မင်္ဂလာဆောင်ပွဲတွင်မိုးကြိုးအတွဲလိုက်ပစ်ချသဖြင့်(၁၇)ဦးကွယ်လွန်

International News

မင်္ဂလာဆောင်ပွဲတွင်မိုးကြိုးအတွဲလိုက်ပစ်ချသဖြင့်(၁၇)ဦးကွယ်လွန်

ဘင်္ဂလားဒေရှ့် နိုင်ငံ အနောက်မြောက်ဘက် Shibganj မြို့တွင် မင်္ဂလာဆောင်ပွဲကျင်းပနေသည့် ပါတီပွဲအတွင်း Panama River မြစ်ကမ်းဘက်မှ မိုးကြိုးမုန်တိုင်းများ အတွဲလိုက်ပစ်ချခဲ့သဖြင့် နောက်ဆုံးသတင်းအရ

လူပေါင်း ၁၇ ဦးသေဆုံးပြီး သတို့သားအပါအဝင် ၁၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ The New York Time သတင်းစာတွင်ဖော်ပြခဲ့ပါတယ်။သတို့သား အပါအဝင် ကျန် လူ ၁၄ ယောက်လည်း ဒဏ်ရာရရှိသွားကြပါတယ်။

သတို့သမီးကတော့ ရှိမနေတဲ့ အတွက် ဘာမှမဖြစ်ခဲ့ပါဘူးShibganj မြို့ရဲ့ မြစ်ဆိပ်မှာ သတို့သမီး အိမ်ဆီ သွားဖို့ ရောက်လာကြတဲ့ သတို့သားနဲ့ အဖွဲ့တွေ လှေပေါ်က အဆင်းမှာ မိုးကြိုးမုန်တိုင်းတွေနဲ့ ကြုံခဲ့ရတာ ဖြစ်ပါတယ်။

ဒဏ်ရာရရှိသူတွေကိုတော့ Meherul Islam ဆေးရုံသို့ပို့ဆောင်ကုသထားပြီး ဆေးရုံတာဝန်ခံ Mr. Hossain မှလည်း သေဆုံးသူ ၁၇ ဦးအထိရှိသွားပြီဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ် ။အဲဒီအဖွဲ့ထဲကို မိုးကြိုးအချက်တော်တော်များများ ပစ်ချလိုက်တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

တောင်အာရှ ဒေသမှာ နှစ်စဉ် မိုးကြိုးပစ်ခံရလို့ သေဆုံးရသူ ရာပေါင်းများစွာ ရှိပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နှစ်စဉ်မိုးကြိုးမုန်တိုင်းပစ်ခတ်မှုကြောင့် လူပေါင်းရာချီသေဆုံးလေ့ရှိပြီး လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် မေလ တစ်လအတွင်း မိုးကြိုးပစ်ခံရမှုကြောင့် လူပေါင်း ၈၂ ဦးအထိသေဆုံးခဲ့ပြီး တစ်နှစ်အတွင်း လူပေါင်း ၂၀၀ ကျော်သေဆုံးခဲ့ပြီး

တရက်တည်းမှာတင် လူ ၈၂ ဦးအထိ သေဆုံးခဲ့ရတာကြောင့် အစိုးရက မိုးကြိုးပစ်တာကို သဘာဝဘေးအန္တရာယ်အဖြစ်တောင် ကြေညာခဲ့ပါတယ်။ ။အထူးသဖြင့် အပူရှိန်အမြင့်မားဆုံးနှင့်ဥတုအပြောင်းအလဲဖြစ်တတ်သည့် မတ်လ ၊ မေလနှင့်ဇူလိုင်လများတွင် မိုးကြိုးများပစ်ချခံရလေ့ရှိပါသည် ။

ကျွမ်းကျင်သူတွေကတော့ တောပြုန်းလာတာတွေကြောင့်လည်း ပါတယ်လို့ ဆိုကြပါတယ်။ အရင်က မိုးကြိုးအပစ်ခံရလေ့ ရှိတဲ့ အပင်မြင့်ကြီးတွေ ပျောက်ကွယ်သွားတာကြောင့် အခုလို မိုးကြိုးပစ်ခံရတဲ့ လူအသေအပျောက်နှုန်း တက်လာတာ ဖြစ်တယ်လို့ ပြောပါတယ်။

Crd

Leave a Reply

Your email address will not be published.