လေယာဉ်အကြောပေးထားတောင် နိုင်အောင် မတိုက် နိုင်တဲ့ ‌ေဂါင်းကြီးတို့လပ်တီးကိုမစပါနဲ့လားလို့မေတ္တာ၇ပ်ခံလိုက်တဲ့ပန်ဆယ်လို

News

ဟိုဘက်ရပ်ကွက်မှာ စခန်းသိမ်းခံရတာကို စနစ်တကျ ဆုတ်ခွါ အောင်ပွဲဆင်တယ် ဘာညာ ဖောနေကြတဲ့ အချိန်မှာ ခွေးဇိုးအရှင်လေးတွေ ငုတ်တုတ်လေးနဲ့ ပစ္စည်းတွေပါ ထုတ်ပြလာကြတော့

ယူတို့ အဲ့လောက်ထိ မရက်စက်သင့်ပါနော်။

လေယာဉ်အကြောပေးထားတောင် မနိုင်တဲ့ လပ်တီးကိုမစပါနဲ့လား။

ပန်ဆယ်လို

အကြမ်းဖက်စစ်ကောင်စီတပ်သား အရှင်ဖမ်းမိ ၆ ဦး နာမည်နှင့် သိမ်းဆည်းရမိ လက်နက်ခဲယမ်းများ စာရင်း KNLA ပူးပေါင်းတပ်ဖွဲ့က ထုတ်ပြန်

ရန်ကုန်၊ မေ ၁၉

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သေ့ဘောဘိုးကျေးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ ရှေ့တန်းစခန်းကုန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ မေလ ၁၈ ရက် မွန်းလွဲပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်သား ၆ ဦးကို အရှင်ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကြောင်း ကရင်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ကော်ဘရာစစ်ကြောင်း၏ သတင်းထုတ်ပြန်ချက်တွင် တိုက်ခိုက်ရေးလေယာဉ် Yak- 130 အမျိုးအစား (၂) စီး၊ဗုံးကြဲ‌ လေယာဉ် အမျိုးအစား K-8 လေယာဉ် (၂)စီး၊ ဘက်စုံသုံး တိုက်ခိုက်ရေးလေယာဉ် MiG -29 (၁) စီး ဖြင့် လေကြောင်း တိုက်ခိုက်မှုပေါင်း (၃၅) ကြိမ် ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီ တပ်သား (၆)ဦး အရှင်ဖမ်းဆီးရမိပြီး သေဆုံးအရေအတွက်ကို အတည်ပြုချက် ရယူနေဆဲ ဖြစ်ကြောင်း၊ ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များဘက်မှ တော်လှန်ရေးရဲဘော် (၃)ဦး နိုင်ငံတော်နှင့်ပြည်သူ့အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး (၄)ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဆက်လက် သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိရာတွင် ၈၁ မမ တာဝေး စိန်ပြောင်း (၁)လက်၊ ၆၀ မမ တာဝေးစိန်ပြောင်း(၁)လက်၊ MA -10 အမျိုးအစား RPG (၁) လက်၊ ၆၀ မမကွန်မန်ဒိုစိန်ပြောင်း (၁)လက်၊ MG – 3 စက်လတ်(၁)လက်၊ MA – 2 (၄)လက်၊ MA – 3 (၂) လက်၊ MA – 5 (၁)လက် ၊ ၆၀ မမ ဗုံးသီး (၁၀)လုံး၊ ၈၁ မမ (၁၄) လုံး၊ RPG ဗုံးသီး (၄၆)လုံး ယမ်းတောင့် (၁၆)တောင့်၊ တိုက်မိုင်း (၅)လုံး၊ ကျည်ကာ အင်္ကျီ (၃)ထည်၊ နင်းမိုင်း အကြီး(၃)လုံး၊ နင်းမိုင်းအသေး(၅)လုံး၊ အချက်ပြ သေနတ်(၂)လက်၊ ဒရုန်း(၁)စီး၊

မှန်ဘီလူး(၂)လက်၊ ကျည်ကာဦးထုတ်(၄)လုံး၊ ကျည်ဘောက်(၂၇)ခု၊ ဆက်သွယ်ရေးစက် TS-2000 (၁) ခု၊ သံလိုက်အိမ်မြှောင်(၁)ခု၊ မြေပုံ(၁)ချပ်၊ မိုင်းရှာစက်(၁)ခု၊ လျို့ဝှက်စာရွက်စာတမ်း (အစုံ)၊ ဆက်သွယ်ရေးစက် ဘက်ထရီ(၁)ခု၊ စက်လတ်ကျည်ခါးပတ်တွဲ (၁)ခု၊ ၅.၅၆ ကျည် (၃၀၀၀)တောင့် ခန်၊ ၇.၆၂ ကျည် (၄၀၀၀) တောင့်ခန့်၊ အချက်ပြကျည်(၁၀)တောင့်၊ ဆက်သွယ်ရေးစက် အသေး(၁)လုံး၊ ဂျန်မာစက် (၁) လုံး တို့အား (ကနေဦး) သိမ်းဆည်းရမိကြောင်း သိရှိရသည်။

အရှင်ဖမ်းဆီးရမိသော အကြမ်းဖက်စစ်ကောင်စီ တပ်သားများမှာ

(၁)တပ်ကြပ်ကြီး နိုင်အောင်
(၂)တပ်ကြပ်ကြီး တင်စိုး
(၃)တပ်ကြပ် ကျော်ထွန်း
(၄)ဒုတပ်ကြပ် မျိုးလင်းဇော်
(၅)တပ်သားမောင်ထိုက်
(၆) တပ်သား နိုင်လင်းအောင် တို့ဖြစ်ပြီး စစ်သုံ့ပန်း များအတွက် ချမှတ်ထားသော စည်းမျဉ်း၊ဥပဒေများနှင့် အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး လိုအပ်သော ဆေးဝါးကုသမှုများကိုလည်း ဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။

၃၂ နှစ်အကြာမှ KNLA က ပြန်လည်သိမ်းပိုက်နိုင်သော သေ့ဘောဘိုးစစ်တပ်စခန်းတိုက်ပွဲတွင် စစ်သားအလောင်းများကို စစ်တပ်က ဆွဲယူထွက်ပြေးသွားကြောင်း သိရှိရပြီး တိုက်ပွဲတွင် PDF ၃ ဦး ကျဆုံးခဲ့သည်။

KNLA၊ KNDO၊ PDF ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိသော စစ်ကောင်စီ ၏သေ့ဘောဘိုးစခန်းသည် မြဝတီ-လေးကေ့ကော်-ဖလူး-သေ့ဘောဘိုး-ဝေါ်လေမြိုင် ကားလမ်းပေါ်တွင် တည်ရှိနေသော စခန်းဖြစ်ပြီး ဗျူဟာအရ အရေးပါသော စခန်းတစ်ခုလည်းဖြစ်သည်။

Crd

Leave a Reply

Your email address will not be published.