သားအမိနှစ်ဦးစကားများသဖြင့်ငိုနေသည့်သမီးဖြစ်သူအားမိခင်မှမငိုအောင်ဦးထုပ်ဖြင့်See more




မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် ပဲခူးတိုင်းဒေ သကြီး၊ ရွှေကျင်မြို့နယ်၊ မြို့မရဲစခန်း၌ရေးဖွင့်ထားသည့် သေမှုသေခင်းအမှတ်စဉ်(၂/၂၀၁၇)မှ သေဆုံးသူ မနီလာအောင်(၃)နှစ်နှင့် ပတ်သက်၍ တပ်ဖွဲ့ဝင်များက




၎င်း၏ မိခင် မအေးယုခိုင်(၂၂)နှစ် အား သက်သေများနှင့်အတူ စစ်ဆေးခဲ့ပါသည်။ ပြီးခဲ့တဲ့ နံနက် ၇ နာရီအချိန်က ဒေါ်မာမာအေး(၄၆)နှစ်မှ သမီးဖြစ်သူ မအေးယုခိုင်၏ သွားလာနေထိုင်မှုများနှင့်




ပတ်သက်၍ ပြောဆို ဆုံးမရာက သားအမိနှစ်ဦးစကားများသဖြင့် မအေးယုခိုင်သည် သမီးဖြစ်သူ မနီလာအောင်အား ခေါ်ဆောင်ကာ ခြေဦးတည့်ရာသို့ထွက်လာကြောင်း သိရသည်။




ထိုသို့ထွက်လာစဉ် ဂျိုးပင်ရွာအနီးအရောက် မနီလာအောင်မှ ဗိုက်ဆာသည်ဟုပြောပြီး ငိုယိုနေသဖြင့် ချော့မော့ပြောဆိုရာ မရသောကြောင့် လည်ပင်းကိုကိုင်၍ ဦးထုပ်ဖြင့် နှာခေါင်းနှင့်ပါးစပ်တို့အား




အတင်းပိတ်ထားစဉ် အသက်ရှူကြပ်၍ သေဆုံးသွားကြောင်း၊ မနီလာအောင်အား မှောက်လျက်အနေအထားဖြင့် ပစ်ထားခဲ့ကြောင်း စစ်ဆေးသိရှိရပါသည်။




အဆိုပါ သေဆုံးမှုနှင့် ပါတ်သတ်၍ မအေးယုခိုင် အား ဖမ်းဆီးပြီး သေမှုသေခင်းမှ ရွှေကျင်မြို့မရဲစခန်း(ပ)၃၂၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ ဖြင့် ပြောင်းလဲရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက် အရသိရပါသည်။




Credit Original