ဇနီးဟောင်းကို ကွာရှင်းပြတ်စဲပြီးတာနဲ့ ဝမ်းနည်းနေမည့်အစား ရပ်ကွက်ရုံးကနေ ထွက်လာစဥ် See more…

Lifestyle

လောကကြီးတွင် ကိုယ်ချစ်ရတဲ့သူနဲ့ ကွဲကွာဖို့ ကံကြမ္မာပါလာခဲ့ရင် ချစ်သူစုံတွဲမှ မဟုတ်ပဲ အိမ်ထောင်သည်ဘဝရောက်သွားသော်လည်း

အကြောင်းအမျိုးမျိုးကြောင့်နဲ့ ခွဲခွာတတ်ကြရကာ တကယ်ချစ်တဲ့သူများအတွက်တော့ အတော်လေး ဝမ်းနည်းကြေကွဲကြရသည်။


သို့ဖြစ်၍ တရုတ်နိုင်ငံမှ အသက်၂၀ကျော်အရွယ် ဇနီးမောင်နှံနှစ်ဦးသည် အိမ်ထောင်ကျပြီးသည်ထိ ခင်ပွန်းဖြစ်သူမှာ လူပျိုတုန်းက အကျင့်မှာမပျောက်သေးပဲ

ရှာမကျွေးသည့်အပြင် အခြားသော မိန်းကလေးတွေနှင့် ဖောက်လွဲဖောက်ပြန်လုပ်နေတာ ရပ်တန်းကမရပ်နိုင်၍ ဇနီးသည်မှ သည်းမခံနိုင်တော့ပဲ ကွာရှင်းဖို့ တောင်းဆိုခဲ့သည်။

ခင်ပွန်းဖြစ်သူသည် ဇနီးဖြစ်သူနှင့် အစော လက်ထပ်လိုက်တာကိုပင် နောင်တရနေပြီး ကွာရှင်းလိုက်ခြင်းကလည်း သူ့အတွက် နစ်နာစရာမရှိ၍ ပိုပြီးလွတ်လပ်သွားတာကြောင့် သဘောတူခဲ့ပြီး တရားဝင်ကွာရှင်းကြရန် ရပ်ကွက်ရုံးသို့ သွားခဲ့ကြသည်။

ရပ်ကွက်ရုံးကအထွက်တွင် ဇနီးဖြစ်သူမှာ အနည်းငယ်ဝမ်းနည်းနေခဲ့သော်လည်း ခင်ပွန်းသည်မှာ အရမ်းပျော်နေခဲ့ပြီး အပေါက်ဝမှာ ပန်းစည်းလေးနဲ့အတူ ကြိုဆိုနေသော

သူ့ရဲ့ချစ်သူသစ်လေးနဲ့အတူ ဇနီးဟောင်းကို နှစ်သိမ့်ပေးမည့်အစား နောက်ပြန်မလှည့်ပဲ ထွက်သွားခဲ့ကြ၍ မြင်တွေ့သူများမှ ကဲ့ရဲ့ပြောဆိုနေကြသည်။crd

Leave a Reply

Your email address will not be published.