တောထဲအိမ်သာတက်ဖို့သွားတဲ့ ညီအစ်မနှစ်ယောက်အနက်အစ်မရဲ့ရည်းစားကခိုးရာလိုက်ဖို့ခေါ်တာမလိုက်ရမလားဆိုပြီးSee more

Local News


မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် တကောင်းနယ်မြေရဲစခန်းအပိုင် အင်းနက်ကျေးရွာအုပ်စုတွင် အမျိုးသမီးငယ်နှစ်ဦး နာကျင်ဒဏ်ရာရရှိသူနှင့် သေဆုံးသူအကြောင်း သတင်းရရှိသည်။တရားလို ဦးပေါ်ရွှင်သည် ငါးချောင်းဒေါင့်ကျေးရွာ အခင်းတဲတွင် သမီးဖြစ်သူမ အငယ်လေး (ခ)မကေခိုင်ဖြိုး(၁၇)နှစ်၊

မသီရိအောင် (၁၂)နှစ်၊ သားဖြစ်သူ မျိုးခန့်(၁၀)နှစ်တို့နှင့် အတူ နေအိမ်တွင်ရှိနေစဉ် သမီးဖြစ်သူ မအငယ်လေး(ခ)မကေခိုင်ဖြိုးနှင့် မသီရိ အောင်တို့မှာ နေအိမ်အရှေ့ဘက် ပေ ၃၀ဝ ခန့်ရှိသည့် အခင်းတောအတွင်း အိမ်သာ တက်ရန် သွားရောက်ကြသည်။

ထိုသို့သွားရောက်နေစဉ် သမီးဖြစ်သူ မသီရိအောင်မှ “အဖေရယ်လာပါဦး လာပါဦး ကိုကိုဦးက ဓားနဲ့ထိုးသွားလို့ပါ”ဟု အော်ဟစ်ခေါ်သံကြားရ၍ တရားလိုမှ သမီး များရှိရာ သွာရောက်ခဲ့ရာလမ်းတွင်

သမီး ဖြစ်သူ မသီရိအောင်မှ ဦးခေါင်းနှင့် ယာ ဘက်လက်မောင်းတွင် ဓားဒဏ်ရာများဖြင့် တွေ့ရှိရပြီး သမီးအကြီးဖြစ်သူ မအငယ် လေး(ခ)မကေခိုင်ဖြိုးမှာ လည်ပင်းယာဘက် ဘေးတွင် ဓားထိုးသွင်းဒဏ်ရာ(၂)ချက်ဖြင့် အရှေ့အရပ် ဦးခေါင်းပြု၍ မှောက်လျက် အနေအထားဖြင့်ေ-သဆုံ-းနေသည်ကို တွေ့ ရှိရသည်။

ဖြစ်စဉ်အား သမီးဖြစ်သူ မသီရိအောင်အား မေးမြန်းကြည့်ရာ အစ်မဖြစ်သူမှာ တစ်ရွာတည်းနေ ကိုကိုဦးနှင့် ယခင်က တည်းက ချစ်ကြိုက်ခဲ့ကြကြောင်း၊ ကိုကို ဦးမှ အစ်မဖြစ်သူအား ခိုးရာလိုက်ခဲ့ရန် ခေါ်ဆောင်စဉ် အစ်မဖြစ်သူက မလိုက်နိုင် ကြောင်း ပြောရာမှ စကားများကြကြောင်း

ထိုသို့စကားများစဉ် ကိုကိုဦးမှ အစ်မဖြစ်သူ ၏ လည်ပင်းယာဘက်အား အသင့်ပါလာ သည့် ဓားမြှောင်ဦးချွန်းဖြင့် (၂)ချက်ထိုး လိုက်ရာ အစ်မဖြစ်သူမှာ လဲကျသွား သည်ကို တွေ့မြင်ရ၍ ဖခင်ဖြစ်သူအား အော်ဟစ်အကူအညီတောင်းခဲ့ကြောင်း၊ ထို အခါ ကိုကိုဦးမှ သမီးငယ်ကိုပါ ဓားဖြင့် လိုက်ထိုးခဲ့ရာ ဦးခေါင်းနှင့် ယာဘက်လက် မောင်းတို့တွင် ထိုးသွင်းဒဏ်ရာများ ရရှိခဲ့ကြောင်း သမီးဖြစ်သူ မသီရိအောင်က ပြောပြ၍ တရားလိုမှ သိရှိရသည်ဟုဆို၏။

အဆိုပါဖြစ်စဉ်အား တရားလိုဖခင်ဖြစ် သူမှ ငါးချောင်းဒေါင့်ကျေးရွာ တာဝန်ခံ ဦးစိုးမြင့်နိုင်ထံ သွားရောက်၍အကြောင်း ကြားခဲ့ရာ ကျေးရွာတာဝန်ခံမှတစ်ဆင့် ၄င်းအခင်းဖြစ်သည့် ည ၇ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် သက်ဆိုင်ရာ တကောင်းနယ်မြေရဲစခန်းသို့ ဆက်လက် သတင်းပေးပို့ အကြောင်းကြားခဲ့သည်။

အဆိုပါအကြောင်းကြားချက်အရ တ ကောင်း နယ်မြေရဲကင်းစခန်းမှ စခန်းမှူး ရဲအုပ် အောင်မျိုးမြင့်(ဦးစီး)အဖွဲ့တို့မှ အ ချိန်နှင့်တစ်ပြေးညီ သက်သေ ဦးစိုးမြင့်နိုင် ငါးချောင်းဒေါင့်ကျေးရွာတာဝန်ခံ ဦးမန်း လွင်၊ ရေလယ်ကျွန်းကျေးရွာ တာဝန်ခံ တို့နှင့်အတူ အခင်းဖြစ်စဉ်နေရာသို့ သွား ရောက်၍ စစ်ဆေးမှုဆောင်ရွက်ပြီး ပြစ်မှု ကျူးလွန်သူ ကိုကိုဦး(၂၅)နှစ်အား ဖမ်းဆီး ခဲ့သည်။

ဒဏ်ရာရရှိသူ မသိရိအောင်(၁၂)နှစ် အား ဆေးရုံတွင် ဆေးကုသမှုခံယူစေခဲ့ သည်။ ထို့နောက် သေဆုံးသူ မအငယ်လေး(ခ)မကေခိုင်ဖြိုး(၁၇)နှစ်၏ အလောင်းအား ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ တာဝန်ကျ ဆရာဝန်မှ လက်ခံစစ်ဆေးခဲ့သည်။အဆိုပါအမှုအား တကောင်းနယ် မြေရဲကင်းစခန်းမှ(ပ) ၇ ရာဇသတ် ကြီးပုဒ်မ ၃၀၂/ ၃၂၆ တို့ဖြင့် အမှုစစ် ရဲအုပ် အောင်မျိုးမြင့်မှ စစ်ဆေး၍ တရားစွဲ တင်ပို့နိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။

#နောင်နောင်(ထီးချိုင့်)

Crd

Leave a Reply

Your email address will not be published.