အရမ်းချစ်ကြတယ်လို့ အများက ထင်ရပေမယ့် သူတို့နှစ် ရန်ဖြစ်ပြီးပွဲကြမ်းထားကြတယ်နော်..သိသာစေတဲ့.အဖြေက ဘယ်နေရာမှာလို့ ထင်ကြလဲ

Cele News

ငါလေး ကံကောင်းပြန်ပြီး … မြန်မာစကားပုံမှာရှိတယ်။

” သိသာသိစေ ၊ မမြင်စေနဲ့” တဲ့ တခါတလေ အသိနဲ့ အမြင်နဲ့က လွဲနေတတ်တယ်။

အားလုံးသိထားတာက “ရွှေ”လင်မယားဟာ အရမ်းကိုချစ်တတ်လွန်းလို့ဆိုပြီး လူတိုင်းအားကျနေကြတာလေ။

ဟော … ကြည့် ခုဆို အထင်နဲ့အမြင်နဲ့ လုံးဝလွဲနေမှန်း သိလိုက်ရပြီးအားလုံးက ချစ်တတ်လွန်းလိုက်တာ ဆိုပြီး ထင်ထားကြတဲ့ ရွှေထူး နဲ့ ရွှေမှုံရတီ တို့ စုံတွဲမနေ့က ပရိတ်သတ်ရှေ့ ပြန်ရောက်လာကြပြီး။

သူတို့ စညားထဲက အပြင်မှာချစ်ပြပြီး နှစ်ယောက်ထဲ ရှိတဲ့အချိန်ဆို ဘယ်လောက်များရန်တွေဖြစ်နေကြမလဲဆိုတာ စဉ်းစားလို့တောင်မရဘူး။

လင်မယားတွေ ရန်ဖြစ်ရင် ကုတ်ကြ ထစ်ကြ ဖဲ့ကြနဲ့ ဒဏ်ရာရတတ်တာ လူတိုင်းသိတယ်လေ။

ဒါပေမဲ့ အပြင်လေး ဘာလေးသွားမယ်ဆိုဟန်ဆောင်ဖုံးဖိပြီး နေတတ်ကြတာပဲမဟုတ်လား။

ခုဆိုကြည့်စမ်း ရွှေစုံတွဲဆို ပွဲသာ တက်လာရတာ။

ရန်ဖြစ်ထားတဲ့ ဒဏ်ရာဒဏ်ချက်တွေက ဖုံးမနိုင်ဖိမနိုင်ပေါ်နေတာ သနားပါ သနားမိတယ်။

နှစ်​ယောက်စလုံး လည်ပင်းတွေမှာ ကုတ်ခြစ်ထားတဲ့ ဒဏ်ရာတွေနဲ့ မြင်လို့တောင် မကောင်းဘူး။

( ယောကျင်္ားလေးဖြစ်တဲ့ ရွှေထူး က ပိုခံရမှာ။ သူက ဒဏ်ရာ ပိုများတာတွေ့တယ် )

အဲဒါပေါ့ ပြောတာ ကျွန်တော် ကံကောင်းသွားပြန်ပြီးဆိုတာလေ။

နို့မဟုတ်ပဲ အိမ်ထောင်သာကျနေမယ်ဆို ရွှေစုံတွဲလိုပဲအပြင်မှာ ချစ်ပြီး အိမ်တွင်းမှာ ရန်ထချနေရိုးရိုးနဲ့ ဒဏ်ရာတွေရပြီး အပြင်တောင် ထွက်ရဲမှာမဟုတ်လောက်ဘူး။

ဟူး … ငါလေး ကံကောင်းလိုက်တာ …

ခုချိန်ထိ မိန်းမမရပဲ လူပျိုကြီးဖြစ်နေလို့သာပဲ…။

Crd

Leave a Reply

Your email address will not be published.