KTV မှာ ရဲပျောက်သွားတဲ့ သေနတ်ကိစ္စ စွတ်စွဲခံရတဲ့ဝိတ်တာ စစ်ဆေးနေစဉ် သေဆုံးဟု

Local News

ပြည်က KTV မှာ ရဲပျောက်သွားတဲ့ သေနတ်ကိစ္စ စွတ်စွဲခံရတဲ့ဝိတ်တာ စစ်ဆေးနေစဉ် သေဆုံးဟုဆို

ပြည်၊ မေ ၂၀၊ ၂၀၂၂။

ပဲခူးတိုင်း၊ ပြည်မြို့မှာ ပြီးခဲ့တဲ့ မေလ ၁၆ ရက် မနက်အစောပိုင်းက KTV တခုမှာ ဒုရဲအုပ်တဦးရဲ့ ခြောက်လုံးပြူး သေနတ်နဲ့အတူ ဖုန်းနဲ့ပိုက်ဆံတွေပါ ပျောက်ဆုံးမှု သံသယရှိသူကို ဖမ်းမိခဲ့ပြီး စစ်ဆေးနေစဉ်မှာပဲ သေဆုံးသွားပြီဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေနတ်နဲ့ ပစ္စည်းတွေခိုးတယ်လို့ သံသယနဲ့ ဖမ်းဆီးခံရပြီး စစ်ဆေးနေစဉ် သေဆုံးသွားသူဟာ Spider KTV က ဝန်ထမ်းတဦးဖြစ်ပြီး ဧရာဝတီတိုင်း ရေကြည်-အသုတ်ဒေသ ဇာတိဖြစ်တယ်လို့ သိရပါတယ်။

“Spider KTV က သေနတ်ခိုးတဲ့ Waiter လေးကို မနေ့က (မေ ၁၈) မိသွားပြီး၊ အမှတ် ၂ ရဲစခန်းမှာ နှိပ်စက်ခံရလို့ ဒီနေ့(မေ၁၉) သေသွားပြီ၊ နာမည်က ဝေယံစိုး တော်တော်ငယ်သးတယ်၊ သေနတ်က ရှာမတွေ့သေး။ သေနတ်ဘယ်မှာထားလဲစစ်ရင်း လက်လွန်သွားတာ” လို့ သတင်းအရင်းမြစ်တဦးက ဆိုပါတယ်။

ဧရာဝတီတိုင်း ငသိုင်းချောင်းမြို့နယ်မှာ ဖမ်းမိတာဖြစ်ပြီး ရဲတွေကတော့ မြွေကိုက်ခံရလို့ သေတယ်ဆိုပြီး ပြော‌ဆိုနေကြတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

လက်ရှိအချိန်အထိ ပျောက်ဆုံးသွားတဲ့ ခြောက်လုံးပြူးနဲ့ ‌ကျည် ၆ တောင့်ကို ရှာမတွေ့သေးသလို ဒုရဲအုပ်အောင်မွန်ဟိန်းကလည်း အချုပ်ကျနေတယ်လို့သိရပြီး KTV ဝန်ထမ်းဘာကြောင့် သေဆုံးတယ် ဆိုတာနဲ့ ဒုရဲအုပ်ရဲ့ဖုန်းကို အဲ့ဒီဝန်ထမ်းဆီက ပြန်ရတယ်ဆိုတဲ့ အကြောင်းကို အတည်ပြုစုံစမ်းနေဆဲ ဖြစ်ပါတယ်။

#မြေလတ်အသံ

ပြည်က KTV မှာ ရဲပျောက်သွားတဲ့ သေနတ်ကိစ္စ စွတ်စွဲခံရတဲ့ဝိတ်တာ စစ်ဆေးနေစဉ် သေဆုံးဟုဆို

ပြည်၊ မေ ၂၀၊ ၂၀၂၂။

ပဲခူးတိုင်း၊ ပြည်မြို့မှာ ပြီးခဲ့တဲ့ မေလ ၁၆ ရက် မနက်အစောပိုင်းက KTV တခုမှာ ဒုရဲအုပ်တဦးရဲ့ ခြောက်လုံးပြူး သေနတ်နဲ့အတူ ဖုန်းနဲ့ပိုက်ဆံတွေပါ ပျောက်ဆုံးမှု သံသယရှိသူကို ဖမ်းမိခဲ့ပြီး စစ်ဆေးနေစဉ်မှာပဲ သေဆုံးသွားပြီဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေနတ်နဲ့ ပစ္စည်းတွေခိုးတယ်လို့ သံသယနဲ့ ဖမ်းဆီးခံရပြီး စစ်ဆေးနေစဉ် သေဆုံးသွားသူဟာ Spider KTV က ဝန်ထမ်းတဦးဖြစ်ပြီး ဧရာဝတီတိုင်း ရေကြည်-အသုတ်ဒေသ ဇာတိဖြစ်တယ်လို့ သိရပါတယ်။


ဧရာဝတီတိုင်း ငသိုင်းချောင်းမြို့နယ်မှာ ဖမ်းမိတာဖြစ်ပြီး ရဲတွေကတော့ မြွေကိုက်ခံရလို့ သေတယ်ဆိုပြီး ပြော‌ဆိုနေကြတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

လက်ရှိအချိန်အထိ ပျောက်ဆုံးသွားတဲ့ ခြောက်လုံးပြူးနဲ့ ‌ကျည် ၆ တောင့်ကို ရှာမတွေ့သေးသလို ဒုရဲအုပ်အောင်မွန်ဟိန်းကလည်း အချုပ်ကျနေတယ်လို့သိရပြီး KTV ဝန်ထမ်းဘာကြောင့် သေဆုံးတယ် ဆိုတာနဲ့ ဒုရဲအုပ်ရဲ့ဖုန်းကို အဲ့ဒီဝန်ထမ်းဆီက ပြန်ရတယ်ဆိုတဲ့ အကြောင်းကို အတည်ပြုစုံစမ်းနေဆဲ ဖြစ်ပါတယ်။

#မြေလတ်အသံ
Crd

Leave a Reply

Your email address will not be published.