စာတတ်ပေတတ် ဘုန်ကြီးတပါးရဲ့ လောဘကြောင့် ဘဝပျက်ရတဲ့ မြေအလှူရှင် မိသားစုရဲ့ ရင်နာစရာအဖြစ်အပျက်

Local News

သာသနာတော်ကြီး စည်ပင်ပြန့်ပွားလိုတဲ့ စေတနာကြောင့် ပရိယတ္တိစာသင်တိုက်ကြီးဆောက်လုပ်နိုင်စေဘို့ စေတနာသဒ္ဓါတရားထက်သန်စွာနဲ့ မြေလှူခဲ့မိတာနဲ့ မိမိတို့ရဲ့အသိုက်အမြုံတွေကို ရက်ရက်စက်စက်ဖျက်စီးခံရလိမ့်မယ်လို့လုံးဝမထင်ထားဘူး။

စာတတ်ပေတတ်ဆရာတော်မို့ ကြည်ညိုလွန်းလို့ မိဘနှစ်ပါးက ပင့်ဆောင်ပြီး နှစ်ပေါင်းငါးတယ်နီးပါးနေလာခဲ့တဲ့မြေထဲက ပေ(200×300) ဧကအားဖြင့် 2 ဒဿမ 81 အကျယ်အဝန်းရှိတဲ့မြေကို 17.12.2000 ရက်နေ့မှာ စာချုပ်စာတန်းနဲ့ လှူတန်းခဲ့ကြပါတယ်.. မြေအလှူခံသူ ဆရာတော်ဦးစန္ဒသိရီမှ ထိုမြေကို အုတ်တံတိုင်းအခိုင် အမာကာရံပြီး ဓမ္မဒီပကျောင်းဟု အမည်ဖောက်ပြီး ဆက်လက်သီတင်းသုံးနေထိုင်ခဲ့ပါတယ်။

အရှင်စန္ဒသိရီသည် မိမိပိုင်မြေကို သာသနာ့မြေလျော က်ယူရာတွင် ကျောင်းဝင်းပြင်ပနေထိုင်သူ အလှူရှင်မိသားစုများရဲ့ မြေကိုပါ အလှူရှင်များမသိစေဘဲ တိတ်ဘတဆိတ်လျောက်ယူခဲ့ပြီး မိမိတို့အား သာသနာ့မြေမှာ ကျူးကျော်ကြသူများဟု စွပ်စွဲကာ မြေပွဲစားလုပ်လစားသူ ထောင်ထွက်ဦးဝင်းတင်ဆိုသူအား ကိုယ်စား လှယ်ပြု၍ မိမိတိုကို တရားရုံးတွင် တရားစွဲဆိုခဲ့ပါတယ်။

တရားစွဲဆိုခံ အိမ်ထောင်စု (၆)စုမှာ ရိုးသားစွာနေထိုင်ပြီး လက်လုပ်လက်စားဆင်းရဲသားများဖြစ်ပြီး တရား ရုံးတွင် ဆယ်နှစ်ခန့်တရားရင်ဆိုင်နေကြရသဖြင့် လူနေမှုနိမ့်ကျကာ ဆင်းရဲတွင်းနက်သည်ထက် နက်ခဲ့ကြပါတယ်။တရားရင်ဆိုင်ချိန်မှာလည်း တဖက်ရှေ့နေ၏ လိုရာစွဲမေးသော မေးခွန်းများကိုသာ ဖြေခဲ့ရသလို သံဃာ့နာယကရုံးတွင်လည်း သံဃာတော်တို့အား တုဖက်လျောက်ထားခွင့်မရှိဘဲ မေးသမျှဖြေကြရတာကြောင့် ပိုင်ဆိုင်မှု စာရွက်စာတန်း အခိုင်အမာလုပ်ပြီး ရယူထားတဲ့ ဆရာတော်ဦးစန္ဒသိရီကသာ အနိုင်ရခဲ့တာဖြစ်ပါတယ်..

ကိုယ်တိုင်ပင့်ဆောင်ပြီး မြေနေရာလှူခဲ့လို့ စာတ တ်ပေတတ်ပုဂိုလ်ကြီးနဲ့ လူလည်ထောင်ထွက်ဦးဝင်တင်နဲ့ အပေါင်းအပါတစ်စုရဲ့ အနိုင်ကျင့်ဗိုလ်ကျတာခံရပြီး ယခုအချိန်မှာ ရက်ရက်စက်စက် မိမိတို့အိုးအိမ်တွေ ဖျက်စီးခံရပြီး လမ်းဘေးမှာ ညှိုးငယ်စွာနေရတဲ့ အိုးမဲ့အိမ့်မဲ့ဒုက္ခသည်ဘဝကို ရောက်ကြရတာပါဘဲ။အမှန်တရားကို အမှန်အတိုင်း ရိုးသားစွာဖော်ပြခြင်းသာဖြစ်တဲ့အတွက် စာနာသောအားဖြင့် ပြန်လည်မျှဝေခြင်းဖြင့် ကူညီပေးကြပါရန် အထူးမေတ္တာရပ်ခံပါတယ်ရှင်.. (မူလလှူဒါန်းခဲ့တဲ့ ပိုင်ရှင်ရဲ့ သမီး Khin Maddy)

ပြင်ဦးလွင်မြို့မှ သီတင်းသုံးတော်မူကြသော ရပ်ကြေးဥက္ကဌဆရာတော်များ မြို့နယ်သံဃနာယက ဆရာတော်များဘုရား ဒီမြေ လူတန်းမှုကိစ္စဟာ နှစ်အတော်လည်းကြာပီဖြစ်သလို အရှင်ဘုရားတို့အနေနဲ့လည်း သိတောာ်မူပီးကြပီလို့ တပည့်တော်ယူဆပါတယ်ဘုရား..ခုနောက်တစ်ကြိမ် အသိပေးရှောက်ထားပါရစေဘုရား..

အလှူရှင်ကတော့ တပည့်တော် တင်ထားဓာတ်ပုံထဲမှ အလူရှင် ဦးဇင်းဉီးကေလာသပါဘုရား.. ခုတော့ ပျံလွန်တော်မူသွားပါပီဘုရား..

နောက်တစ်ယောက်ကတော့ ဦးဇင်းဦးကေလသ လူ့ဘဝ ကတော်စပ်ခဲ့တဲ့အမျိုးသပီးပါဘုရား အဖွားလည်း ဆုံးသွားတာကြာပါပီဘုရား..

နောက်တစ်ပါးကတော့ အလူခံပုဂ္ဂိုလ်ကတော့ ဆ ရာတော် အရှင်စန္ဒာသိရီပါ.. ဘုရားတပည့်တော် ရှောက်တင်ချင်တာကတေ့ာ ဒီဦးဇင်းနဲ့ဒကာမက လူတန်းခဲ့တဲ့မြေအလှူကိစ္စလေးပါ ဘုရား.. တကယ်ဦးဇင်းတို့ မြေအကျယ်က ၁၂ ဧကပါ.. အဲ့ဒီမှ တကယ်လူတန်းခဲ့တာက ၃ ဧကပါဘုရား.. အဲ့ဒီနောက်အလှူခံပုဂ္ဂိုလ် ဆရာ တော် အရှင်စန္ဒာသိရီက ဓမ္မဒီပဆိုကျောင်းကို မြေအလူရှင်ကျောင်းအလူများနဲ့ ကျောင်းဆောက်ပီး သတင်းသုံးနေထိုင်တော်မူပါတယ်ဘုရား..

နောက်နှစ်အနည်းငယ်ကြာတော့ ဆရာတော် အရှင်စန္ဒာသိရီမှ မြေအလှူရှင်များကို တရားဆွဲဆိုပါတယ်ဘုရား.. အဲ့ဒါကတော့ ခုသူ့ကို လှူဒါန်းတဲ့မြေတွေရော မလှူဒါန်းတဲ့မြေတွေကိုပါ ဆရာတော်ပိုင်ဖြစ်ပီး အလှူရှင်တွေက သူကျောင်းအတွင်းမှာ လာရောက်ကျူးကျော်နေထိုင်ပါတယ်ဆိုပီး တရာဆွဲဆိုပါတယ်ဘုရား..

တကယ်တော့ အဆရာတော် အရှင် စန္ဒာသိရီက အလှူ ရှင်တွေ မသိအောင် ကျောင်းအနောက်နှင့်ဘေးက အလှူရှင်များနေထိုင်တဲ့အိမ်တွေကို မရှိသလိုလိုနဲ့ သစ်တောမှာ သာသနာ့မြေအဖြစ် သွားရှောက်ပါတယ်ဘုရား.. ဒါကို သစ်တော်ကလဲ ကွင်းဆင်ပီးစစ်ဆေးမှုမရှိပဲ သာသနာ့မြေအဖြစ် ချပေးပါတယ်.. သာသနာ့မြေလဲကျရော အလှူရှင် မိသားစုကို သူ့ကျောင်းဝိုင်းအတွင်းမှာ နေထိုင်တယ်ဆိုပီး မောင်းထုတ်ပါတယ်ဘုရား။


အရင်ကတော့ အလူရှင်ဦးဇင်းဦးကေလာသနဲ့ အလှုရှင်ဒကာမကြီးတို့ မတိမ်းပါခင်ကတည်းက တရာဆွဲဆိုခဲ့တာပါ.. ခုသားသမီး/မြေးတွေလက်ထက်မှာ အမှုရှုံးပြီး အပြင်ကို စွဲထုတ်ခံရပါတယ်ဘုရား.. ခုအလှူရှင်တွေကတော့ လမ်းဘေကိုရောက်နေပါပီဘရား.. မြေလှူဒါန်းခဲ့တာလဲအမှန်ပါ.. စာချုပ်စာတန်းလည်းရှိပါတယ်.. သက်သေတွေလည်းရှိပါတယ်။

တကယ်တော့ ဆရာတော် အရှင်စန္ဒာသိရီက လူအချို့နဲ့ပေါင်းပီး အမှန်တရာကို အမှားဖြစ်အောင်လည့်စားပီး မလှူဒါန်းတဲ့မြေတွေကိုသူပိုင်ပါတယ်ဆိုပီး အလှူရှင်မိသားစုကို တရားစွဲဆိုပါတယ်ဘုရား.. အမှုဆိုတာက တော့ ငွေများရင် တရားနိုင် ဆိုတဲ့စကားအတိုင်း ပေးနိုင်ကမ်းနိုင်ရင်တော့ အမှုကတော့နိုင်ပါတယ်ဘုရား..

တပည့်တောပြောတာက တရားဥပဒေကို မလေးစာလို့မဟုတ်ပါ.. ခုတော်တော်များများဖြစ်နေတာကို ပြောတာပါဘုရား.. တကယ်တော့ သံဃာတစ်ပါးအနေနဲ့ သာသနာ့မြေလျှောက်တယ်ဆိုရင်တောင် လူထားတဲ့ ၃ ဧကကိုပဲ လျှောက်သင့်ပါတယ်ဘုရား.. ခုတော့ဆရာ တော် အရှင်စန္ဒာသိရီက အလှူရှင်များမသိအောင် ကျန် ၉ ဧကပါ သာသနာ့မြေအဖြစ် လျှောက်ပါတယ်ဘုရား.. အဲ့ဒါက သံဃာတစ်ပါးအနေနဲ့ ဘယ်လိုအပစ်မျိုးဖြစ်နိုင်ပါသလဲဘုရား.. အရှင်ဘုရားတို့အနေနဲ့ ပြန်လည်စီစစ်ပေးဖို့ လျှောက်ထားတောင်းပန်လိုပါတယ်ဘုရား..

အမှုရှုံးတယ်ဆိုပေမယ့် ဝိနစ္စယနဲ့တော့ ရှုံးမယ်လို့ တပည့်တော် မထင်ပါဘူးဘုရား.. ဒါကတကယ်ဖြစ်နေတဲ့ကိစ္စပါ.. လှူဒါန်းထားတဲ့ စာချုပ်စာတန်းနဲ့ သက်သေအထောက်အထားတွေလည်း ရှိပါတယ်ဘုရား.. ဆရာ တော်တို့အနေနဲ့ ရပ်ကြေးဆရာတော်များ မြို့နယ်သံဃ့နာယတော်များမှ မြေအလှူရှင်များအပေါ် သနားဂရုနာရှေ့ထား၍ အမှုမှန်ပေါ်ပေါက်ရန် ပြန်လည်လက်ခံစီစစ်ပေးသနားတော်မူကြပါရန် ရတနာ သုံးပါ ဂုဏ်ကျေးဇူးကို ရည်မှန်းပီး လျှေက်ထားအပ်ပါသည် ဆရာတော်ဘုရားများ ဘုရား။

Crd

Leave a Reply

Your email address will not be published.