မိသားစုအားပြဿနာရှာတဲ့သားဖြစ်သူကို ဖခင်အရင်းကသည်းမခံနိုင်တော့သဖြင့်… See more

Local News

မိသားစုအားပြဿနာရှာတဲ့သားဖြစ်သူကို ဖခင်အရင်းကသည်းမခံနိုင်တော့သဖြင့်… See more

အလုပ်မလုပ်စားဘဲ မိသားစုအား နည်းမျိုးစုံဖြင့် အကြိမ်ကြိမ် ပြသနာရှာရန်ပြုနေခဲ့သူ သားအရင်းကို ဖခင်ဖြစ်သူမှ ဒါးဖြင့် ခုတ်သတ်ခဲ့မှု ဇင်းကျိုက်တွင် ဖြစ်ပွားခဲ့သည်။ယမန်နေ့ညနေ ၆နာရီ ၄၀မိနစ်အချိန်က

ပေါင်မြို့နယ် ဇင်းကျိုက်မြို့ ခလောက်အင်းရပ်ကွက် နယ်မြေ၄ အောင်သစ္စာလမ်းတွင် နေထိုင်ပြီး လက်သမားလုပ်စားသူ ဦးအောင်ထိန် ဆိုသူမှ

သားအရင်းဖြစ်သူ ရဲမင်းပိုင်(၂၅ နှစ်)အားဒါးဖြင့်ခုတ်သတ်ခဲ့ခြင်းဖြစ်သည်။ဦးအောင်ထိန်၏ပြောပြချက်အရ သားဖြစ်သူသည်


မိသားစုထံ ပြသနာရှာပြီးငွေများတောင်းခံခဲ့ကြောင်း အလုပ်မလုပ်စားဘဲယခုကဲ့သို့ မိသားစုအားဒုက္ခပေးနေ၍ ၎င်းတောင်းသည့်ငွေအား မပေးခဲ့ကြောင်း တောင်းသည့်ငွေမပေးသဖြင့်

သေဆုံးသူက ဖခင်ကို လက်သီးဖြင့်ထိုးခဲ့ရာ နထင်စပ်၌ဖူးရောင်ဒဏ်ရာရခဲ့ကြောင်းယခင်ကလည်း ယခုကဲ့သို့အကြိမ်ကြိမ် ကျုးလွန်နေခဲ့ သောသားဖြစ်သူအား ဦးအောင်ထိန်မှ ဒါးရှည်တစ်လက်ဖြင့်ခုတ်လိုက်ရာ ဦးခေါင်းနှင်ပုခုံးတို့၌


ဒဏ်ရာများရရှိပြီး နေအိမ်ရှေ့လမ်းပေါ်တွင် ရဲမင်းပိုင်မှာ သေဆုံးသွားခဲ့ သည် ကိုတွေ့ရသည်။

အဆိုပါအမှုအား ဇင်းကျိုက်နယ်မြေရဲစခန်းမှ (ပ)၅၅ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ ဦးအောင်ထိန် ၆၂ နှစ် (ဘ)ဦးဆိုင်ခလောက်အင်းရပ်ကွက် ဇင်းကျိုက်မြို့နေသူကိုအမှုဖွင့်ဖမ်းဆီး အရေးယူထားသည်။

ဝရဇိန် ပေါင်Credit. Paung Daily

Leave a Reply

Your email address will not be published.