အကြွေးရစရာရှိလို့ တောင်းမည်လုပ်တိုင်း ဖုန်းဆက်လည်းမကိုင် စာပို့လည်းမဖတ်သော သူငယ်ချင်းဖြစ်သူရဲ့ ပုံကို ပိုစတာကြီးနဲ့ အကြွေးပြန်ဆပ်ရန် ရပ်ကွက်လမ်းတစ်လျှောက် လိုက်ကပ်ခဲ့သည့် မိန်းကလေး

International News

အကြွေးရစရာရှိလို့ တောင်းမည်လုပ်တိုင်း ဖုန်းဆက်လည်းမကိုင် စာပို့လည်းမဖတ်သော သူငယ်ချင်းဖြစ်သူရဲ့ ပုံကို ပိုစတာကြီးနဲ့ အကြွေးပြန်ဆပ်ရန် ရပ်ကွက်လမ်းတစ်လျှောက် လိုက်ကပ်ခဲ့သည့် မိန်းကလေး

ထိုင်းနိုင်ငံမှ အသက်၂၃နှစ်အရွယ် မိန်းကလေးတစ်ဦးသည် အထက်တန်းကျောင်းအောင်ပြီးနောက် ၆နှစ်အကြာ အလုပ်တူတူတွဲလုပ်ခဲ့သော သူငယ်ချင်းဖြစ်သူမှ အကြွေးပေးစရာရှိတာ

မပေးပဲ ပုန်းရှောင်နေတာကြောင့် လမ်းမတစ်လျှောက်ရှိ ဓာတ်တိုင်တွေမှာ အကြွေးဆပ်ရန် သူငယ်ချင်းဓာတ်ပုံကို ပုံကြီးချဲ့ပြီးတော့ လိုက်ကပ်ခဲ့သည်။

မိန်းကလေးသည် သူမပေးချေးထားသောပိုက်ဆံမှာ ဘတ် ၁၀၇၀၀ရှိပြီး အကြွေးတောင်းသည့်ခါတိုင်း သူငယ်ချင်းဖြစ်သူမှာ ဖုန်းဆက်လည်းမကိုင် စာပို့သော်လည်း ပြန်မပို့ပဲ အပျော်ခရီးတွေကျ ထွက်လည်ခဲ့သည်။

သူငယ်ချင်းဖြစ်သူသည် အဝတ်အစားသစ်တွေဝယ်ကာ ကားအသစ်တစ်စီးကိုလည်း အရစ်ကျနဲ့ ဝယ်ယူထားပြီး အလှပြင်ဆိုင်တွေလည်း နေ့တိုင်းသွားရောက်ခဲ့ပေမယ့်

သူမရဲ့အကြွေးကိုတော့ ပြန်ပေးမည့်ကြောင်း စကားတစ်ခွန်းလေးပင် မဆိုခဲ့တာကြောင့် သူငယ်ချင်းရဲ့ ဓာတ်ပုံကို ပိုစတာကြီးချဲ့ပြီးတော့ ရပ်ကွက်ထဲလိုက်ကပ်ခဲ့သည်။

Rain (For Ialinks)
Crd

Leave a Reply

Your email address will not be published.