ညီမလေးပိုပိုကြောင့် သီချင်းတွေ မဆိုသေးဘူဆိုတဲ့ ဖြူဖြူကျော်သိန်း
ပရိသတ်ကြီးရေအဆိုတော်ဖြူဖြူကျော်သိန်းကတော့ လူထုလှုပ်ရှားမှုကြီးအစကတည်းက ပါဝင်ခဲ့ပြီး စစ်အာဏာသိမ်းမှုကိုလက်မခံဘဲ လမ်းမထက်မှာဆန္ဒထုတ်ဖော်ခဲ့တာလည်းဖြစ်ပါတယ်။
ဒါကြောင့် ဖမ်းဝရမ်းထုတ်ခံထားရပြီးထွက်ပြေးတိမ်း ရှောင်နေရတာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့ဖြူဖြူကျော်သိန်းက ပုဒ်မ၅၀၅ကကိုရိုတ်သိမ်းခံထားရတာလည်းဖြစ်ပါတယ်။

ဒီနေ့လေးကတော့ အဆိုတော်ပိုပိုရဲ့ မွေးနေ့လေးဖြစ်တာကြောင့် ဖြူဖြူကျော်သိန်းက ဆုတောင်းပေးထားတာလည်းဖြစ်ပါတယ်။ဖြူဖြူက Blessed Birthday ပိုပို။
သီချင်းတွေပြန်ဆိုဖို့၊ သီချင်းသစ်တွေထုတ်ဖို့၊ ပွဲတွေဆိုဖို့၊ ပွဲတွေတက်ဖို့၊ ကြော်ငြာတွေရိုက်ဖို့၊ ဓာတ်ပုံတွေရိုက်ဖို့ လာပြောကြတိုင်း သူ့မျက်နှာလေးပဲ ပြေးမြင်တယ်။

ကိုယ်တောင် အပြင်မှာ ၆ လကျော် ၅၀၅ ဝရမ်းပြေးဘဝနဲ့ရှောင်ရပုန်းရတာဒီလောက်ခက်ခဲခဲ့ဖူးတာ သူ့ ခမျာအထဲမှာ ၁နှစ်ကျော်ကြာ မိန်းကလေးတစ်ယောက်အတွက်
ဘယ်လောက်ခက်ခဲလိုက်မလဲ?တစ်ရက်မပြတ် သတိရဆုတောင်းပေးတယ်။ကျန်းကျန်းမာမာနဲ့အမြန်ဆုံးလွတ်မြောက်ပါစေညီမလေးရေဆိုပြီးဆုတောင်းပေးလာတာဖြစ်ပါတယ်။
(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)


Crd
Post Views:
158