ကင်ဆာရောဂါသည် မိခင်ဖြစ်သူရဲ့အသက်ကို ကယ်တင်ဖို့ရာအတွက် ဆေးကုသစရိတ်ကုန်ကျမည့် ယွမ်၃၅၀၀၀၀နဲ့ သူမကိုယ်သူမ ရောင်းရန် ကြော်ငြာခဲ့သော မိန်းကလေး

International News

ကင်ဆာရောဂါသည် မိခင်ဖြစ်သူရဲ့အသက်ကို ကယ်တင်ဖို့ရာအတွက် ဆေးကုသစရိတ်ကုန်ကျမည့် ယွမ်၃၅၀၀၀၀နဲ့ သူမကိုယ်သူမ ရောင်းရန် ကြော်ငြာခဲ့သော မိန်းကလေး

တရုတ်နိုင်ငံ Gaozhouမြို့ရှိ ကျေးလက်ဒေသတွင် နေထိုင်သော အသက်၁၉နှစ်အရွယ် မိန်းကလေးတစ်ဦးသည် အရေပြားကင်ဆာရောဂါကြောင့် ဆေးရုံတင်ထားရသော မိခင်ဖြစ်သူကို ခွဲစိတ်ကုသမှုခံယူရန် ကုန်ကျငွေကို ပေးဆောင်ဖို့ မတတ်နိုင်တာကြောင့် မိခင်ရဲ့အသက်နဲ့ သူ့ရဲ့ဘဝတစ်ခုလုံးကို ရောင်းစားခဲ့သည်။

မိန်းကလေးသည် မောင်နှမ ၅ယောက်ရှိသည့်ထဲ အကြီးဆုံးသမီးဖြစ်ကာ မိခင်ဖြစ်သူသည် လယ်လုပ်သမားတစ်ယောက်ဖြစ်ပြီး မိသားစုစားဝတ်နေရေးအတွက် ဘဝကိုပင်ပန်းမှုများနဲ့သာ ရုန်းကန်နေခဲ့ရပြီး ကံဆိုးစွာပဲ ကင်ဆာရောဂါဝေဒနာကို ခံစားခဲ့ရကာ မိခင်ဖြစ်သူကို ပိုသနားမိခဲ့သည်။

ထို့ကြောင့် မိန်းကလေးသည် မိခင်ဖြစ်သူရဲ့ ဆေးကုသစရိတ် ကုန်ကျမည့်ငွေ ယွမ်၃၅၀၀၀၀နဲ့ သူမကိုယ်သူမ ရောင်းကာ ဝယ်ယူသည့်သူအနေနဲ့ သူမကို ဘာအလုပ်ပဲခိုင်းခိုင်း မငြင်းဆန်ပဲ အကုန်လုပ်ပေးမည်ဖြစ်ကြောင်း

ဝမ်းနည်းစွာ လိုင်းပေါ်မှာ ကြော်ငြာခဲ့ရာ အများမှ သနားစာနာမိကြပြီး အလှူငွေများပေးဆောင်ခဲ့ကြတာကြောင့် သူမဘဝမပျက်ရတော့ပဲ မိခင်စရိတ်ကို အဆင်ပြေပြေနဲ့ ပေးဆောင်နိုင်ခဲ့သည်။

Rain (For Ialinks)
Crd

Leave a Reply

Your email address will not be published.