ခေါက်ဆွဲစက်ရုံ၌လူလိုကြောင်း ပြောကာ မိန်းမအလစ်တွင် ခယ်မကိုခေါ်၍ ဆိုင်ကယ်ပေါ်တင်ကာ… See more. ..

Local News

ခေါက်ဆွဲစက်ရုံ၌လူလိုကြောင်း ပြောကာ မိန်းမအလစ်တွင် ခယ်မကိုခေါ်၍ ဆိုင်ကယ်ပေါ်တင်ကာ… See more

ကောလင်းမြို့တွင် ခေါက်ဆွဲ စက်ရုံ၌ လူလိုကြောင်း ပြော၍ ခယ်မကို ခေါ် ဆောင်သွားကာ သားမယား ပြု ကျင့်ခဲ့သူကို ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်းရဲတပ်ဖွဲ့မှ သိရသည်။

ယမန်နေ့ညနေ ၆ နာရီ ခွဲအချိန်တွင် ကောလင်းမြို့၊ မင်းတဲကြီးရပ်ကွက်နေ အသက် ၃၉ နှစ် အရွယ် အမျိုးသမီး နေအိမ်တွင်ရှိနေစဉ် ခေါက်ဆွဲစက်၌ နေထိုင်အလုပ်လုပ်နေသူ သမီးတစ်ဦး၏ ခင်ပွန်း

ဖြိုးကိုကို(၂၄)နှစ် ရောက်ရှိလာပြီး ၎င်းတို့အလုပ်လုပ်နေသော ခေါက်ဆွဲစက်တွင် အလုပ်သမားလို၍ အသက် ၁၅ နှစ်အရွယ် သမီးကိုလာရောက်ခေါ်ဆောင်ခြင်းဖြစ်ကြောင်း ပြောဆိုသဖြင့်သမီးငယ်ကို ထည့်ပေးလိုက်သည်။

ည ၉ နာရီအချိန်ခန့်တွင် သမီးငယ်ထံမှ ဖုန်းဝင်လာပြီး ဖြိုးကိုကိုက ဆိုင်ကယ်ဖြင့် ခေါ်ဆောင်လာစဉ် ဒေါင်းမြူချောင်းအနီး စားသောက်ဆိုင်၌ ဖြိုးကိုကိုက

အရက်သောက်ကာ ၎င်းက ကြေးအိုးစားခဲ့ကြောင်း၊ ချောင်းကျော်လွန်ပြီးချိန်တွင် ချောင်းအနီးလယ်ကွင်းပြင်ရှိ လူမနေသောတဲသို့ ခေါ်ဆောင်သွားကာ

၎င်းအား အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ခဲ့သဖြင့် ထွက်ပြေးခဲ့ရသည်ဆိုကာ လာရောက်ခေါ်ဆောင်ရန် အမျိုးသားတစ်ဦး၏ ဖုန်းဖြင့် ဆက်သွယ်ပြောပြခဲ့သည်။

သမီးငယ်ကို တူ ၂ ဦးနှင့် သွားရောက်ခေါ်ယူခဲ့ရာ ကိုးတောင်ဘို့ ကားလမ်းမပေါ်တွင် ဖုန်းပိုင်ရှင်နှင့်အတူ စောင့်ဆိုင်းနေကြသည်ကို တွေ့ရသည်။

သမီးဖြစ်သူအားမေးမြန်းခဲ့ရာ ဖြိုးကိုကိုက ဒေါင်းမြူးချောင်းအလွန် လယ်ကွင်းကြားလမ်းအတိုင်း ဆိုင်ကယ်ကို မောင်းနှင်၍ လူမနေသောလယ်တဲသို့ အရောက် တဲပေါ်သို့ခေါ်ကာ

ခြိမ်းခြောက် သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း၊ အပေါ့သွားချင်ကြောင်း ပြောကာ ထွက်ပြေးခဲ့ရကြောင်း ပြောပြသိရသည်ဆိုကာ သက်ဆိုင်ရာသို့ နံနက် ၉ နာရီတွင် တိုင်ကြားခဲ့သည်။


Unicode

ခေါက်ဆွဲစက်ရုံ၌လူလိုကြောင်း ပြောကာ မိန်းမအလစ်တွင် ခယ်မကိုခေါ်၍ ဆိုင်ကယ်ပေါ်တင်ကာ… See more

ကောလင်းမြို့တွင် ခေါက်ဆွဲ စက်ရုံ၌ လူလိုကြောင်း ပြော၍ ခယ်မကို ခေါ် ဆောင်သွားကာ သားမယား ပြု ကျင့်ခဲ့သူကို ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်းရဲတပ်ဖွဲ့မှ သိရသည်။

ယမန်နေ့ညနေ ၆ နာရီ ခွဲအချိန်တွင် ကောလင်းမြို့၊ မင်းတဲကြီးရပ်ကွက်နေ အသက် ၃၉ နှစ် အရွယ် အမျိုးသမီး နေအိမ်တွင်ရှိနေစဉ် ခေါက်ဆွဲစက်၌ နေထိုင်အလုပ်လုပ်နေသူ သမီးတစ်ဦး၏ ခင်ပွန်း


ဖြိုးကိုကို(၂၄)နှစ် ရောက်ရှိလာပြီး ၎င်းတို့အလုပ်လုပ်နေသော ခေါက်ဆွဲစက်တွင် အလုပ်သမားလို၍ အသက် ၁၅ နှစ်အရွယ် သမီးကိုလာရောက်ခေါ်ဆောင်ခြင်းဖြစ်ကြောင်း ပြောဆိုသဖြင့်သမီးငယ်ကို ထည့်ပေးလိုက်သည်။

ည ၉ နာရီအချိန်ခန့်တွင် သမီးငယ်ထံမှ ဖုန်းဝင်လာပြီး ဖြိုးကိုကိုက ဆိုင်ကယ်ဖြင့် ခေါ်ဆောင်လာစဉ် ဒေါင်းမြူချောင်းအနီး စားသောက်ဆိုင်၌ ဖြိုးကိုကိုက

အရက်သောက်ကာ ၎င်းက ကြေးအိုးစားခဲ့ကြောင်း၊ ချောင်းကျော်လွန်ပြီးချိန်တွင် ချောင်းအနီးလယ်ကွင်းပြင်ရှိ လူမနေသောတဲသို့ ခေါ်ဆောင်သွားကာ


၎င်းအား အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ခဲ့သဖြင့် ထွက်ပြေးခဲ့ရသည်ဆိုကာ လာရောက်ခေါ်ဆောင်ရန် အမျိုးသားတစ်ဦး၏ ဖုန်းဖြင့် ဆက်သွယ်ပြောပြခဲ့သည်။

သမီးငယ်ကို တူ ၂ ဦးနှင့် သွားရောက်ခေါ်ယူခဲ့ရာ ကိုးတောင်ဘို့ ကားလမ်းမပေါ်တွင် ဖုန်းပိုင်ရှင်နှင့်အတူ စောင့်ဆိုင်းနေကြသည်ကို တွေ့ရသည်။

သမီးဖြစ်သူအားမေးမြန်းခဲ့ရာ ဖြိုးကိုကိုက ဒေါင်းမြူးချောင်းအလွန် လယ်ကွင်းကြားလမ်းအတိုင်း ဆိုင်ကယ်ကို မောင်းနှင်၍ လူမနေသောလယ်တဲသို့ အရောက် တဲပေါ်သို့ခေါ်ကာ


ခြိမ်းခြောက် သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း၊ အပေါ့သွားချင်ကြောင်း ပြောကာ ထွက်ပြေးခဲ့ရကြောင်း ပြောပြသိရသည်ဆိုကာ သက်ဆိုင်ရာသို့ နံနက် ၉ နာရီတွင် တိုင်ကြားခဲ့သည်။crd

Leave a Reply

Your email address will not be published.