Zawgyi
Unicode
တစ်ရွာတည်းနေသူအချင်းချင်း အကြွေးကိစ္စဖြေရှင်းရာမှ အချင်းချင်းစကားများပြီး… See more
ယမန်နေ့တွင် ညောင်လေးပင်မြို့နယ်၌ တစ်ရွာတည်းနေသူအချင်းချင်း အကြွေးကိစ္စဖြေရှင်းရာမှ
အချင်းချင်းစကားများပြီး ဓါးဖြင့်ထိုးသတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ဖြစ်စဉ်မှာ ယမန်နေ့ည ၈ နာရီခွဲအချိန်ခန့်တွင် မအေးအေးခိုင် ၄၂ နှစ်သည်
တစ်ရွာတည်းနေ သန်းဇော်လင်း ၂၃ နှစ်ထံမှ အော်ဟစ်ဆဲဆိုကာ အကြွေးတောင်းသဖြင့် မကျေမနပ်ဖြစ်ကာ အသင့်ပါလာသော အရိုးအသွား ၁၁ လက်မရှိ စတီးဓားဖြင့် မအေးအေးခိုင် နောက်ကျောဘက်မှ
ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။ယင်းသို့ ဓားဖြင့်အထိုးခံရမှုကြောင့် မအေးအေးခိုင်သည် နေရာတွင်ပင် သေဆုံးသွားခဲ့သည့်အတွက် ခင်ပွန်းဖြစ် သူမှ ညောင်လေးပင်မြို့မ ရဲစခန်းတွင် တရားလိုပြုလုပ်တိုင်းကြားခဲ့ပြီး
ပြစ်မှုကျူးလွန်သူ သန်းဇော်လင်းအား နံနက်ပိုင်းတွင် ဖမ်းမိခဲ့သည်။ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှု ကျူးလွန်သူ သန်းဇော်လင်းအား ညောင်လေးပင်မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ ဖြင့် ဖမ်း ဆီး အရေးယူဆာင်ရွက်လျက်ရှိ ကြောင်း သိရသည် ။crd