စနေသားသမီးများအတွက် တစ်နှစ်စာ ကံကြမ္မာဟောကိန်း

ဗေဒင်

စနေသားသမီး တစ်နှစ်စာဟောကိန်း

ဒီနှစ်မှာ စနေသားသမီးတွေ safe ဖြစ်တဲ့နှစ်ပါတယ်။ မလုံခြုံတဲ့ ဘဝ၊ မတည်ငြိမ်တဲ့အနေအထားတွေကနေ စတင်ပြီး အနယ်ထိုင်လာပါပြီ။ စတင်ပြီးအခြေကျလာပါပြီ။ ပရမ်းပတာ ဖြစ်နေတဲ့ စနေသားသမီးများ ဒီနှစ်မှာ တော့ စတင် အိန္ဒြေရလာပြီးလို့ပြော ရပါလိမ့်မယ်။

ပြဿနာတွေငြိမ်စပြုလာပြီဖြစ်တဲ့ နှစ်အပိုင်းအခြားဖြစ် တာမို့ ဘာတွေဆက်လုပ်ရမလဲ…ဘာတွေကြံစည်ဆုံးဖြတ်ရမလဲ…အနာဂတ်အတွက် ဘယ်လိုပုံဖော်မလဲဆိုတာမျိုး တွေကို စတင်စဥ်းစားနိုင်ပြီပဲဖြစ်ပါတယ်။

ရေရှည်စီမံကိန်းတွေအတွက် စတင်ဆောင်ရွက်ပါ။ လုပ်ဆောင်ပါ။ ရိုးရိုးတွေးပါ။ တစိုက်မတ်မတ်ဆောင်ရွက်ပါ။ ဒါဆို ဒီနှစ်ဟာ မြူတွေဆိုင်းနေတဲ့အချိန် နေမင်းထွန်းလင်းလိုက်သလို ၊ မိုးရွာပြီးစ ကောင်းကင်ယံလို ကြည်လင်တောက်ပလာမဲ့နှစ်ပါပဲ။ စနေသားသမီးတွေ ဒီနှစ်က မညံ့တော့ပါဘူး။

#အလုပ်စီးပွားကံ

အလုပ်တွေတကယ်ကို ကောင်းလာပါပြီ။ရာထူးတိုးဖို့ကြန့်ကြာနေသူများ မျှော်မှန်းထားတဲ့ ရာထူးဌာနတွေကို ရပါလိမ့်မယ်။ အရင်က ချောင်ထိုးခံထားသူများ ၊နေရာပျောက်နေသူများ စိတ်မပျက်ပါနဲ့တော့။

သေချာပေါက် နေရာပေးခြင်း၊မြှောက်စားခြင်းကိုလက်ခံရပါလိမ့်မယ်။ နေလိုတဲ့နေရာ နေခွင့်ရလိမ့်မယ်။ ဝန်ထမ်းများ အိမ်နဲ့ဝေးနေလို့ မိသားစုနဲ့နီးတဲ့နေရာပြန်နေချင်သူများ အခွင့်အရေ းရပါလိမ့်မယ်။ ဝန်ထမ်းအိမ်ရာ လျှောက်ထားသူများရဖို့ အခွင့်အလမ်းများပါတယ်။

ကိုယ်ပိုင်စီးပွားရေးသမားများကတော့ ဒီနှစ်မှာ အချိန် ပေးပါ။ သေချာမှလုပ်ပါ။ မပိုင်ရင် ဘာမှမလုပ်ပါနဲ့။ လောသူတွေ၊ အလျင်လိုသူတွေ အထိနာပါလိမ့်မယ်။ ပေါ်လစီအပြောင်းအလဲတွေကြားမှာ ဆုံးရှုံးမှုတွေလဲ ကြားညှပ်ဖြစ် တတ်ပါတယ်။

ဒါကြောင့် ဒီနှစ်မှာ နှေးပါ၊လေးကန်နေပါ၊ အလျင်လိုလေ အနှေးဖြစ်လေဆိုတာမျိုး သိပ်ကြုံရတတ်ပါတယ်။ လုပ်ငန်းခွင်အတွင်း နည်းပညာအခက်အခဲတွေ ကြုံလာရတတ်ပါတယ်။

လုပ်ငန်းနဲ့ဆက်စပ်တဲ့ လိုအပ် ချက်တွေကို ဖြည့်ဆည်းထားပါ။ ယုန်နဲ့လိပ် ပုံပြင်ထဲက လိပ်လို ဖြေးဖြေးမှန်မှန်နဲ့ အရှိန်မပျက် အလျင်မလိုဘဲ လုပ်သွားနိုင်ပါက စီးပွားရေးအထွတ်အထိပ်ရောက်မဲ့ နှစ်ပါ။

#လူမှုရေး

အများအကျိုးကိုသာဦးစားပေးပါ။ လိုအပ်တဲ့ လူမှုရေး ကိစ္စတွေမှာ ငွေအားနိုင်ရင် ငွေအား လူအားနိုင်ရင်လူအားနဲ့ကူညီပေးလိုက်ပါ။ လူမှုရေး ကဏ္ဍတွေ အားကောင်းတာမို့ မိမိကိုယ်တိုင်ကစပြီး ဖော်ရွေပါ။နွေးထွေးပါ။ အံ့ဩစရာ ကောင်းလောက်အောင် မိတ်ဆွေသစ်တွေ တိုးလာ မယ်။ မိမိကို သစ္စာရှိမဲ့ တပည့်ကောင်းတွေ ရလာပါလိမ့် မယ်။

စက်ပစ္စည်းနဲ့ပတ်သက်ပြီး လူမှုရေးအဖုအထစ်လေးတွေ ဖြစ်နိုင်တယ်လို့ ပြနေတာတွေ့ရတဲ့အတွက် စက်/ကား/ဆိုင်ကယ်တွေ/အခြားစက်ပစ္စည်းတွေ လာငှားခဲ့ရင် အလိမ္မာလေးသုံးပြီး ငြင်းလိုက်ပါ။ ငှားလိုက်မိရင် ပျက်စီးတာ ထိခိုက်မိတာတွေဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် မျက်နှာပျက်ရလိမ့်မယ်


#အချစ်ရေး မေတ္တာရေး

အချစ်ရေးကံကတော့ အပြောင်းအလဲများတာတွေရတယ်။ မိမိကိုယ်တိုင်က အသစ်ရှာချင်တာဖြစ်ဖြစ် ကိုယ့်ချစ်သူကပဲ ပွေချင်ရှုပ်ချင်တာပဲဖြစ်ဖြစ် တစ်ခုခုအလွဲ အမှား အချွတ်အချော်တွေကြောင့် အချစ်ရေး အဆင်မပြေ ဖြစ်ရတတ်ပါ။ နှစ်နှစ်လလ ကြာမြင့်စွာတွဲခဲ့တဲ့ချစ်သူက မိမိမဟုတ်တဲ့ အခြားသူနဲ့ လက်ထပ်သွားတာမျိုးတွေ ကြုံ ရတတ်ပါတယ်။

လက်ထပ်ဖို့ စီစဉ်ထားရင်တော့ ရက်ရွေ့ရတာ၊ နောက်ဆုတ်ရတာမျိုးတွေ အကြောင်းတစ်ခုခုကြောင့် လက်ထပ်ဖို့ ကြန့်ကြာတာတွေဖြစ်ရတတ်ပါတယ်။ အရင်ကတည်းက အချစ်ရေး စိတ်မပါသူတွေ၊အချစ်ရေး မေတ္တာရေးနဲ့ ခပ်ကင်းကင်းနေကြသူတွေကတော့ ဒီနှစ်မှာ စိတ် ချမ်းသာရပါလိမ့်မယ်။

#အိမ်ထောင်ရေး

သားသမီးကိုအကြောင်းပြုပြီး အိမ်ထောင်ရေးပဋိပက္ခတွေ ဖြစ်ရတတ်ပါတယ်။ တစ်ခုခုကို မတိုင်ပင်ဘဲလုပ်လိုက်ပြီးမှ ပြန်ပြောပြတာမျိုးထက် တစ်ခုခုလုပ်မယ်ဆို အိမ်ထောင်ဘက်ကို သေချာတိုင်ပင်ပြီးမှဆောင်ရွက်တာ က ပိုမိုအဆင်ပြေပါလိမ့်မယ်။

ဒါအပြင် အိမ်ထောင်ဘက် ကျန်းမာရေးညံ့လို့ ပြုစုရတာ စောင့်ရှောက်ရတာမျိုးတွေ လဲရှိလာတတ်ပါတယ်။ အသုံးအစွဲလျော့ပါ။ အိမ်မှာလိုအပ်တာတွေကို ဖြည့်ဆည်းပြီးမှ ပိုတာသုံးစွဲပါ။ ငွေကြေးနဲ့ ပတ်သက်ပြီး လင်မယားကြားပွင့်လင်းမြင်သာမှုရှိတယ် ဆိုရင်တော့ ဒီနှစ်က အိမ်ထောင်ရေးညံ့မည်မဟုတ်ပါ။

#ကျန်းမာရေး

ကျန်းမာရေးက ရောဂါထက် ထိခိုက်မိတာ၊ accident ဖြစ်တာ၊ ချော်လဲတာ ၊ စတဲ့ သွေးထွက်သံယိုကိစ္စတွေ သတိ ထားပါ။ အရင်ကတည်းက နှလုံးရောဂါသည်များ နှလုံးခုန် မမှန်တာမျိုးတွေ၊ နှလုံးထဲ စက်ထည့်ထားသူများ စက်ချို့ယွင်းတာတွေဖြစ်လွယ်ပါတယ်။

တတ်နိုင်သမျှ ဒီနှစ်ထဲ ဟိုဟိုဒီဒီသွားတာမျိုးတွေလျော့ ပါ။ အရွယ်ကြီးရင့်သူများ ခရီးပန်းပြီး အိပ်ရာထဲလဲတာမျိုး တွေဖြစ်တတ်ပါတယ်။ အေးအေးဆေးဆေးနေပါ။

စက်ပစ္စည်း၊ယန္တရားပစ္စည်းတွေကို လက်ပွန်းတသီး ကိုင်တွယ်အသုံးပြုနေသူများ နမော်နမဲ့လုပ်တာမျိုးတွေ ၊ စက်တွေကိုင်ပြီး အချင်းချင်းစနောက်တာမျိုးတွေ၊ ဆိုင်ကယ်၊ကားပြိုင်မောင်းတာမျိုးတွေ မလုပ်မိပါစေနဲ့။

#ပညာရေး

ပညာရေးမှာတော့ မညံ့ဘူးလို့ပြောရမှာပါပဲ။ ဒါပေမဲ့ တွက်စာပိုင်းအားလျော့နေတာကို တွေ့ရပါတယ်။ ကျက္မှတ်ရမဲ့ ကိစ္စတွေကို အားထည့်လုပ်နိုင်ပေမဲ့ သင်္ချာကဲ့ သို့ တွက်ချက်ရပြီဆို ရှန်းတာ၊ အာရုံမစိုက်နိုင်တာမျိုးတွေ အထူးကြုံရနိုင်ပါတယ်။ စိတ်ကူးဥာဏ်ကွန့်မှု အားနည်းတဲ့ နှစ်ပိုင်းမို့ ပညာရေးမှာတော့ ဝီရိယလျော့လို့မရတဲ့နှစ်ပါပဲ

#အနှစ်ချုပ်

ဒီနှစ်က အပြောင်းအလဲထက် တည်ငြိမ်မှုကို အားအဖြစ်ယူနိုင်ဖို့လိုပါတယ်။ တစ်နေရာရာ စီးပွားရှာတာ၊ မိသားစုအခြေချတာ ၊ လိုအပ်လို့ အိမ်ခြံမြေဝယ်တာ၊ ဆိုင်ဆောက်တာမျိုးတွေ အထူးကောင်းပါတယ်။ အိမ်ငှားစားသူများ

အိုးမကွာ၊ အိမ်မကွာလုပ်ရတဲ့ စီးပွားရေးများအဆင်ပြေ လာပါလိမ့်မယ်။ နိုင်ငံခြားမှာနေလို့ P.R လျှောက်ချင်သူတွေ /နိုင်ငံသားဖြစ် ခွင့်တောင်းခံတဲ့ကိစ္စတွေ အဆင်ပြေချောမွေနိုင်တာကို မြင်ရပါတယ်။

ဒီလိုနှစ်မျိုးမှာ သူများအထောက်အပံ့ကို တော့ သိပ်မမျှော်လင့်ပါနဲ့။ မိဘကပေးနိုး၊ အမွေရနိုး စတဲ့ မျှော်လင့်ချက်တွေကို အာရုံမထားလိုက်ပါနဲ့။ ရရင်ယူလိုက်ပါ။ မရရင် ရှိတာလေးနဲ့ တိုးတတ်ဖို့ လုပ်ပါ။

ငွေက ဒီနှစ် ဖြေးဖြေးမှန်မှန်ဝင်လိမ့်မယ်။ လောဘတက်လို့မရဘူး။ ရွှေဥတစ်လုံး နေ့စဥ်ဥပေးနေတာကို စိတ်ရှည်ဖို့လိုတယ်။ အမြတ်ကြမ်းချင်လို့ လောင်းကစားလုပ်တာ ဥပဒေနဲ့ မလွတ်ကင်းတာလုပ်မိရင် ဒုက္ခများသွားပါလိမ့်မယ်။နောက်ဆံုးမှာလိုတာက မိမိလုပ်နိုင်သလောက် ဇွဲနပဲ ထားပြီး တိုးတတ်အောင်ဆောင်ရွက်ပြီး အောင်မြင်မှုကို ရယူနိုင်ကြပါစေ။

# ယတြာ

မကြာခဏ ဓာတ်ခဲလေးတွေ လိုအပ်တဲ့နေရာ လှူပေးပါ။

ကျောင်းအလှူ၊သိမ်အလှူ၊အဆောက်အဦး အလှူတွေမှာ နိုင်သလောက် ငွေကြေးထည့်ဝင်လှူဒါန်းပါ။

ဘုရားရောက်တိုင်း သောကြာထောင့်မှာ သရဏဂုံ ၃ပါးနဲ့ နိုင်သလောက်ပုတီးစိပ်ပေးပါ

Crd- ဆရာ ငြိမ်းအေးလူ

Leave a Reply

Your email address will not be published.