သရုပ်ဆောင်နဲ့ မော်ဒယ်လ် ခင်ရူပကတော့ အသက် (၁၄) နှစ်အရွယ်ကတည်းက အလှမယ်ပြိုင်ပွဲတွေမှာ




ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး Miss Tourism Beauty Pageant 2011 ပြိုင်ပွဲကြီးမှာ Winner တစ်ယောက်အဖြစ်
လူသိများကျော်ကြားခဲ့သူဖြစ်ပါတယ်။ ခင်ရူပက အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာ အလုပ်တွေကို ရပ်နား




လိုက်ပြီး သူမရဲ့ကိုယ်ပိုင်စီးပွားရေးအလုပ်နဲ့ ခင်ပွန်းဖြစ်သူရဲ့ အလုပ်တွေကို ကူညီလုပ်ကိုင်ရင်း တည်ငြိမ်တဲ့ဘဝ
တစ်ခုကို ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။
အိမ်ထောင်သည်အမျိုးသမီးဖြစ်တဲ့ ခင်ရူပဟာ ဒီကနေ့မှာတော့ သူမနဲ့ခင်မင်ရင်းနှီးတာကို အခွင့်ကောင်းယူပြီး




ထိကပါးရိကပါးမပြုလုပ်ဖို့ သတိပေးလာခဲ့ပါတယ်။ခင်ရူပက “တချိူ့ အမျိုးသားများရှင် ကျမခင်တတ်ပါတယ်..
မရိုင်းတတ်ပါဘူး ဒါမယ့်နှုတ်ဆက်ရင် ထိကပါးရိကပါးကိုင်တာတွေ ပွတ်တာတွေ လုံးဝ အဆင်ပြေမနေပါဘူးနော်။
ကျမဘယ်လိုဘဲဝတ်ဝတ်ရှင်တို့ ထိခွင့်မရှိပါဘူးနော်! ဒါကျမလွတ်လပ်ခွင့်ပါ။ ဖက်တာလည်းမကြိုက်ပါဘူး ဒီတိုင်း




ခင်မင်ရင်းနှီးစွာမဖက်မထိဘဲ နှုတ်ဆက်ပါ.. စိတ်အရမ်းအခန့်မသင့်လာရင် ဆွဲထိုးပါမယ်နော်။




ဆိုရှယ်ကျမနေဘူးနော် သိဖို့က ကိုယ်လည်း သူများလင်ဆို အရမ်းဆင်ခြင်တယ် ဘယ်လောက်ခင်ခင် သတိအရမ်းထားတယ်။ ပြီးတော့အိုကြီးအိုမချောလှလည်းမနေကြဘူး .. သူငယ်အဆင်အတောင့်အဖြောင့်ဆိုလည်း




ဟုတ်သေး ?” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားလာခဲ့တာဖြစ်ပါတယ်။ခင်ရူပကတော့ သူမကိုယ်
တိုင်လည်း သားမယားရှိတဲ့ အမျိုးသားတွေနဲ့ ခင်မင်ရင်လည်း ဆင်ခြင်သလို သူမအပေါ်ကိုလည်း လေးစားမှုရှိဖို့
ပြောလာတာပဲဖြစ်ပါတယ်။




Source: Khin Yupa ‘s fb
Credit ; Cele Active World