၂၀၂၂ မေလ ၂၁မှ ၂၈ရက်နေ့အတွင် ရေကြီးရေလျှံခြင်း တောင်ပြိုခြင်းဖြစ်ပေါ်နိုင်တဲ့ ဒေသများကို ခန့်မှန်းပေးလိုက်တဲ့ စုစုစံ

Weather

21/05/2022 ရက်နေ့ ကယားပြည်နယ် လွိုင်ကော်ခရိုင် ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် ကျိုင်းတုံခရိုင် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ချင်းရိုင်ခရိုင် နှင့် ထိုင်း မြန်မာ လာအို နယ်စပ်တလျှောက် မိုးများစွာရွာသွန်းနိုင်ပါတယ်

ပုသိမ် ငပုတော လပွတ္တာ ဟိုင်းကြီး မိုး ခန့်မှန်းချိန် 21/05/2022 at 7:05AM

အနောက်တောင်မုတ်သုန်လေသည် ရခိုင်ပြည်နယ်တောင်ပိုင်း ကျိန္တလိအထရောက်ရှိလာခဲ့ပြီး ရခိုင်ပြည်နယ်တောင်ပိုင်း ပဲခူးတိုင်း ဧရာဝတီတိုင်းမြစ်ဝကျွန်းပေါ်ဒေသများ ရန်ကုန်တိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် တနင်္သာရီတိုင်းဒေသကြီးအားလုံးကိုလွှမ်းခြုံရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်

မုတ်သုန်လေဖိအားနည်းရပ်ဝန်း ၂၀၂၂ မေလ ၂၅ရက်နေ့မှ ၂၈ရက်နေ့အတွင်း ဘင်္ဂလားပင်လယ်အော် ရခိုင်ကမ်းရိုးတန်းနှင့် ဧရာဝတီကမ်းရိုးတန်းအနီးမှာ မုတ်သုန်လေဖိအာနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်ပြီး

မြန်မာတစ်နိုင်ငံလုံးကို မုတ်သုန်လေလွှမ်းခြုံရောက်ရှိသွားအောင်စွမ်းဆောင်ပါလိမ့်မယ် ဧရာဝတီတိုင်းရခိုင်ပြည်နယ် မကွေးတိုင်း မန္တလေးတိုင်း ရှမ်းပြည်နယ် စစ်ကိုင်းတိုင်း ချင်းပြည်နယ်ကချင်ပြည်နယ်တွေပါ မိုးရွာနိုင်တဲ့အလားအလာများစွာရှိနေတာဖြစ်လို့

ပိုမိုတိကျသေချာစေရန်အတွက် လိုအပ်သော အဆင့်မြင့် weather data အချက်အလက်များကို ယနေ့ဝယ်ယူပြီး တွက်ချက်စိစစ်ပြီး အချိန်နှင့်တပြေးညီခန့်မှန်းပေးသွားပါတယ်

ရွှေဘိုဘေးကြားတွေ နွေစပါး သတိ

သိရိလင်္ကာ နှင့် အရေဗျပင်လယ် ပိုနွေးလာတဲ့အရိပ်အယောင်တွေက ၂၀၂၂ ဇူလိုင်လမှာ ဟိမဝန္တာ Monsoon trough ဟိမဝန္တာ တောင်ခြေလေဖိအားနည်းရပ်ဝန်းလေစီးသည် ပုံမှန်အားဖြင့် ကချင်ပြည်နယ်သို့သက်ရောက်လေ့ရှိသော်လည်း

အိန္ဒိယမြောက်ပိုင်းလေစီးကြောင်းပြောင်းလဲသွားနိုင်ပြီး စစ်ကိုင်းတိုင်းကိုစိုက်ဆင်းလာနိုင်တဲ့အခြေအနေဖြစ်လို့ ဇူလိုင်လအတွင်း စစ်ကိုင်းတိုင်းမှ နွေစပါးရိတ်သိမ်းမည့်သူများအတွက် အခက်ကြုံနိုင်ပါတယ် ရွှေဘိုဘေးကြားတွေအတွက် ကြိုတင်သိရှိပြီး

ဇူလိုင်မိုးကြောင့်ပျက်စီးဆုံးရှုံးမှုမရှိအောင် ကြိုတင်သတိရှိပြင်ဆင်နိုင်ကြစေရန် ရက်ဝေး လဝေး (Long range) ခန့်မှန်းပေးလိုက်တာပဲဖြစ်ပါတယ် သဖန်းဆိပ်ဆည်ရေပြည့်မိုးဖြစ်နိုင်သဖြင့် လာမယ့်နှစ် နွေရာသီ စိုက်ပျိုးရေနဲ့ လျှပ်စစ်မီးအတွက်လည်း အလားအလာကောင်းတစ်ခုဖြစ်လာပါလိမ့်မယ်

လေဖိအားနည်း လေဝဲ မုတ္တမပင်လယ်ကွေ့အတွင်းမှာ မုတ်သုန်ဆွဲတင်အားလေဝဲစနစ်တစ်အခုဖြစ်ပေါ်နေပါတယ် ကပ္ပလီပင်လယ်ပြင်မှာမုတ်သုန်လေအားအလွန်ကောင်းနေပြီး မေလ ၂ဝရက်နေ့ ၂၁ရက်နေ့တွေမှာ လောင်းလုံထားဝယ်

မောင်းမကန် ကန်ပေါက် ရေဖြူ မေတ္တာမြို ရေး လမိုင်း သံဖြူဇရပ် ကျိုက်ခမီ မုဒုံ ကျိုက်မရော မော်လမြိုင် ဘီလူးကျွန်း ချောင်းဆုံ မုတ္တမ ကျိုက်ထို ကဝ အုန်းနှဲ ပိန်းကန် ခရမ်း သုံးခွ သံလျှင် ကျောက်တန်း တံတားမြို

ဆိပ်ကြီးခနောင်တို ဒလ ရန်ကုန် ကွမ်းခြံကုန်း ကော့မှုး ဒေးဒရဲ၊ ကျိုက်လတ် ဖျာပုံ မအူပင် ဘိုကလေး လပွတ္တာငပုတောမော်ကျွန်း မြောင်းမြ အိမ်မဲ ပုသိမ် သာပေါင်း ကန်ကြီးထောင့် ချောင်းသာ ငွေဆောင် ငရုတ်ကောင်းဂေါ်ရင်ဂျီကျွန်း ဒေသတွေမှာ မိုးကြီးရေလျှံနိုင်ပါတယ်

မွန်ပြည်နယ် ပဲခူးတိုင်း ရန်ကုန်တိုင်းနှင့်ဧရာဝတီတိုင်းတွေမှာမိုးများစွာရွာသွန်းနိုင်ပြီး မွန်ပြည်နယ်ကရင်ပြည်နယ် တနင်္သာရီတိုင်းနှင့် ထိုင်းနိုင်ငံတွေမှာ မိုးကြီးရေလျှံမှုတွေဖြစ်နိုင် ပါတယ် မုတ်သုန်လေအားအလွန်ကောင်းပါမယ်

မော်လမြိုင် ကျိုက်ခမီ မုဒုံ ကျိုက်မရော ချောင်းဆုံ ပေါင် သံဖြူဇရပ် ရေး လမိုင်း ဘုရားသုံဆူ ကြာအင်းဆိပ်ကြီး ကျိုက်ဒုံ ကော့ကရိတ် မြဝတီ ကျုံဒိုး ရွှေကုက်ကို ပိုင်ကျုံ လှိုင်းဘွဲ့ ထားဝယ် လောင်းလုံး ပုလော ပလောက် နှမ်းကြဲ ကလိန်အောင် နတ်ကြီးစင် ‌ရေကြီးရေလျှံခြင်း တောင်ပြိုခြင်းတွေ နေ့ည သတိပြုပါ သတိပြုပါ
Crd

Leave a Reply

Your email address will not be published.