သားဖြစ်သူမှ သူမရဲ့ATMဘဏ်ကတ်ကို ခိုးယူပြီး ထီထိုးခဲ့ရာ အိမ်ကနေမောင်းထုတ်ခဲ့ပေမယ့် ထိုးထားသောလက်မှတ်တစ်စောင်ကနေ သိန်းတန်ထီဆုကြီးပေါက်သွား၍ အိမ်မှာပြန်လာနေရန် လိုက်ချော့ခဲ့သော မိခင်

International News

သားဖြစ်သူမှ သူမရဲ့ATMဘဏ်ကတ်ကို ခိုးယူပြီး ထီထိုးခဲ့ရာ အိမ်ကနေမောင်းထုတ်ခဲ့ပေမယ့် ထိုးထားသောလက်မှတ်တစ်စောင်ကနေ သိန်းတန်ထီဆုကြီးပေါက်သွား၍ အိမ်မှာပြန်လာနေရန် လိုက်ချော့ခဲ့သော မိခင်

လူတိုင်းက ကိုယ့်ရဲ့ကံကို ပြန်မမြင်နိုင်ကြပဲ ကံကောင်းချင်သည့်အခါ နေ့ချင်းညချင်း ကြီးပွားချမ်းသာလာနိုင်ပြီး ကံဆိုးတဲ့အခါမှာလည်း ချမ်းသာဘဝကနေ ဆင်းရဲမွဲတေသွားနိုင်သည်။

သို့ဖြစ်၍ ထိုင်းနိုင်ငံမှ မိခင်တစ်ဦးသည် အိုစာမင်းစာအတွက် ATMဘဏ်ကတ်လေးထဲမှာ ထည့်ထားသော စုဆောင်းငွေလေးတွေကို သားဖြစ်သူမှ မိခင်အလစ်မှာ ခိုးပြီးတော့ ပိုက်ဆံတွေထုတ်သုံးပစ်ခဲ့သည်။

သားဖြစ်သူသည် မိခင်ရဲ့ စုငွေတွေကို ထီလက်မှတ်သုံးစောင်ဝယ်ခဲ့ရာ အိမ်ပြန်ရောက်ချိန်တွင် မိခင်သည် စိတ်ဆိုးပြီးတော့ သားဖြစ်သူအား အိမ်ကနေ မောင်းထုတ်ခဲ့ပေမယ့် ကံကောင်းစွာပဲ သားဖြစ်သူထိုးထားသည့် လက်မှတ်သုံးစောင်ကနေ တစ်စောင်မှာ ၁၂သိန်းတန်ထီပေါက်သွားခဲ့သည်။


ထိုအချိန်တွင် မိခင်ဖြစ်သူသည် ဝမ်းသာအားရဖြစ်မိပြီး စိတ်တိုနေတုန်း မောင်းထုတ်ခဲ့သော သားဖြစ်သူကို ပြန်လိုက်ချော့ကာ ကွယ်လွန်သွားပြီဖြစ်သော ဖခင်အတွက် ကောင်းမှုကုသိုလ်လေးလုပ်ပေးရင်း ရပ်ရွာကောင်းကျိုးအတွက်လည်း အလှူငွေများစွာ ပေးလှူခဲ့သည်။

Rain (For Ialinks)
Crd

Leave a Reply

Your email address will not be published.