုယ္ ေအာက္ပိုင္းကို မီးနဲ႔႐ိႈ႕ခဲ့တာလို႔ သိရပါတယ္။ ဒါေၾကာင့္ ေမာင္ေမာင္ေဇလင္းနဲ႔
ခိုင္စုေသာ္တို႔ကို အင္းစိန္ၿမိဳ႕မရဲစခန္းမွာ လူသတ္ဖို႔ အားထုတ္မႈ၊ အျပင္းအထန္နာက်င္ေစမႈ ရာဇသတ္ႀကီးပုဒ္မ ၃၀၇/၃၂၆ နဲ႔ အမႈဖြင့္ထားတယ္လို႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔က ထုတ္ျပန္ထားပါတယ္။
Credit Original
Unicode
အမွေမပေးသဖြင့်ဖခင်ကိုသားအရင်းနှင့်ချွေးမဖြစ်သူက… See more
အမွေမပေးလို့ သားနဲ့ချွေးမဖြစ်တို့က ဖခင်ဖြစ်သူကို မီ-းရှိုခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်မှာနေတဲ့ အသက် ၇၂ နှစ်အရွယ် ဦးရှိန်ဝင်းက အင်းစိန်မြို့နယ်၊ ဖော့ကန်မှာနေတဲ့
သူနဲ့ ရင်းနှီးသူ အောင်ထွန်းလင်းဆီကို ၇ ရက်နေ့ ညနေပိုင်းက ဖုန်းနဲ့ဆက်သွယ်ပြီး သူ့ရဲ့ သားဖြစ်သူနဲ့ ချွေးမဖြစ်သူတို့က မီးရှို့ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒါကြောင့် အင်းစိန်မြို့မရဲစခန်းက တပ်ဖွဲ့ဝင်တွေက သက်သေတွေနဲ့ သွားရောက်ကြည့်ရှုရာမှာ
ဦးရှိန်ဝင်းကို ခုတင်ပေါ်မှာ မီးလောင်ဒဏ်ရာတွေနဲ့ တွေ့ခဲ့ရပါတယ်။ မေးမြန်းကြည့်တဲ့အခါမှာတော့ အသက် ၄၀ အရွယ်သားဖြစ်သူ မောင်မောင်ဇေလင်းနဲ့
အသက် ၃၅ နှစ်အရွယ် ခိုင်စုသော်တို့က အမွေတောင်းတာကို မပေးနိုင်ဘူးလို့ ပြောခဲ့တာကြောင့် ခန္ဓာကိုယ် အောက်ပိုင်းကို မီးနဲ့ရှို့ခဲ့တာလို့ သိရပါတယ်။ ဒါကြောင့် မောင်မောင်ဇေလင်းနဲ့
ခိုင်စုသော်တို့ကို အင်းစိန်မြို့မရဲစခန်းမှာ လူသတ်ဖို့ အားထုတ်မှု၊ အပြင်းအထန်နာကျင်စေမှု ရာဇသတ်ကြီးပုဒ်မ ၃၀၇/၃၂၆ နဲ့ အမှုဖွင့်ထားတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Credit Original