သမီးလေးကို ပြုစုပျိုးထောင်ဖို့ရာအတွက် အလုပ်ရှာရန်ခက်ခဲမှုကြောင့် အမျိုးသားတစ်ဦးလို ၃၆နှစ်အကြာ ပြောင်းလဲနေထိုင်ခဲ့သော လေးစားဖွယ်ရာ မိခင်တစ်ဦး




အိန္ဒိယနိုင်ငံမှ အသက် ၅၇နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ခင်ပွန်းဖြစ်သူမှ သမီးလေးတစ်ယောက်ရရှိချိန်တွင် နှလုံးရောဂါနဲ့ ဆုံးပါးသွားတာကြောင့် စားဝတ်နေရေးအတွက် ခက်ခဲခဲ့ပြီး အမျိုးသမီးတစ်ယောက်အနေနဲ့ အလုပ်ရဖို့ကလည်း မလွယ်ကူခဲ့ပေ။




အမျိုးသမီးသည် သမီးလေးကို လူတန်းစေ့ မျက်နှာမငယ်ရအောင် ထားဖို့အတွက် အလုပ်မျိုးစုံရှာခဲ့ပေမယ့် အဆင်မပြေတာကြောင့် သူမရဲ့ ဆံပင်ရှည်ကြီး ဖြတ်ကာ အမျိုးသားတစ်ဦးလို ဝတ်စားဆင်ယင်ပြီးတော့ အလုပ်ရဖို့ရာအတွက် အခြားရွာသို့ ပြောင်းရွှေ့ခဲ့သည်။




အမျိုးသမီးသည် ယောကျ်ားတစ်ဦးလို ဖြစ်သွားသောအခါ ဆောက်လုပ်ရေးလုပ်ငန်းခွင်၊ လက်ဖက်ရည်အဖျော်ဆရာနှင့် အိမ်ဆေးသုတ်သည့် အလုပ်များကို ၃၆နှစ်အကြာ လုပ်ကိုင်ခဲ့ပြီး




ရင်းနှီးသော မိတ်ဆွေအချို့ကသာ သူမအကြောင်းကို သိသွားပြီး အများစုကတော့ အမျိုးသမီးဆိုတာ မရိပ်မိခဲ့ကြ၍ အလုပ်မှာလည်း အဆင်ပြေခဲ့သည်။




နောက်ဆုံးတွင် အမျိုးသမီးသည် သမီးလေးလည်း အရွယ်ရောက်လာသောအခါ သူမဘဝရဲ့အစစ်အမှန်ကို ဖွင့်ပြောပြဖို့ ဆုံးဖြတ်ခဲ့ချိန်တွင် အများက မိခင်တစ်ဦးရဲ့ ချစ်ခြင်းမေတ္တာကြီးမားမှုကိုသာ လေးစားချီးကျူးခဲ့ကြသည်။




Rain (For Ialinks)
Crd