သားအဖချင်းဘာမှမဖြစ်ဘူးဆိုပြီးသမီး(၁၂)နှစ်အရွယ်ကတည်းက(၁၈)နှစ်အရွယ်အထိ … အခုကိုယ်ဝန်(၂)လရှိနေတော့မှ… See more

Local News


နေပြည်တော် လယ်ဝေးမြို့ နယ် အေလာနယ်မြေရဲစခန်းအပိုင်၌ အဖေဖြစ်သူမှ သမီးအရင်းဖြစ်သူအား အကြိမ်ကြိမ် သားမယားအဖြစ်ပြုကျင့်သဖြင့် တိုင်တန်းမှုတစ်ခုရှိကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်မှာ သမီးဖြစ်သူမ (….) အသက် (၁၈)နှစ် (ဘ) ဦးနန်းဝင်းမှာ ဆီးများကျဉ်နေကြောင်း ပြောပြသဖြင့်ပျဉ်းမနားမြို့ ဆေးခန်းသို့ သွားရောက်ပြသခဲ့ရာသမီးဖြစ်သူ (….) တွင် ကိုယ်ဝန် (၂)လ ရှိနေပြီးဖြစ်ကြောင်း စစ်ဆေးသိရှိရ၍ သမီးဖြစ်သူမ (….) အား မိခင်ဖြစ်သူမှ မေးမြန်ကြည့်ရာ…

သမီးဖြစ်သူမှာ ၄င်းအားလွန်ခဲ့သော အသက် (၁၂)နှစ်အရွယ်မှစပြီး ဖခင်ဖြစ်သူနန်းဝင်းမှ တစ်လလျှင် (၂)ကြိမ်ခန့် သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်းနန်းဝင်းမှာ သမီးဖြစ်သူအား ၄င်းကိုင်ဆောင်သောဖုန်းအတွင်းမှ

ညစ်ညမ်းသောဗီဒီယိုများပြသကာ သားမယားအဖြစ်မကြာခဏ ပြုကျင့်ခဲ့ပြီး နင်အမေကိုလည်းမပြောနဲ့ ဘယ်သူကိုမှလည်းမပြောနဲ့ အဖေနှင့်အတူနေရင် သမီးဘာမှမဖြစ်ဘူး သားအဖချင်းပဲဟု နန်းဝင်းမှပြောဆိုခဲ့ကြောင်း ပြောပြသည။

ထိုသို့ ပြောဆိုပြီး မကြာခဏဆိုသလို သားမယားအဖြစ်ပြုကျင့်ကာ ယခုနှစ်သင်္ကြန်မတိုင်ခင်ထိ ပြုကျင့်ခဲ့ကြောင်း မိခင်မရှိသည့်နေ့ဘက်အချိန်များတွင် သာပြုကျင့်လေ့ရှိကြောင်းကို သမီးဖြစ်သူမ (….) မှ မိခင်အား ပြောပြခဲ့ပါသည်။

ခင်ပွန်းဖြစ်သူမှာ သမီးဖြစ်သူနှင့် ရင်းရင်းနီးနီး နေထိုင်သည်ကို သိရှိနေသော်လည်း ခင်ပွန်းဖြစ်သူကိုကြောက်သဖြင့် မပြောရဲပဲ ယခုသမီးဖြစ်သူမ(….)တွင် ကိုယ်ဝန်(၂)လရှိကြောင်း သိရှိရချိန်မှ မေးမြန်းသိရသဖြင့် သမီးဖြစ်သူ မ(….) အား

သားမယားအဖြစ်ပြုကျင့်ခဲ့သူ နန်းဝင်းအသက် (၃၆)နှစ် (ဘ) ဦးအောင်လွင် ပင်သောင်ရွာ ပင်သောင်အုပ်စု လယ်ဝေးမြို့ နယ်နေသူအား ဥပဒေအရအရေးယူပေးပါရန် တရားလို အမေဖြစ်သူမစိန်မြင့်မှ အေလာနယ်မြေရဲစခန်းသို့ တိုင်တန်းမှုဖြစ်ကြောင်း အေလာနယ်မြေ ရဲစခန်းမှ ရဲမှတ်တမ်းများအရသိရှိရပါသည်။

အဆိုပါတိုင်တန်းမှုအား အေလာနယ်မြေရဲစခန်းနယ်ထိန်း ခေါင်းဆောင်ဒုရဲအုပ်-ဟန်ဝင်းအောင်နှင့် နယ်ထိန်းအဖွဲ့ဝင်များသည် တရားခံရှိရာသို့ နံနက်ပိုင်း အချိန်တွင် သွားရောက်ဖမ်းဆီးခဲ့ပြီး

အေလာနယ်မြေရဲစခန်းမှ (ပ)၉၉ ရာဇသတ်ကြီးပုဒ်မ-(၃၇၆) ဖြင့်အမှုဖွင့်ပြီး အေလာနယ်မြေစခန်းမှ စခန်းမှူး ရဲအုပ်မြက်မင်းသူမှ ဆက်လက်စစ်ဆေးဆောင်ရွက်လျှက် ရှိကြောင်း သတင်းစုံစမ်းသိရှိရသည်။

သတင်းမှတ်တမ်း – အေလာသား(P.F.A)ြ ပည်သူ့မဏ္ဍိုင်~နေပြည်တော်ဟစ်တိုင်

Crd

Leave a Reply

Your email address will not be published.