Zawgyi
က်န္းမာေရးမေကာင္းေသာမိခင္ကိုေစာင့္ေရွာက္ေနေသာသမီးျဖစ္သူအား ပေထြးျဖစ္သူမွ မိန္းမအလစ္တြင္… See more
ပဲခူးတိုင္းေဒသႀကီး သနပၸင္ၿမိဳ႕နယ္တြင္ အသက္ ၁၃ ႏွစ္အရြယ္ မိန္းကေလးတစ္ဦးအား ပေထြးျဖစ္သူက က်န္းမာေရးမေကာင္းေသာ မိန္းမ၏ အလစ္တြင္ အဓၶမမွုက်ဴးလြန္ခဲ့ေသာ သက္ငယ္မုဒိန္းတစ္ခုျဖစ္ပြားခဲ့ၿပီး ရဲတပ္ဖြဲ႕မွ ဖမ္းဆီးနိုင္ခဲ့သည္။
ျဖစ္စဥ္မွာ ပဲခူးတိုင္းေဒသႀကီး သနပၸင္ၿမိဳ႕နယ္ ဇီးပင္ေက်းရြာတြင္ ေနထိုင္ေသာ ေဒၚခင္စိုးဝင္း (၅၂ ႏွစ္) က သူမ၏ သမီးျဖစ္သူ မႏြယ္နီက
ေနာက္အိမ္ေထာင္ျပဳသျဖင့္ ပေထြးနဲ႔အတူ လိုက္ေနရန္ မသင့္ေတာ္ဟုဆိုကာ ေျမးမေလး မ—————– အား အဖိုးအဖြားမ်ားႏွင့္အတူ ေနထိုင္ေစခဲ့သည္။
ယင္းသို႔ေနထိုင္ခဲ့ၾကရာမွ လြန္ခဲ့တဲ့လပိုင္းအနည္းငယ္တြင္ သမီးျဖစ္သူ မႏြယ္နီ က်န္းမာေရးမေကာင္းသျဖင့္ ေျမးျဖစ္သူအား မိခင္ကို ျပဳစုေပးရန္ ေစလႊတ္ခဲ့သည္။ ၁ ပတ္ခန႔္ၾကာၿပီးေနာက္ ေျမးျဖစ္သူ မ———— ျပန္လည္ေရာက္ရွိလာခဲ့ၿပီး တမွိုင္မွိုင္တေတြေတြ ျဖစ္ေနသျဖင့္
အဖိုးဖြားမ်ားက ေမးျမန္ခဲ့ရာမွ ပေထြးျဖစ္သူ ေဇာ္ဦး ဆိုသူက အတင္းအဓၶမျပဳက်င္ခဲ့ၿပီး လူႀကီးမ်ားကို ျပန္ေျပာပါက “နင့္ကိုသတ္မယ္၊ နင့္အေမကိုလည္းသတ္မယ္” ဟု ၿခိမ္းေျခာက္ခဲ့သျဖင့္ ျပန္မေျပာဝံ့ခဲ့ေၾကာင္း ငိုယိုတိုင္းၾကားခဲ့သည္။ ျဖစ္စဥ္နဲ႔ ပက္သက္ၿပီး အဖြားျဖစ္သူ ေဒၚခင္းစိုးဝင္းက
ပဲခူးတိုင္းေဒသႀကီး သနပၸင္ၿမိဳ႕နယ္ ၿမိဳ႕မရဲစခန္းသို႔ လာေရာက္တိုင္ၾကားခဲ့သည္။ ၿမိဳ႕မရဲစခန္းမွ တရားခံ ေဇာ္ဦးအား အခ်ိန္မိဖမ္းဆီးနိုင္ခဲ့ၿပီး ရာဇသတ္ႀကီးပုဒ္မ ၃၇၆ နဲ႔ အမွုဖြင့္အေရးယူသြားမည္ျဖစ္ေၾကာင္း သိရွိရသည္။
သတင္းရင္းျမစ္ – မင္းမဟာ(သကၠတိုင္း)
Unicode
ကျန်းမာရေးမကောင်းသောမိခင်ကိုစောင့်ရှောက်နေသောသမီးဖြစ်သူအား ပထွေးဖြစ်သူမှ မိန်းမအလစ်တွင်… See more
ပဲခူးတိုင်းဒေသကြီး သနပ္ပင်မြို့နယ်တွင် အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးအား ပထွေးဖြစ်သူက ကျန်းမာရေးမကောင်းသော မိန်းမ၏ အလစ်တွင် အဓ္ဓမမှုကျူးလွန်ခဲ့သော သက်ငယ်မုဒိန်းတစ်ခုဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ခဲ့သည်။
ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး သနပ္ပင်မြို့နယ် ဇီးပင်ကျေးရွာတွင် နေထိုင်သော ဒေါ်ခင်စိုးဝင်း (၅၂ နှစ်) က သူမ၏ သမီးဖြစ်သူ မနွယ်နီက
နောက်အိမ်ထောင်ပြုသဖြင့် ပထွေးနဲ့အတူ လိုက်နေရန် မသင့်တော်ဟုဆိုကာ မြေးမလေး မ—————– အား အဖိုးအဖွားများနှင့်အတူ နေထိုင်စေခဲ့သည်။
ယင်းသို့နေထိုင်ခဲ့ကြရာမှ လွန်ခဲ့တဲ့လပိုင်းအနည်းငယ်တွင် သမီးဖြစ်သူ မနွယ်နီ ကျန်းမာရေးမကောင်းသဖြင့် မြေးဖြစ်သူအား မိခင်ကို ပြုစုပေးရန် စေလွှတ်ခဲ့သည်။ ၁ ပတ်ခန့်ကြာပြီးနောက် မြေးဖြစ်သူ မ———— ပြန်လည်ရောက်ရှိလာခဲ့ပြီး တမှိုင်မှိုင်တတွေတွေ ဖြစ်နေသဖြင့်
အဖိုးဖွားများက မေးမြန်ခဲ့ရာမှ ပထွေးဖြစ်သူ ဇော်ဦး ဆိုသူက အတင်းအဓ္ဓမပြုကျင်ခဲ့ပြီး လူကြီးများကို ပြန်ပြောပါက “နင့်ကိုသတ်မယ်၊ နင့်အမေကိုလည်းသတ်မယ်” ဟု ခြိမ်းခြောက်ခဲ့သဖြင့် ပြန်မပြောဝံ့ခဲ့ကြောင်း ငိုယိုတိုင်းကြားခဲ့သည်။ ဖြစ်စဉ်နဲ့ ပက်သက်ပြီး အဖွားဖြစ်သူ ဒေါ်ခင်းစိုးဝင်းက
ပဲခူးတိုင်းဒေသကြီး သနပ္ပင်မြို့နယ် မြို့မရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့သည်။ မြို့မရဲစခန်းမှ တရားခံ ဇော်ဦးအား အချိန်မိဖမ်းဆီးနိုင်ခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်းရင်းမြစ် – မင်းမဟာ(သက္ကတိုင်း)
Crd