နေအိမ်၌အတူရှိနေစဉ်လင်မယားစကားများရန်ဖြစ်ကြရာဇနီးဖြစ်သူမှခင်ပွန်းအား… See more

Local News

Zawgyi


လှည်းကူး၊ သတင်း







ကျော်စွာ(လှည်းကူး)

Unicode

နေအိမ်၌အတူရှိနေစဉ်လင်မယားစကားများရန်ဖြစ်ကြရာဇနီးဖြစ်သူမှခင်ပွန်းအား… See more

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အင်းတိုင်ကျေးရွာအုပ်စု၊ စက်စုကျေးရွာတွင် ယမန်နေ့ နေ့လည်ပိုင်းကဇနီးဖြစ်သူမှခင်ပွန်းအား

ဓါးဖြင့်ခုတ်သတ်မှု့ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။အင်းတိုင်ကျေးရွာအုပ်စု၊ စက်စုကျေးရွာနေသူ ဦးခင်ဇော်မိုး ၅၀နှစ်(ဘ)ဦးလှရွှေနှင့်

ဒေါ်ဖြူဖြူဝင်း ၄၉နှစ်(ဘ)ဦးကျော်တင်တို့နှစ်ဦးသည် နေအိမ်၌အတူရှိနေစဉ် လင်မယားစကားများရန်ဖြစ်ကြရာမှ ခင်ပွန်းဖြစ်သူ ဦးခင်ဇော်မိုးကို ဇနီး ဒေါ်ဖြူဖြူဝင်းက ဓါဖြင့်ခုတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ဇနီးဖြစ်သူမှ ဓါးဖြင့်ခုတ်ခဲ့သဖြင့် ဦးခင်ဇော်မိုးမှာ

ဝဲဂျိုစောင်းပြတ်ရှဒဏ်ရာ၊ ယာလက်မောင်းပြတ်ရှဒဏ်ရာ၊ ယာခြေဖမိုးပြတ်ရှဒဏ်ရာ၊ ဝဲလက်ဖျံပြတ်ရှဒဏ်ရာတို့ရရှိကာ အခင်းဖြစ် နေအိမ်တွင် သေဆုံးသွားခဲ့ပြီး ဒေါ်ဖြူဖြူဝင်းမှာ

ထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်လို့ သိရပါတယ်။အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး သေဆုံးသူ ဦးခင်ဇော်မိုး၏ အကိုဖြစ်သူ ဦးမြင့်ရွှေမှ ညီဖြစ်သူအား ဓါးဖြင့်ခုတ်သတ်ခဲ့သူ ဒေါ်ဖြူဖြူဝင်းကို ဥပဒေအရအရေးယူပေးပါရန်

လှည်းကူးမြို့မရဲတပ်ဖွဲ့စခန်းထံ တိုင်တန်းလာသဖြင့် ရဲစခန်းက (ပ)၁၃၃၀ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂နဲ့ အမှု့ဖွင့်ဆောင်ရွက်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သွားသူ ဒေါ်ဖြူဖြူဝင်းကို ဖမ်းဆီးရမိရေး စုံစမ်း ဆောင်ရွက်လျှက်ရှိတယ်လို့ သိရပါတယ်။

ကျော်စွာ(လှည်းကူး)

Crd

Leave a Reply

Your email address will not be published.