လမ်းမှာမတော်တဆဖြစ်ပြီး သတိလစ်မေ့မြောနေသော အမျိုးသမီးတစ်ဦးရဲ့ အသက်ကို ကယ်တင်ဖို့ သူမရဲ့ See more…

International News







Rain(For Ialinks)

Unicode

လမ်းမှာမတော်တဆဖြစ်ပြီး သတိလစ်မေ့မြောနေသော အမျိုးသမီးတစ်ဦးရဲ့ အသက်ကို ကယ်တင်ဖို့ သူမရဲ့ မင်္ဂလာဆောင်အချိန်ကို နောက်ကျစေခဲ့သော သူနာပြုသတို့သမီးလေး

တရုတ်နိုင်ငံ Dalianမြို့ရှိ လမ်းမပေါ်တွင် သတို့သမီးလေးတစ်ဦးသည် ယာဥ်မတော်တဆဖြစ်ပြီး သတိလစ်မေ့မြောသွားသော လူနာတစ်ဦးအား ကယ်တင်ဖို့ရာအတွက် မင်္ဂလာခန်းမဆောင်သို့ သွားနေသော ကားပေါ်ကနေ ဆင်းခဲ့သည်။


သတို့သမီးလေးသည် တရုတ်တိုင်းရင်းဆေးရုံတစ်ခုမှာ သူနာပြုဆရာမအဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်ပြီး သူမရဲ့ မင်္ဂလာဆောင်မှာ ခွင့်ယူထားပေမယ့် အသက်အန္တရာယ်အတွက် စိုးရိမ်စရာဖြစ်နေသော လူနာကို မြင်တွေ့သောအခါ ကျော်မသွားနိုင်ပဲ အသက်ကယ်တင်ပေးဖို့ ကြိုးစားလုပ်ဆောင်ပေးခဲ့သည်။


သတို့သမီးလေးသည် သူမရဲ့ မင်္ဂလာပွဲနောက်ကျမှာထက် လူနာရဲ့အသက်ကို ဦးစားပေးကာ နှလုံးပြန်ခုန်လာအောင် CPRနည်းနဲ့ အစွမ်းကုန် ကြိုးစားပေးခဲ့တာကြောင့် အများမှ ချီးမွမ်းခဲ့ကြသည်။

Rain(For Ialinks)

Crd

Leave a Reply

Your email address will not be published.