ဖုန်းသူခိုးလို့ အထင်ခံခဲ့ရ စွပ်စွဲခံရတာကြောင့် ဖုန်းပိုင်ရှင်ကို ပညာသားပါပါ See more…

International News

ဖုန်းသူခိုးလို့ အထင်ခံခဲ့ရပေမဲ့ ဖုန်းပိုင်ရှင်အား ပညာသားပါပါ တုံ့ပြန်ပေးလိုက်တဲ့ လှပတဲ့ရဲမေမလေးတစ်ဦးရဲစခန်းတစ်ခုအတွင်းမှာ ကြည့်ကောင်းပြီး လှပတဲ့မျက်နှာများပို မြင်တွေ့ရခြင်းက ကျွန်တော်တို့အတွက် အထူးအဆန်းတစ်ခုလို ဖြစ်နေတတ်ပါတယ်။


များသောအားဖြင့် ရဲစခန်းတစ်ခုမှာ ကြည့်ကောင်းလှပတဲ့ရဲအရာရှိတွေထဲမှာမှ ရဲသားများက နေရာယူလေ့ရှိပြီး ရဲမေများကတော့ တွေ့ရခဲလှပါတယ်။သို့ပေမဲ့ Irene အမည်ရှိမလေးရှားရဲမေမလေးကတော့ သူမရဲ့လှပတဲ့ရုပ်ရည်နှင့် စိတ်ဓာတ်တို့ကြောင့် လက်တလောမှာ လူသိများနေခဲ့ပါတယ်။


ချောမောလှပတဲ့မျက်နှာရှိသော်လည်း သင်ထင်သည့်အတိုင်း မညံ့ဖျင်းတဲ့ Irene ဟာ ရိုင်းစိုင်းတဲ့လူတစ်ဦးနှင့်ထိုက်တန်တဲ့သင်ခန်းစာကို သင်ပြပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့က သူမဟာ iPhone 8+ တစ်လုံးကို ကောက်ရခဲ့ပြီး သူမဟာ ပျောက်ဆုံးသွားတဲ့ဖုန်းကို ပြန်ပေးရန် ပိုင်ရှင်ဖြစ်သူထံမှ ဆက်သွယ်လာခြင်းကို စောင့်ဆိုင်းနေခဲ့ပါတယ်။သိပ်မကြာခင်မှာပဲ ဖုန်းပိုင်ရှင်က ဖုန်းခေါ်လာခဲ့ပြီး Irene အား ၎င်းဖုန်းကို သူ့ထံသို့ပို့ပေးရန် ပြောခဲ့ပါတယ်။

သို့ပေမဲ့ Irene ဟာ အလုပ်များနေတာကြောင့် ဖုန်းပိုင်ရှင်ရဲ့တောင်းဆိုချက်ကို ြင်းဆန်ခဲ့ပြီး အဲ့ဒီအစား သူ့အား ကိုယ်တိုင်လာယူရန် ပြန်တောင်းဆိုခဲ့ပါတယ်။ထို့နောက် ၎င်းဖုန်းပိုင်ရှင်က “ မင်းငါ့ဆီ ပြန်ပို့ပေးသင့်တယ်၊မင်းက ငါ့ဖုန်းကိုခိုးခဲ့တဲ့သူခိုးဆိုတာ ငါသိတယ် ၊ မင်းငါ့ဆီမပို့ရင် ငါရဲကို သတင်းပို့ရလိမ့်မယ်၊ ငါ ‘Find My iPhone’ software ကို သုံးထားတယ်နော် ” ဟု အကြောင်းမသိဘဲ Irene ဟာ ၎င်းကဲ့သို့ ပြန်ပြောခဲ့ပါတယ်။

ထို့အပြင် အဆိုပါဖုန်းပိုင်ရှင်ဟာ ရဲမေလေးအား အဓိပ္ပာယ်မဲ့ပြီး မထီမျက်မြင်လုပ်တဲ့စကားများကိုပါ ပြောထဲ့ပါသေးတယ်။ထိုအမူအရာဟာ Irene အား စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သော်လည်း သူမရဲ့ဒေါသကို ထိန်းချုပ်ကာ Irene ဟာ သူမရဲ့၎င်းအတွေ့အကြုံကို Facebook မှာ ပြောပြခဲ့ပြီး အဲဒီလူကို သူမဘယ်လိုသင်ခန်းစာပေးခဲ့လိုက်တဲ့အကြောင်းကိုပါ ပြန်ဖော်ပြပေးခဲ့ပါတယ်။

Irene က “ မင်းအချိန်ယူပြီး မင်းရဲ့ iPhone 8+ ကို အမှိုက်ပုံးမှာ သွားရှာလို့ရနိုင်သေးတယ် ၊ ဘက်ထရီကလည်း 83 % ရှိသေးတယ် ၊ ငါ ဖုန်းကို မပိတ်ထားဘူး ၊ ဒီအတွက် မင်းကံကောင်းပါစေ ” ဟု အဆိုပါဖုန်းပိုင်ရှင်အား သူမဘယ်လိုသင်ခန်းစာပေးခဲ့တဲ့အကြောင်းကို ပြန်လည်မျှဝေပေးခဲ့ပါတယ်။

အင်တာနက်သုံးစွဲသူများက ရဲမေတစ်ဦးရဲ့ ၎င်းအခြေအနေကို သူမဘယ်လိုကိုင်တွယ်ခဲ့ပုံကို ကြည့်ရင်း အံ့ဩခဲ့ကြရပါတယ်။၎င်း post ဟာ သုံးရက်အတွင်းမှာပင် လူသိများသွားခဲ့ပြီး ဖုန်းပိုင်ရှင်က သူ့ရဲ့ဖုန်းကို ပြန်ရှာတွေ့ခဲ့လားဆိုတဲ့မေးခွန်းများကိုပါ မေးမြန်းထားခဲ့ကြပါတယ်။

Irene ရဲ့အတွေ့အကြုံက ကျွန်တော်တို့ဟာ ကျွန်တော်တို့အတွက် အကူအညီများကို လိုလိုလားလားပေးချင်နေကြတဲ့သူများအား ကျေးဇူးတင်သင့်သလို အကူအညီလိုနေတဲ့ကျွန်တော်တို့အနေနဲ့ ကိုယ့်ကိုကိုယ်မမောက်မာသင့်သလို သူတစ်ပါးအား ရိုင်းစိုင်းတဲ့အပြုအမူမျိုးကိုမလုပ်သင့်ကြောင်းကိုပါ ပြသနေခဲ့ပါတယ်။crd

Leave a Reply

Your email address will not be published.